-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၃

ယောဒန်မြစ်ကူးဖို့ပြင်

ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသား အပေါင်းတို့နှင့် တကွ၊ ရှိတ္တိမ်မြို့မှ ပြောင်း၍ ယော်ဒန်မြစ်ကို မကူးမီ မြစ်နားတွင် စခန်းချကြ၏။ သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တလျှောက်လုံးသို့ သွား၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာပြောင်း၍ လိုက်ရကြမည်။ သေတ္တာတော်နှင့် သင်တို့ စပ်ကြားကို အတောင် နှစ်ထောင်ခြား ခရီးကွာစေရမည်။ လိုက်ရသော လမ်းကို သိမည်အကြောင်း၊ သေတ္တာတော် အနီးကို မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တစ်ခါမျှ မလိုက်ကြသေး၊ ဟုလူအပေါင်းတို့အား မှာထားကြ၏။ ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမှုကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဘွယ်သော အမှုတို့ကို သင်တို့တွင် ပြုတော်မှုမည်၊ ဟုလူများတို့အား မှာထားလေ၏။


ယဇ်ပုရောဟိတ်တို့ ယောဒန်မြန်၌ ရပ်စေ

တဖန် ယဇ်ပုရောဟိတ် တို့ကိုခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့သို့ ကူးသွားကြလော့၊ ဟုယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း၍ လူများရှေ့သို့ သွားကြ၏။ ထာဝရဘုရားကလည်း၊ ယောရှုကို ခေါ်၍ ငါသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိသည်ကို ဣသရေလ အမျိုးသား အပေါင်းတို့သည် သိကြမည်အကြောင်း၊ သူတို့မျက်မှောက်၌ သင်ကို ယနေ့ငါ ချီးမြှင့်စပြုမည်။ ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန်မြစ်ရေ နားသို့ ရောက်သောအခါ ယော်ဒန်မြစ်၌ ရပ်နေရမည် အကြောင်းကို ဆင့်ဆိုလော့၊ ဟုမိန့်တော်မူ၏။


ယောဒန်မြစ်ပြတ်မည်

ယောရှုကလည်း လာကြလော့။ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့၊ ဟုဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊ ၁၀ အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ် နှင်ထုတ်တော် မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်း ဟူမှုကား၊ ၁၁ မြေကြီး တပြင်လုံးကို အစိုးရတော်မူသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန်မြစ်ထဲသို့ ကူးသွားလိမ့်မည်။ ၁၂ သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုးတစ်ယောက်စီ၊ လူ တစ်ဆယ့်နှစ်ယောက်တို့ကို ရွေးကောက်ကြလော့။ ၁၃ မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ် ခြေဖဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်၊ ဟုဆိုလေ၏။


ယောဒန်မြစ်ပြတ်၍ တဖက်ကမ်းသို့ ကူးကြ

၁၄ လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှာ၊ တဲတို့မှ ပြောင်း၍ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာ သွားလျက်။ ၁၅ ယော်ဒန်မြစ်နားသို့ ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာ ကာလ၌ ထိုမြစ်ရေသည် ကမ်းတလျှောက်လုံးကို လျှံလေ့ရှိသော်လည်း၊ ၁၆ မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာ ရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင် တည်းဟူသော သောဒုံအိုင်သို့ စီးသွားသော ရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများ အပေါင်းတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။ ၁၇ လူများ အပေါင်းတို့သည် ယော်ဒန်မြစ် တဘက်သို့ မရောက်မှီ တိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ်အလယ်တွင် မြေပေါ် ၌ မြဲမြံစွာနင်း၍၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် မြေပေါ်၌ လျှောက်သွားရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.