-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၄

ယောဒန်မြစ်ထဲမှကျောက် (၁၂) လုံး

လူအပါင်းတို့သည် တစ်ယောက်မျှ မကြွင်း ယော်ဒန်မြစ်ကို ကူးကြပြီးမှ ထာဝရဘုရားက၊ လူများတို့တွင် တမျိုးတစ်ယောက်စီ၊ လူ တစ်ဆယ့်နှစ်ယောက်ကို ရွေးကောက်၍၊ သူတို့သည် ယော်ဒန်မြစ်အလယ်၊ ယဇ်ပုရောဟိတ်တို့ မြဲမြံစွာနင်းရာ၊ ဤအရပ်ထဲက ကျောက် တစ်ဆယ့်နှစ်လုံးကို ယူပြီးလျှင် ထမ်းသွား၍၊ ယနေ့ည စခန်းချရာအရပ်၌ ထားရမည်အကြောင်း ဆင့်ဆိုလော့၊ ဟုယောရှုအား မိန့်တော်မှုသည်အတိုင်း၊ ယောရှုသည် ခန့်ထားနှင့်သော ဣသရေလ အမျိုး တမျိုး တစ်ယောက်စီ၊ လူ တစ်ဆယ့်နှစ်ယောက်ကို ခေါ်၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၊ ယော်ဒန်မြစ် အလယ်သို့ ကူးသွား၍၊ ဣသရလ အမျိုးအရေ အတွက်အတိုင်း၊ လူတစ်ယောက် ကျောက်တလုံးစီ ယူ၍ ထမ်းသွားကြလော့။ သို့ပြုလျှင် သက်သေကို ရကြလိမ့်မည်။ နောင်ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ်သို့ ဆိုလိုသနည်း၊ ဟုမေးမြန်းလျှင်၊ သင်တို့က၊ ထာဝရဘုရား၏ သေတ္တာတော်သည် ယော်ဒန်မြစ်ကို ကူးသောအခါ၊ သေတ္တာတော်ရှေ့မှာ မြစ်ရေ ပြတ်လေသည်၊ ဟုပြန်ပြောရကြမည်။ ထိုသို့ ဤကျောက်တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့စရာဖို့ ဖြစ်ကြလိမ့်မည်၊ ဟုယောရှု မှာထားသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ပြုကြ၏။ ထာဝရဘုရားသည် ယောရှုအား မိန့်တော်မှုသည်နှင့် အညီ၊ ဣသရေလ အမျိုးအရေ အတွက်အတိုင်း၊ ယော်ဒန်မြစ်ထဲက ကျောက် တစ်ဆယ့်နှစ်လုံးကို ယူပြီးမှ၊ စခန်းချရာအရပ်သို့ ထမ်းသွား၍ ထားကြ၏။ တဖန်တုံ၊ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရာဟိတ်တို့ နင်းရာအရပ် ယော်ဒန်မြစ်အလယ်၌ ကျောက်တစ်ဆယ့် နှစ်လုံးကို ယောရှုသည် စိုက်ထား၍ ယနေ့တိုင်အောင် ရှိကြ၏။


ယောဒန်မြစ်ကူးကြ

၁၀ ယောရှုသည် မောရှေမှာ ထားသည်အတိုင်း၊ လူများတို့အား ဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကုန်အစင်ပြုသည်တိုင်အောင် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ် အလယ်၌ ရပ်နေကြ၏။ လူများတို့သည် ကြိုးစား၍ ကူးကြ၏။ ၁၁ လူများအပေါင်းတို့သည် အကုန်အစင် ကူးကြပြီးမှ၊ ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ယဇ်ပုရောဟိတ်တို့သည် လူများ မျက်မှောက်တွင် ကူးကြ၏။ ၁၂ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေ အမျိုးသား တဝက်တို့သည် မောရှေမှာခဲ့သည်အတိုင်း လက်နက်ကို စွဲကိုင်၍၊ ဣသရေလ အမျိုးသားတို့ရှေ့မှာ ကူးသွားကြ၏။ ၁၃ ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။


ဘုရားက ယောရှုကိုချီးမြှင့်

၁၄ ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလ အမျိုးသား အပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက် တည်သည့် ကာလပတ်လုံး ကြောက်ရွံ့ကြ၏။


ယဇ်ပုရောဟိတ်များ ယောဒန်မြစ်ထဲမှတက်

၁၅ တဖန်ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်ထဲက တက်လာရမည်အကြောင်း ဆင့်ဆိုလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၁၇ ယော်ဒန်မြစ်ထဲက တက်လာကြလော့၊ ဟုယဇ်ပုရောတိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။ ၁၈ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကိုထမ်းသော ယဇ်ပုရာဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲက တက်လာ၍​ ခြေဖဝါးတို့သည် ကုန်းကို နင်းမိကြသောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတလျှောက်လုံးကို လျှံလျက်နေ၏။


ယောဒန်မြစ်ထဲမှတက်၍ ဂိလဂါလ၌ တပ်ချ
CROSS REFERENCES






၁၉ ပဌမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့ အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ ၂၀ ယော်ဒန်မြစ်ထဲက ထုတ်ယူသော ကျောက်တစ်ဆယ့် နှစ်လုံးကို ယောရှုသည် ဂိလဂါလအရပ်၌ စိုက်ထား၏။ ၂၁ ဣသရေလ အမျိုးသားတို့အားလည်း၊ နောင်ကာလ၌ သင်တို့၏ သားသမီးတို့က၊ ဤကျောက်တို့သည် အဘယ် သို့ဆိုလိုသနည်း၊ ဟုအဘတို့အား မေးမြန်းလျှင်၊ ၂၂ သင်တို့က၊ ဣသရလလူတို့သည် မြေပေါ်မှာ လျှောက်သကဲ့သို့ ဤယောဒန်မြစ်ကို ကူးလာကြသည်၊ ဟုသားသမီးတို့အား ကြားပြောရကြမည်။ ၂၃ ထာဝရဘုရားသည် တန်ခိုး ကြီးတော်မူသည်ကို မြေကြီးသား အပေါင်းတို့သည် သိကြမည် အကြောင်းနှင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို သင်တို့သည် အစဉ်အမြဲ ကြောက်ရွံ့ရမည် အကြောင်း၊ [A] ငါတို့သည် ပင်လယ်နီကိုကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင်အောင်၊ ၂၄ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ငါတို့ရှေ့မှာ ပင်လယ်ရေကို ခန်း​ခြောက် စေတော်မူသည်နည်းတူ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ကမ်းတဘက်သို့ မရောက်မှီတိုင်အောင်၊ သင်တို့ရှေ့မှာ မြစ်ရေကို ခန်း​ခြောက် စေတော်မူသည်၊ ဟုယောရှု မှာထားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.