-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၃


ထာ၀ရဘုရားက ယောရှုအား အမွေပေးဖို့ပြော

ယောရှုသည်အို၍ အသက် ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည်အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။ ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည် တလျှောက်လုံး အဲဂုတ္တုပြည် အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက်မျက်နှာ၌ ဧကြုန် မြို့နယ်တိုင်အောင်၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်းငါးပါးတည်းဟူသော ဂါဇာသိလူ၊ အာဇောတိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊ တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက်မြို့တိုင်အောင်၊ ခါနနိပြည် တလျှောက်လုံးနှင့် ဇိဒုန် ပြည်အနားမှာရှိသော မာရာပြည်၊ နေထွက်ရာဘက်၊ ဟေရမုန်တောင်​ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည် အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တလျှောက်လုံး ကျန်သတည်း။ လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင်အောင်၊ တောင်ပေါ်၌ နေသောသူနှင့် ဇိဒေါနိလူ အပေါင်းတို့ကို ဣသရေလ အမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေဝေဖန်လော့။ ယခုမှာ ဤပြည်ကို ဣသရေလ အမျိုးကိုးမျိုးနှင့် မနာရှေ အမျိုးတဝက်တို့အား အမွေဝေဖန်လော့။ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေ ပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီ၊ ဟုမိန့်တော်မူ၏။


မောရှေပေးသောမြေများ

ထာဝရဘုရား၏ကျွန် မောရှေပေးသော မြေဟူမူကား၊ အာနုန်မြစ်နား၌ ရှိသောအာရော်မြို့၊ မြစ်အကွေ့ ၌ ရှိသမျှသော မြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင် တလျှောက်လုံး၊ ၁၀ အမ္မုန် ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့ ၌ မင်းပြုသော အာမောရိ ရှင်ဘုရင် ရှိဟုန်အစိုးရသော မြို့ရှိသမျှ၊ ၁၁ ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူ နေသောပြည်၊ ဟေရမုန် တောင်ရှိသမျှ၊ သာလက ပြည်တိုင်အောင် ဗာရှန်ပြည် တလျှောက်လုံး၊ ၁၂ အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်းသောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံ တလျှောက်လုံး ပါသတည်း။ ထိုမင်းတို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။ ၁၃ သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့် အတူနေကြ၏။ ၁၄ လေဝိအမျိုးအား အမွေကို မပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားအား မီးဖြင့် ပူဇော်သော ယဇ်တို့သည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။


ရုဗင်အမျိုးပေးသောပြည်များ၊ ဗာလမ်သေ

၁၅ မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးအသီးတို့အား အမွေပေးသာ ပြည်များဟူမူကား၊ ၁၆ အာနုန်မြစ်နား၌ ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသော မြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တလျှောက်လုံး၊ ၁၇ ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသောမြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊ ၁၈ ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊ ၁၉ ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင် တောင်ပေါ်မှာရှိသော ဇာရက်ရှာဟာမြို့၊ ၂၀ ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိမုတ်မြို့၊ ၂၁ လွင်ပြင်၌ ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန်မြို့၌ မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံ တလျှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင် ချီးမြှောက်၍ သူ့ပြည်၌ နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေသည် လုပ်ကြံလေ၏။ ၂၂ ပရောဖက် လုပ်သော ဗောရသား ဗာလမ်ကိုလည်း၊ အသေခံရသော သူတို့နှင့်ရော၍ ဣသရေလ လူတို့သည် ဓားနှင့် ကွပ်မျက်ကြ၏။ ၂၃ ရုဗင်အမျိုးသား နေရာ အပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေတည်း။


ဂဒ်အမျိုးပေးသော ပြည်များ

၂၄ မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုး အသီးအသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊ ၂၅ ယာဇာမြို့မှစ၍ ဂိလဒ်မြို့ ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည်တဝက်၊ ၂၆ ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတောနိမ်မြို့ တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊ ၂၇ ချိုင့်၌ လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ်မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ် အရှေ့ဘက် ယော်ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင် နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံကျန်ကြွင်းသမျှကို ပေးသတည်း။ ၂၈ ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများပေသတည်း။


မနာရှေအမျိုးပေးသော ပြည်များ

၂၉ မောရှေသည် မနာရှေ အမျိုးတဝက်အား အမွေပေး၍၊ မနာရှေ အမျိုးသားတဝက်သည် အဆွေအမျိုးအလိုက် အမွေခံရသော ပြည်များဟူမူကား၊ ၃၀ မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံ တလျှောက်လုံး၊ ဗာရှန်ပြည်၌ ပါသော ယာဣရမြို့​ ခြောက်ဆယ်ကို အမွေခံရသတည်း။ ၃၁ ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။ ၃၂ ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ မောဘလွင်ပြင်၌ အမွေဝေဖန်သော ပြည်များပေတည်း။ ၃၃ လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်တော်မူသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.