-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၄


ခါနာန်ပြည်၌ အမျိုး (၉) မျိုးနှင့် တဝက်အမွေပေး

ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှုအစရှိသော ဣသရေလ အမျိုးနွယ်တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ဣသရေလ အမျိုး ကိုးမျိုးနှင့် တဝက်တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။ မောရှေသည် ဣသရေလ အမျိုးနှစ်မျိုးနှင့် တဝက်တို့အား၊ ယော်ဒန်မြစ် အရှေ့ဘက်၌ အမွေပေးနှင့်ပြီ။ လေဝိသားတို့အား အခြားသော အမျိုးနှင့်ရော၍ အမွေမပေး။ ယောသပ် အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုး နှစ်မျိုးဖြစ်၍၊ လေဝိသားတို့ နေစရာမြို့၊ သူတို့ တိရစ္ဆာန်နှင့် ဥစ္စာကို ထားစရာ မြို့နယ် မှတပါး အခြားသော မြေကိုမပေး။ မောရှေအား ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် ပြု၍ မြေကို ဝေဖန်ကြ၏။


ကာလက်အမွေမြေကို ယောရှုထံတောင်း
CROSS REFERENCES






ထိုအခါ ယုဒအမျိုးသား တို့သည်၊ ဂိလဂါလ၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော်နှင့် အ​ကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင်၏ လူမောရှေ [A]အား မိန့်တော်မူသော စကားကို ကိုယ်တော်သိပါ၏။ ဤပြည်ကို စူးစမ်းစေခြင်းငှာ ဘုရားသခင်၏ကျွန် မောရှေသည် အ​ကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အ​ကျွန်ုပ်သည် အသက် လေးဆယ်ရှိပါ၏။ အ​ကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။ အ​ကျွန်ုပ်နှင့်အတူ သွားသော ညီအစ်ကိုတို့သည်၊ လူများ စိတ်ပျက်စရာကို ပြုသော်လည်း၊ အ​ကျွန်ုပ်သည် အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လုံးလုံးလိုက်ပါ၏။ ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ အကယ်၍ သင်နင်းပြီးသော မြေသည် အစဉ်အဆက် သင်၏ အမွေ၊ သင်၏ သားမြေးတို့၏ အမွေဖြစ်ရလိမ့်မည်၊ ဟုကျိန်ဆိုလေ၏။ [B] ၁၀ ဣသရေလ အမျိုးသည် တော၌ လှည့်လည်စဉ်အခါ၊ ထာဝရဘုရားသည် ထိုသို့ မောရှေအား မိန့်တော်မူသော နေ့မှစ၍၊ ယခုတိုင်အောင် အမိန့်တော်ရှိသည်အတိုင်း၊ အနှစ် လေးဆယ့် ငါးနှစ်ပတ်လုံး အ​ကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အ​ကျွန်ုပ်သည် အသက် ရှစ်ဆယ့်ငါးနှစ်ရှိပါပြီ။ ၁၁ သို့ရာတွင် မောရှေစေလွှတ်သော နေ့၌ ခွန်အားရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှာ တတ်စွမ်းနိုင်သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏။ ၁၂ သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရား မိန့်တော်မူသော ဤတောင်ကို အ​ကျွန်ုပ်အား ပေးပါ။ ဤတောင်ပေါ်မှာ အာနာကလူ ရှိကြောင်းကို၎င်း၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အ​ကျွန်ုပ်နှင့်အတူ ရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ကို နှင် ထုတ်ခြင်းငှာ အ​ကျွန်ုပ် တတ်စွမ်းနိုင်ပါသည်၊ ဟုလျှောက်ဆို၏။ ၁၃ ထိုအခါ ယောရှုသည် ကောင်းကြီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သား ကာလက် အမွေခံစရာဖို့ အပ်ပေးလေ၏။ ၁၄ သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန်ပြည်သည် ယနေ့တိုင်အောင် ကာလက်၏ အမွေမြေဖြစ်သတည်း။ ၁၅ ဟေဗြုန်မြို့သည် အထက်က ကိရယသာဘ အမည်ရှိ၏။ အာဗသည် အာနက အမျိုးသားတို့တွင် လူကြီးဖြစ်၏။ ထိုအခါ တပြည်လုံး စစ်ငြိမ်းလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.