-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၇


အာခန် အပြစ်ကြောင့် စစ်ရှုံး
CROSS REFERENCES






သို့ရာတွင် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်သည်၊ ကျိန်အပ်သောအရာကို သိမ်းယူ၍ ထိုအရာအားဖြင့် ဣသရေလ အမျိုးသားတို့သည် ပြစ်မှားသော အပြစ်ရှိသောကြောင့်၊ ထာဝရဘုရားသည် သူတို့၌ အမျက်ထွက်တော်မူ၏။ ယောရှုသည်လည်း၊ ယေရိခေါမြို့မှ လူတို့ကို စေလွှတ်၍၊ သင်တို့သည် ဗေသလမြို့အရှေ့၊ ဗေသဝင်မြို့ အနားမှာရှိသော အာဣမြို့သို့ သွား၍ ထိုပြည်ကို ကြည့်ရှုကြလော့၊ ဟုမှာထားသည်အတိုင်း သူတို့သည် သွား၍၊ အာဣမြို့ကို ကြည့်ရှုပြီးလျှင်။ ယောရှုထံသို့ ပြန်လာ၍၊ ဤလူတို့ကို အကုန်အစင် မသွားပါစေနှင့်။ လူနှစ်ထောင် သုံးထောင်လောက် သွား၍ အာဣမြို့ကို လုပ်ကြံပါစေ။ ထိုမြို့သို့ သွားရာတွင် ဤလူအပေါင်းတို့ကို မပင်ပန်းပါစေနှင့်။ မြို့သားတို့သည် မများပါ၊ ဟုလျှောက်သည်နှင့် အညီ၊ လူသုံးထောင်ခန့်မျှ ချီသွား၍ အာဣမြို့သားတို့သည် ရှေ့မှာပြေးကြ၏။ အာဣမြို့သားတို့သည် လူသုံးဆယ် ​ခြောက်ယောက်တို့ကို သတ်ကြ၏။ မြို့တံခါးမှသည် ရှေဗရိပ် အရပ်တိုင်အောင် လိုက်၍၊ ထိုအရပ်၌ ဆင်းရာတွင် လုပ်ကြံကြသောကြောင့်၊ လူများတို့၏ စိတ်နှလုံးသည် အရည်ပျော်ကုန်၍ ရေကဲ့သို့ ဖြစ်လေ၏။ [A]


ယောရှုဆုတောင်း

ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလ အမျိုး အသက်ကြီး သူတို့နှင့်တကွ၊ မိမိတို့ခေါင်းပေါ်၌ မြေမှုန့်ကို တင်၍ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။ ယောရှုကလည်း၊ အိုအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူအပေါင်းတို့ကို အာမောရိ လူတို့လက်သို့ အပ်၍ ဖျက်ဆီးစေခြင်းငှာ ယော်ဒန်မြစ် တဘက်သို့ အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ အ​ကျွန်ုပ်တို့သည် ရောင့်ရဲသော စိတ်ရှိ၍ ယော်ဒန်မြစ် အရှေ့ဘက်၌ နေကြပါစေသော်။ အိုဘုရားရှင်၊ ဣသရေလ အမျိုးသားတို့သည် ရန်သူတို့ ရှေ့မှာ ကျောကို လှည့်ရကြသည်ဖြစ်၍ အ​ကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။ ခါနနိလူ အစရှိသော ဤပြည်သူ ပြည်သား အပေါင်းတို့သည် ထိုသတင်းကိုကြားလျှင်၊ အ​ကျွန်ုပ်တို့ကို ဝိုင်း၍ အ​ကျွန်ုပ်တို့၏ နာမည်ကို မြေကြီးမှ ပယ်ရှင်းကြပါလိမ့်မည်။ ကိုယ်တော်သည် ကြီးမြတ်သော နာမတော်အဖို့ အလိုငှာ အဘယ်သို့ ပြုတော်မူမည်နည်း၊ ဟုလျှောက်ဆို၏။


ကျိန်အပ်သော အရာကိုပယ်ဖို့
CROSS REFERENCES






၁၀ ထာဝရဘုရားကလည်း၊ ထလော့။ အဘယ်ကြောင့် ဝပ်၍နေသနည်း။ ၁၁ ဣသရေလ အမျိုးသည် ပြစ်မှားပြီ။ ငါမှာထားသော ပဋိညာဉ်တရားကို ဖျက်လေပြီ။ ကျိန်အပ်သော အရာကို ခိုးယူ၍၊ ပရိယာယ်ပြုသဖြင့် မိမိဥစ္စာထဲမှာ ထားလေပြီ။၁၂ ထိုသို့ ဣသရေလ အမျိုးသားတို့သည် ကျိန်အပ်သောသူ ဖြစ်သောကြောင့်၊ ရန်သူတို့ ရှေ့မှာ မခံမရပ်နိုင်၊ ကျောကို လှည့်ရကြ၏။ ကျိန်အပ်သော သူကို သင်တို့အထဲက မပယ်မရှင်းလျှင် သင်တို့နှင့်အတူ ငါမနေ။ [B] ၁၃ ထ၍ လူများတို့ကို သန့်ရှင်းစေလော့။ နက်ဖြန်နေ့အဖို့ ကိုယ်ကိုကိုယ် သန့်ရှင်းစေကြ၊ ဟုဆင့်ဆိုလော့။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုး၊ ကျိန်အပ်သော အရာသည် သင်တို့အထဲ၌ ရှိ၏။ ထိုအရာကို သင်တို့အထဲက မပယ်မရှင်းမှီ တိုင်အောင်၊ ရန်သူတို့ရှေ့မှာ မခံမရပ်နိုင်ကြ။


ထာ၀ရဘုရား မှတ်တော်မူသောသူကို မီးရှို့ရမည်

၁၄ နက်ဖြန်နံနက်၌ သင်တို့သည် အမျိုးအနွယ်အလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသော အမျိုးသည်၊ အဆွေအမျိုးအလိုက် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသော အဆွေအမျိုးသည်၊ အိမ်ထောင်စုံနှင့် ချဉ်းကပ်ရကြမည်။ ထာဝရဘုရား မှတ်တော်မူသော အိမ်ထောင်သည် လူအသီးအသီး ချဉ်းကပ်ရကြမည်။ ၁၅ ကျိန်အပ်သော အရာ ပါလျက် မှတ်တော်မူသောသူ မှစ၍၊ သူ၌ ရှိသမျှတို့ကို မီးရှို့ရကြမည်။ အကြောင်းမူကား၊ သူသည် ထာဝရဘုရား၏ ပဋိညာဉ်တရားကို ဖျက်၍ ဣသရေလ အမျိုး၌ အဓမ္မအမှုကို ပြုလေပြီ၊ ဟုယောရှုအား မိန့်တော်မူ၏။


အပြစ်လုပ်သူအာခန်ကို ဘုရားကမှတ်

၁၆ နံနက် စောစော ယောရှုသည်ထ၍ ဣသရေလလူတို့ကို အမျိုးအနွယ် အလိုက် ဆောင်ခဲ့သဖြင့်၊ ယုဒအမျိုးကို မှတ်တော်မူ၏။ ၁၇ ယုဒအမျိုးကို ဆောင်ခဲ့သဖြင့်၊ ဇေရိ အဆွေအမျိုးကို မှတ်တော်မူ၏။ ဇေရိ အဆွေအမျိုး အိမ်ထောင်စုံ အသီးသီးတို့ကို ဆောင်ခဲ့သဖြင့် ဇာဗဒိ အိမ်ထောင်ကို မှတ်တော်မူ၏။ ၁၈ ထိုအိမ်ထောင်လူ အသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။


အာခန်အပြစ်လုယူသော ဥစ္စာများယူ

၁၉ ယောရှုကလည်း၊ ငါ့သား၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်း၍ ရှေ့တော်၌ ကိုယ်အပြစ်ကို ဖော်ပြ တောင်းပန်ပါလော့။ သင်ပြုမိသော အမှုကို ငါ့အားပြောပါလော့။ ဝှက်၍ မထားပါနှင့်၊ ဟုအာခန်အားဆိုလျှင် ၂၀ အာခန်က၊ ဟုတ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ​ကျွန်တော် ပြစ်မှားပါပြီ။ ​ကျွန်တော် ပြုမိသော အမှုဟူမူကား၊ ၂၁ လုယူသော ဥစ္စာတို့တွင် မြတ်သော ဗာဗုလုန်ဝတ်လုံ၊ ငွေနှစ်ပိဿာ၊ ရွှေတုံးအကျပ် ငါးဆယ်ကို ​ကျွန်တော်မြင်သဖြင့်၊ တပ်မက်၍ သိမ်းယူမိပါပြီ။ ​ကျွန်တော်တဲအတွင်း မြေ၌ မြှုပ်လျက် ငွေသည် အောက်ဆုံးရှိပါသည်၊ ဟုယောရှုအား ပြန်လျှောက်လေ၏။


အာခန်နှင့် မိသားစုကို ခဲပေါက်၍မီးရှို့

၂၂ ထိုအခါ ယောရှု စေလွှတ်သောသူတို့သည် တဲသို့ပြေး၍ ထိုဥစ္စာသည် တဲအတွင်းမြေ၌ မြှုပ်လျက်၊ ငွေသည် အောက်ဆုံး၌ ရှိသည်ကိုတွေ့သော်၊ ၂၃ တဲထဲက ထုတ်၍ ယောရှုထံ ဣသရေလ အမျိုးသားများ ရှေ့သို့ ဆောင်သွားသဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ဓားကြ၏။ ၂၄ ယောရှုနှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ ဇေရသား အာခန်မှစ၍ ထိုငွေ၊ ဝတ်လုံ၊ ရွှေတုံး၊ သားသမီး၊ သိုးနွားမြည်း၊ တဲနှင့်တကွ သူ၌ ရှိသမျှတို့ကို အာခေါ်ချိုင့်သို့ ဆောင်သွားပြီးမှ၊ ၂၅ ယောရှုက၊ ငါတို့ကို အဘယ်ကြောင့် နှောင့်ယှက်သနည်း။ ယနေ့ ထာဝရဘုရားသည် သင့်ကို နှောင့်ယှက်တော်မူမည်၊ ဟုဆိုသဖြင့်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြ၏။ ၂၆ ကျောက်ခဲနှင့် ပစ်ကြပြီးမှ၊ မီးရှို့ကြ၏။ သူ့အပေါ်၌ များစွာသော ကျောက်တို့ကို ပုံထားကြ၍ ယနေ့တိုင်အောင်ရှိ၏။ ထာဝရဘုရားသည်လည်း အမျက်တော် အရှိန်ကို ငြိမ်းစေတော်မူ၏။ ထိုအမှုကို အစွဲပြု၍ ထိုချိုင့်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်၊ ဟုခေါ်ဝေါ်ကြသတည်း။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.