-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၉


မင်းကြီးခြောက်ပါး စစ်တိုက်ခြင်းငှာစည်းဝေး

ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန် တောင်တဘက်၊ မဟာပင်လယ် ကမ်းတလျှောက်လုံး၌၎င်း နေသောဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုး မင်းကြီးအပေါင်းတို့သည် သတင်းကြားသောအခါ၊ ယောရှုနှင့် ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ တညီတညွတ်တည်း စည်းဝေးကြ၏။


ဂိဗောင်မြို့သားတို့ ပရိယာယ်ပြု

ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့၌ ယောရှုပြုသော အမှုကို ကြားသောအခါ၊ ပရိယာယ်ပြု၍၊ သံတမန်လုပ်လျက်၊ မြည်းပေါ်မှာ ဟောင်းနွမ်းသော အိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲ ဖာပြင်သော စပျစ်ရည် သားရေဘူးတို့ကို ယူကြ၏။ ဟောင်းနွမ်း ဖာပြင်သော​ ခြေနင်းကိုစီး၍၊ ဟောင်းနွမ်းသော အဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊ ယောရှုရှိ ရာဂိလဂါလ တပ်သို့ ရောက်လာလျှင်၊ အ​ကျွန်ုပ်တို့သည် မိဿာဟာယ ဖွဲ့ခြင်းငှာ၊ ဝေးသောပြည်က လာကြပါသည်၊ ဟုယောရှုနှင့် ဣသရေလ လူတို့အားဆိုကြ၏။ ဣသရေလ အမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာ နေသည် မနေသည်ကို မသိနိုင်။ အဘယ်သို့ မိဿဟာယ ဖွဲ့နိုင်သနည်း၊ ဟုဟိဝိလူတို့အား ဆိုကြလျှင်၊ သူတို့က အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ်ပါ၏၊ ဟုယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သော သူနည်း။ အဘယ်အရပ်က လာကြသနည်း၊ ဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့် ကိုယ်တော် ကျွန်တို့သည် အလွန်ဝေးသော ပြည်က လာပါပြီ။ ထာဝရဘုရား၏ သတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊ ၁၀ ယော်ဒန်မြစ် အရှေ့ဘက်၌ နေသော အာမောရိမင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်၊ အာရှတရုတ်မြို့ မှာနေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို၎င်း ကြားပါပြီ။ ၁၁ ထိုကြောင့် အ​ကျွန်ုပ်တို့၌ အသက် ကြီးသောသူတို့နှင့် ပြည်သူနှင့် ပြည်သား အပေါင်းတို့က၊ လမ်းခရီးရိက္ခာကိုယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှာ သွားကြလော့၊ ငါတို့ သည် သူတို့၏ ကျွန်ဖြစ်ကြောင်းနှင့် မိဿာယ ဖွဲ့ရပါမည်အကြောင်းကို လျှောက်ထားကြလော့၊ ဟုမှာလိုက်ပါပြီ။ ၁၂ ကိုယ်တော်ထံသို့ ရောက်အံ့သောငှာ ထွက်လာသောနေ့၌ ခရီးရိက္ခာဖို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက်လျက် မှိုတက်လျက်ရှိပါသည်။ ၁၃ စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက် ရှိပါ၏။ ဤအဝတ် ဤ​ခြေနင်း တို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီ၊ ဟုပြန်လျှောက်ကြ၏။


ထာ၀ရဘုရား ခွင့်မပန်ဘဲ မိဿဟာယဖွဲ့

၁၄ ဣသရေလ လူတို့သည် ထာဝရဘုရား ထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ ရိက္ခာကို စားကြ၏။ ၁၅ ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့် လွတ်စေ၍၊ အသက် ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။ ၁၆ မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာ နေကြောင်းကို ဣသရေလ အမျိုးသားတို့သည် ကြားသိလျှင်၊ ၁၇ ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။ ၁၈ ပရိသတ် အကဲအမှူးတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလ အမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ် အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။ ၁၉ အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။ ၂၀ သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ ၂၁ အကဲအမှူးများ ဂတိရှိသည့်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ် အပေါင်းတို့အဖို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်၊ ဟုပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။


ဂိဗေါင်လူတို့ကို ကျွန်ပြု

၂၂ ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာ နေလျက်ပင်၊ ဝေးသော အရပ်ကလာပါပြီ၊ ဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသနည်း။ ၂၃ ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သဖြင့်၊ ​ကျွန်ခံ၍ ငါ၏ ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှ မလွတ်ရ၊ ဟုဆို၏။ ၂၄ သူတို့ကလည်း၊ ဤပြည် တလျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူ ပြည်သား အပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မိမိ​ကျွန် မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်​ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန် ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။ ၂၅ ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ​ကျွန်တော်တို့၌ ပြုကောင်း ပြုသင့်သည်၊ ဟုစိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါ၊ ဟုယောရှုအား ပြန်လျှောက်ကြ၏။ ၂၆ ထိုသို့နှင့်အညီ ယောရှုသည်ပြု၍၊ သူတို့ကို အသက် ချမ်းသာစေခြင်းငှာ၊ ဣသရေလ လူတို့လက်မှ ကယ်နှုတ်သဖြင့်၊ ၂၇ ထာဝရဘုရား ရွေးကောက် တော်မူသောအရပ်၌ တည်သော ယဇ်ပလ္လင်တော်အဖို့ နှင့် ပရိသတ်တော်အဖို့၊ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.