-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၂၂


ယောရှုကရုဗင်၊ ဂဒ်၊ မနာရှေအမျိုးတဝက်ကို ပြန်ခိုင်း

တဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့ကို ခေါ်၍၊ ထာဝရဘုရား၏​ကျွန် မောရှေမှာ ထားသမျှအတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကားကိုလည်း နားထောင်ကြပြီ။ ယနေ့တိုင်အောင် ကြာမြင့်စွာသော ကာလပတ်လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာ ထားတော်မူသမျှကို စောင့်ရှောက်ကြ၏။ ယခုမှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်း အခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ် တဘက်၌ ထာဝရဘုရား၏ ကျွန်မောရှေ ပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့၎င်း သွားကြလော့။ သို့ရာတွင် ထာဝရဘုရား၏ ကျွန်မောရှေ မှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော် အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာ ကြိုးစား၍ သတိပြုကြလော့၊ ဟုမှာထားလျက်၊ ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။ မနာရှေအမျိုး တဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကို ပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ် အနောက်ဘက်၌ သူတို့ညီအစ်ကို များနှင့်အတူ မြေကိုပေး၏။ ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာ ရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ​ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့၊ ဟုမှာထားလျက်၊ ကောင်းကြီးပေး၍ သူတို့ နေရာအိမ်သို့ လွှတ်လိုက်လေ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွားခြင်းငှာ၊ ဣသရေလ အမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလောမှ ထွက်သွားကြ၏။


ရုဗင်၊ ဂဒ်နှင့်မနာရှေတို့ ယဇ်ပလ္လင်တည်

၁၀ ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုး တဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။ ၁၁ ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလ အမျိုးသား ကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီ၊ ဟုဣသရေလ အမျိုးသားတို့သည် သတင်းကြားကြ၏။ ၁၂ ထိုသတင်းကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည် စစ်ချီခြင်းငှာ၊ ရှိလော၌ စည်းဝေးကြ၏။ ၁၃ ဣသရေလ အမျိုးသားတို့သည် ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလ အမျိုး အသီးအသီးတို့ အထဲက ရွေးကောက်၍၊ ၁၄ လူတစ်ထောင်ကို အုပ်သော အဆွေအမျိုး သူကြီး ဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။ ၁၅ ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ ရောက်၍၊ ၁၆ ထာဝရဘုရား၏ ပရိသတ် အပေါင်းတို့မှာ လိုက်သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရား နောက်တော်သို့ မလိုက်၊ ယနေ့လွှဲသွားခြင်းငှာ ဣသရေလ အမျိုး၏ ဘုရားသခင်ကို ပြစ်မှားသော အပြစ်ကား အဘယ်သို့နည်း။ ၁၇ သင်တို့သည် ထာဝရဘုရား နောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဖို့ မလောက်သလော။ ထာဝရဘုရား၏ ပရိသတ်တော်၌ ဘေးကြီး ရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး။ ၁၈ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ် အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။ ၁၉ သို့သော်လည်း သင်တို့ အပိုင်ရသော မြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာ မြေကို ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော် မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဖို့ တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။ ၂၀ ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလ အမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူသည် ပြစ်မှားသော အပြစ်ကြောင့် တစ်ယောက်တည်းသာ သေရသည် မဟုတ်၊ ဟုဆိုကြ၏။


သားမြေးများအကြား သက်သေဖြစ်ရန် ယဇ်ပလ္လင်တည်

၂၁ ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်တို့သည် ဣသရေလ အမျိုးတွင် လူတစ်ထောင်စီ အုပ်သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊ ၂၂ မြတ်စွာ ဘုရားသခင် ထာဝရဘုရား၊ မြတ်စွာ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလ အမျိုးလည်း ကိုယ်တိုင် သိရလိမ့်မည်။ ပုန်ကန်မည် အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည် အကြံရှိ၍၊ ထာဝရဘုရား နောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှာ၊ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ဘေး မလွတ်ပါစေနှင့်။ ၂၃ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ်ကြောတော်မူပါစေ။ ၂၄ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ၂၅ ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြ၊ ဟုငါတို့သားမြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့ သားမြေးတို့သည် ပြုကြမည်၊ ဟုစိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။ ၂၆ သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှာ ပြင်ကြကုန်အံ့၊ ဟုဆိုကြသောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်မည် အကြံရှိသည်မဟုတ်။ ၂၇ ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာ အမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရား အမှုကိုရှေ့တော်၌ ဆောင်ရွက်ခြင်းငှာ၎င်း၊ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြ၊ ဟုငါတို့သားမြေးတို့အား မပြောစေခြင်းငှာ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့ သားမြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်ကြပါပြီ။ ၂၈ နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သားမြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှာ မဟုတ်၊ ငါတို့နှင့် သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြလော့၊ ဟုပြန်ပြောစရာအကြောင်း ရှိစေခြင်းငှာ ငါတို့သည် တိုင်ပင်ကြပြီ။ ၂၉ တဲတော်ရှေ့၌ ရှိသော ငါတို့ ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော် မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့ မလိုက်လွှဲသွားခြင်း အမှုသည် ငါတို့နှင့် ဝေးပါစေသော်၊ ဟုပြန်ပြောကြ၏။


စစ်မဖြစ်ဘဲ ဝမ်းမြောက်ကြ
CROSS REFERENCES






၃၀ ယဇ်ပုရောဟိတ် ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလ အမျိုး၌ လူတစ်ထောင်စီ အုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ၏။ ၃၁ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကလည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသောကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်းကို ယနေ့ ငါတို့ သိမြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရား လက်တော်မှ ယခု ကယ်လွှတ်ကြပြီ၊ ဟုရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးသားတို့အား ပြောဆိုကြ၏။ ၃၂ ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသား တို့နေရာ ဂိလဒ်ပြည်မှ ဣသရေလ အမျိုးသား နေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သတင်းကြားပြောသဖြင့်၊ ၃၃ ဣသရေလ အမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ [A] နောက်တဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသား တို့နေသော ပြည်ကို လုပ်ကြံအံ့သောငှာ စစ်ချီမည်၊ ဟုအကြံမရှိကြ။ ၃၄ ရုဗင်အမျိုး၊ ဂဒ်အမျိုးသား တို့ကလည်း၊ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို ဤယဇ်ပလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသော်၊ ဟုဆိုလျက် ထိုပလ္လင်ကို ဧဒ အမည်ဖြင့် မှည့်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.