-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၅


မြစ်ရေခန်းခြောက်စေ၍ မင်းကြီးအပေါင်း သတ္တိမရှိကြ
CROSS REFERENCES






ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ ကူးစေခြင်းငှာ၊ ယောဒန်မြစ်ရေကို ခန်း​ခြောက် စေတော်မူသည် အကြောင်းကို၊ ယော်ဒန် မြစ်အနောက်ဘက်၌ နေသော အာမောရိ မင်းကြီးအပေါင်း၊ ပင်လယ် နားမှာနေသောခါ နနိမင်းကြီး အပေါင်းတို့သည် ကြားသိသောအခါ၊ ရဲရင့်ခြင်းသတ္တိ အလျှင်းမကြွင်း၊ ဣသရေလ အမျိုးသားတို့ကြောင့် စိတ်အရည် ပျော်ကုန်ကြ၏။ [A]


အရေဖျားလှီးမင်္ဂလာပေး
CROSS REFERENCES





CROSS REFERENCES






ထိုအခါ ထာဝရဘုရားသည် ယောရှုကို ခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီး မင်္ဂလာကို တဖန်ပေးလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ ယောရှုသည် ကျောက်ဓားများကို လုပ်၍ ဂိဘာရာ လုတ်အရပ်၌ ဣသရေလ အမျိုးသားတို့အား၊ အရေဖျားလှီး မင်္ဂလာကို ပေးလေ၏။ ထိုသို့ အရေဖျားလှီး မင်္ဂလာကို ပေးရသော အကြောင်းဟူမူကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ ယောကျ်ား အပေါင်းတို့သည် တော၌သေကြ၏။ ထိုပြည်မှထွက် လာသောသူ အပေါင်းတို့သည် အရေဖျားလှီး မင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူ အပေါင်းတို့မူကား အရေဖျားလှီး မင်္ဂလာကို မခံရကြသေး။ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသားတို့သည် အနှစ်လေးဆယ် ပတ်လုံးတော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည် [B]ကို ထိုသူတို့သည် မမြင်ရကြ၊ ဟုကျိန်ဆိုတော်မူ၏။ သူတို့ ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏သားများတို့သည်၊ လမ်း၌ အရေဖျားလှီး မင်္ဂလာ [C]ကို မခံရသေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီး မင်္ဂလာကို ပေးလေ၏။ လူအပေါင်းတို့သည် အရေဖျားလှီး မင်္ဂလာကို ခံပြီးမှ၊ အနာ မပျောက်မှီတိုင်အောင် တပ်ထဲ၌ နေကြ၏။ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့် ဆိုင်သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ငါပယ်ရှင်းပြီ၊ ဟုယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ်ကို ဂိလဂါလ၊ ဟုယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။


ပသခါပွဲကို ခံကြ မန္နမုန့်ပြတ်
CROSS REFERENCES






၁၀ ဣသရေလ အမျိုးသားတို့သည် ဂိလဂါလ အရပ်တွင် တပ်ချ၍၊ ထိုလ တစ်ဆယ့်လေးရက်နေ့၊ ညဦးယံ၌ ယေရိခေါလွင်ပြင်မှာ ပသခါပွဲ [D] ကို ခံကြ၏။ ၁၁ ပသခါပွဲကိုခံပြီးမှ၊ နက်ဖြန်နေ့၌ ခါနာန်စပါးဖြင့်လုပ်သော တဆေးမဲ့မုန့်နှင့် ပေါက်ပေါက်ကို တစ်နေ့ခြင်းတွင် စားရကြ၏။ ၁၂ ခါနာန်ပြည် စပါးကိုစား၍၊ နက်ဖြန်နေ့၌ မန္နပြတ်လေ၏။ နောက်တဖန် ဣသရေလ အမျိုးသားတို့သည် မန္နကိုမရကြ။ ထိုနှစ်တွင် ခါနာန်ပြည်၌ ဖြစ်သော အသီးအနှံကို စားရကြ၏။


ယေရိခေါမြို့နား၌ ယောရှုသည် ဘုရား၏ ဗိုလ်မှူးတွေ့

၁၃ ယောရှုသည် ယေရိခေါမြို့အနားမှာ ရှိနေစဉ်မျှော်ကြည့်၍၊ လူတစ်ယောက်သည် ဓားကို ဓားအိမ်မှ ထုတ်ကိုင်လျက်၊ ကန့်လန့်ရပ်နေသည်ကို မြင်လျှင်၊ သူ့ထံသို့သွား၍ သင်သည် ငါတို့ဘက်၌ နေသောသူလော၊ ငါတို့ရန်သူဘက်၌ နေသောသူလော၊ ဟုမေးသော်၊ ၁၄ ထိုသူက၊ ထိုသို့မဟုတ်၊ ထာဝရဘုရား၏ ဗိုလ်​ခြေကို အုပ်စိုးသော ဗိုလ်မှူးဖြစ်၍ ယခုငါလာသည်၊ ဟုဆို၏။ ယောရှုသည်လည်း မြေပေါ်မှာ ပြပ်ဝပ် ကိုးကွယ်လျက်၊ ကိုယ်တော်​ကျွန်အား အဘယ်သို့ မိန့်တော်မူမည်နည်း၊ ဟုမေးလျှောက်သော်၊ ၁၅ ထာဝရဘုရား၏ ဗိုလ်​ခြေကို အုပ်စိုးသော ဗိုလ်မှူးက၊ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား မြေမြတ်ဖြစ်သည်၊ ဟုဆိုသည်အတိုင်း ယောရှုပြုလေ၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.