-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၈


ယောရှုက အမျိုး (၇) မျိုးကို နယ်မြေစူးစမ်းခိုင်း

ဣသရေလအမျိုး ပရိသတ် အပေါင်းတို့သည်၊ ရှိလောမှာ စည်းဝေး၍ ပရိသတ် စည်းဝေးရာ တဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တပြည်လုံး နှိမ့်ချလျက်ရှိ၏။ ထိုအခါ ဣသရေလ အမျိုး ခုနစ်မျိုးတို့သည်၊ အမွေမြေကို မခံရသေးသည် ဖြစ်၍၊ ယောရှုက၊ သင်တို့ ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှ ကာလပတ်လုံး နေကြလိမ့်မည်နည်း။ သင်တို့တွင် အမျိုးတမျိုးလျှင် လူသုံးယောက်စီ ရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တပြည်လုံးသို့ ထသွား၍ အမွေ ခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ ပြန်လာရကြမည်။ သူတို့သည် ပြည်ကို ခုနစ်ပိုင်း ပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက် မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက် မိမိနေရာ၌ နေရမည်။ ပြည်ကို ခုနစ်ပိုင်းပိုင်းခြားပြီးမှ ပြည်ပုံကို ငါ့ထံသို့ ဆောင်ခဲ့၍၊ ငါတို့ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ သင်တို့အဖို့ စာရေး တံပြုမည်။ လေဝိသားတို့သည် သင်တို့နှင့် ရော၍ အဖို့ကို မယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် အရာသည် သူတို့အမွေ ဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေ အမျိုးတဝက်တို့သည် ယော်ဒန်မြစ် အရှေ့ဘက် ထာဝရဘုရား၏ ​ကျွန်မောရှေ ပေးသည် အတိုင်း၊ အမွေမြေကို ခံယူကြပြီ၊ ဟုဣသရေလ လူတို့အား ပြောဆို၏။ ထိုလူတို့သည် ထ၍ သွားသဖြင့်၊ ယောရှုကလည်း၊ တပြည်လုံးသို့ လျှောက်၍ ရေးသားပြီးလျှင် ငါ့ထံသို့ ပြန်လာကြလော့။ ရှိလောမှာ ထာဝရဘုရား ရှေ့တော်၌ သင်တို့အဖို့ စာရေးတံ ပြုမည်၊ ဟုပြည်ပုံကို ရေးသားခြင်းငှာ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊ သူတို့သည် တပြည်လုံးသို့ လျှောက်သွားသဖြင့်၊ မြို့ရွာရှိသည် အတိုင်းစာ၌ ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။ ၁၀ ယောရှုသည် ရှိလောမှာ ထာဝရဘုရား ရှေ့တော်၌ စာရေးတံပြု၍ ဣသရေလ အမျိုးသား အသီးသီးတို့အား မြေကိုပိုင်းခြားလေ၏။


ဗင်္ယာမိန် အမျိုးရသောမြေ

၁၁ ဗင်္ယာမိန် အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုး သားတို့ စပ်ကြားမှာကျ၏။ ၁၂ မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှ ထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌၎င်း၊ အနောက်ဘက် တောင်ပေါ်၌၎င်း၊ လျှောက်လျက် ဗေသဝင်တောသို့ ထွက်သွား၏။ ၁၃ တဖန်တောင် မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ လျှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသော တောင်​ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊ ၁၄ ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ် မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက် အပိုင်းအခြားတည်း။ ၁၅ တောင်ဘက် အပိုင်းအခြားသည် ကိရယတ်ယာရိမ် မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊ ၁၆ ဟိန္နုံသား၏ ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့် မြောက်ဘက်၌ ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့ တောင်ဘက်ဟိန္နုံ ချိုင့်သို့၎င်း၊ အင်္ရောဂေလရွာသို့၎င်း၊ ၁၇ မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့၎င်း၊ အဒုမ္မမ် ကုန်းတဘက် ဂေလိလုတ်ရွာသို့၎င်း၊ ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း၊ ရောက်လေ၏။ ၁၈ တဖန် အရာဗမြို့ မြောက်မျက်နှာ တဘက် လွင်ပြင်နားမှာ လျှောက်၍ အရာဗမြို့သို့ ရောက်သဖြင့်၊ ၁၉ ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာ လျှောက်၍ သောဒုံအိုင် မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက် အပိုင်းအခြားတည်း။ ၂၀ ယော်ဒန်မြစ်သည် အရှေ့ဘက် ပိုင်းခြားလျက်ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန် အမျိုးသားတို့သည် အဆွေ အမျိုးအလိုက် အမွေခံရသော မြေနယ်ဖြစ်သတည်း။ ၂၁ ဗင်္ယာမိန် အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊ ၂၂ ဗေသရာမြို့၊ ဇေမရိပ်မြို့၊ ဗေသလမြို့၊ ၂၃ အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊ ၂၄ ခေဖါဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။ ၂၅ ထိုမှတပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊ ၂၆ မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊ ၂၇ ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊ ၂၈ ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့ တည်းဟူသော ယေဗုသိမြို့၊ ဂိဗက်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ့်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုး သားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.