-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၅


ယုဒအမျိုးအမွေခံသောမြေ

ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် အမွေခံရသော မြေဟူကား၊ တောင်မျက်နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ ဇိနတောဖြစ်သော၊ တောင်ဘက် အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှ ထွက်၍၊ တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကို လျှောက်လျက် ဇိနရွာသို့ ရောက်လေ၏။ တဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊ အဇမုန်ရွာကို လျှောက်သဖြင့် အဲဂုတ္တုချောင်းသို့ လိုက်၍ ပင်လယ်၌ ဆုံးလေ၏။ အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝ တိုင်အောင် အရှေ့အပိုင်း အခြားဖြစ်၏။ မြောက်ဘက် အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ ဆင်းရာ သောဒုံအိုင်ကွေ့မှ ထွက်၍၊ ဗေသောဂလရွာသို့၎င်း၊ ဗေသရာဗရွာ မြောက်နားမှာ လျှောက်လျက် ရုဗင်သား ဗောဟန်၏ ကျောက်သို့၎င်း ရောက်လေ၏။ အာခေါ်ချိုင့် မြောက်ဘက်မှ ထွက်၍ ဒေဗိရရွာသို့၎င်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ ရှိသော ဂိလဂါလသို့၎င်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရောဂေလ ရွာလမ်းသို့ လိုက်လျက်၊၊ ဟိန္နုံသား၏ ချိုင့်နား ယေရုရှလင်မြို့ ရာယေဗုသိအရပ် တောင်ဘက်နားမှာ လျှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ် ချိုင့်မြောက်ဘက်၌ ရှိသော တောင်ပေါ်သို့ တက်လေ၏။ ထိုတောင်ပေါ်မှ ဆင်းပြန်၍၊ နေဖတော စမ်းရေတွင်းကို လျှောက်သဖြင့် ဧဖရုန်တောင်နှင့် ဆိုင်သောမြို့များသို့၎င်း၊ ကိရယတ်ယာရိမ်မြို့ ရာဗာလာမြို့သို့၎င်း၊ ၁၀ ဗာလာမြို့ အနောက်ဘက်နားမှာ လျှောက်လျက် စိရတော်သို့၎င်း၊ ခေသလုန် တောင်တည်းဟူသော ယာရိမ်တောင် မြောက်ဘက်နားမှာ လျှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့၎င်း၊ ၁၁ ဧကြုန်မြို့ မြောက်ဘက်နားမှာ လျှောက်လျက်ရှိ ကြုန်ရွာသို့၎င်း၊ ဗာလာတောင်သို့၎င်း၊ ယာဗနေလရွာသို့၎င်း၊ ရောက်၍ ပင်လယ်၌ ဆုံးလေ၏။ ၁၂ အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက် အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည်နယ် အပိုင်းအခြား ဖြစ်သတည်း။


ကာလက်သမီး တောင်းသော မြေ

၁၃ ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္နာ၏သား ကာလက်အဖို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ အာဘ၏ မြို့ကို ချပေးလေ၏။ ၁၄ ထိုမြို့ထဲက ကာလက်သည် အာနက သားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သောနောက်၊ ၁၅ ကိရယ​ဿေဖါ အမည်ဟောင်းရှိသော ဒေဗိရမြို့သား တို့ရှိရာသို့ တဖန် ချီသွား၍၊ ၁၆ ကိရယဿေဖါမြို့ကို တိုက်ယူ လုပ်ကြံသောသူအား ငါသည် သမီးအာခသကို ပေးစားမည်၊ ဟုဆိုလျှင်၊ ၁၇ ကာလက်ညီ ကေနတ်၏သား ဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အား ပေးစားလေ၏။၁၈ ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တစ်ကွက်ကို အဘ၌ တောင်းခြင်းငှာ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်း၊ ဟုမေးလျှင်၊ ၁၉ သမီးက ကောင်းကြီး ပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာ အရပ်ကို ပေးပါပြီ၊ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦး၊ ဟုတောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက် စမ်းရေတွင်းတို့ကို ပေးလေ၏။ ၂၀ ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက် ခံရသော အမွေမြေ ဖြစ်သတည်း။


ယုဒအမျိုးပိုင်သော မြို့များ

၂၁ ယုဒအမျိုးသားပိုင်သောမြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သောတောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊ ၂၂ ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊ ၂၃ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊ ၂၄ ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊ ၂၅ ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်း တည်းဟူသော ဟေဇရုန်မြို့၊ ၂၆ အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊ ၂၇ ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့ ၂၈ ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာမြို့၊ ၂၉ ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊ ၃၀ ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊ ၃၁ ဇိကလက်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊ ၃၂ လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ့်​ခြောက်မြို့တည်း။ ၃၃ ချိုင်၌ လည်း ဧရှေတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊ ၃၄ ဇာနောမြို့၊ အင်္န္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊ ၃၅ ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာမြို့၊ ၃၆ ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရာသိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား ဆယ့်ငါးမြို့တည်း။ ၃၇ ထိုမှတပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊ ၃၈ ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊ ၃၉ လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊ ၄၀ ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊ ၄၁ ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ့်​ခြောက်မြို့တည်း။ ၄၂ ထိုမှတပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ၄၃ ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့။ ၄၄ ကိလမြို့၊ အောခဇိပ်မြို့၊ မမရရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။ ၄၅ ထိုမှပါး၊ ဧကြုန်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ ၄၆ ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ်မြို့နှင့် နီးစပ်သော မြို့ရွာများ၊ ၄၇ အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တုမြစ်၊ ပင်လယ်ကြီး၊ ပင်လယ် ကမ်းပါးတိုင်အောင်၊ ဝါဇမြို့နှင့် သူဆိုင်သော မြို့ရွာများ၊ ၄၈ တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊ ၄၉ ဒန္နမြို့၊ ဒေဗိရမြို့ တည်းဟူသော၊ ကိရယဿန္နမြို့၊ ၅၀ အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊ ၅၁ ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့်တကွ ဆယ့်တစ်မြို့တည်း။ ၅၂ အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊ ၅၃ ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊ ၅၄ ဟုန္တမြို့ ဟေဗြုန်မြို့ တည်းဟူသော ကိရယသာဘမြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။ ၅၅ မောင်မြို့၊ ကာရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊ ၅၆ ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊ ၅၇ ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။ ၅၈ ဟာလဟုလမြို့၊ ဗက်ဇရမြို့၊ ဂေဒေါ်မြို့၊ ၅၉ မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာနှင့်တကွ​ ခြောက်မြို့တည်း။ ၆၀ ကိရယတ် ယာရိမ်မြို့ တည်းဟူသော ကိရယတ်ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။ ၆၁ တော၌လည်း ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊ ၆၂ နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွ ခြောက်မြို့တည်း။ ၆၃ ယေရုရှလင်မြို့ ၌ နေသော ယေဗုသိ လူတို့ကိုကား၊ ယုဒအမျိုးသားတို့သည် မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသား တို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.