-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၂


ယေရိခေါမြို့စူးစမ်းရန် သူလျှို နှစ်ယောက်စေလွှတ်

နုန်၏သား ယောရှုသည် သူလျှို နှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာ စေလွှတ်လျက်၊ ခါနန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့၊ ဟုမှာထားလိုက်သည့်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ် အမည်ရှိသော ပြည်တန်ဆာ မိန်းမအိမ်သို့ ဝင်၍ နေလေ၏၊ ပြည်သား အချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်းခြင်းငှာ ဣသရေလ အမျိုးသား အချို့တို့သည် ယနေ့ညမှာ မြို့တွင်းသို့ ဝင်ပါပြီ၊ ဟုယေရိခေါ မင်းကြီးအား လျှောက်ကြား ကြသည်ရှိသော်၊ ယေရိခေါ မင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍ သင့်အိမ်သို့ ဝင်သော သူတို့ကို အပ်လော့၊ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှာ ရောက်လာပြီ၊ ဟုအမိန့်တော်နှင့် စေလွှတ်လေ၏၊ ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားနှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်က လာသည်ကို မသိပါ၊ မိုးချုပ်၍ တံခါးပိတ်ချိန် ရှိသောအခါ သူတို့သည် ထွက်သွားကြပါ၏၊ အဘယ်အရပ်သို့ ထွက်သွားကြသည်ကို မသိပါ၊ အလျင်အမြန် လိုက်ကြလော့၊ မှီကောင်း မှီပါလိမ့်မည်၊ ဟုပြန်ပြော၏၊ သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်ပေါ်သို့ တက်စေ၍ အမိုးပေါ်မှာ ဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ၊ မင်းလုလင်တို့သည် ယော်ဒန် မြစ်ကူးရာ လမ်းသို့ လိုက်ကြ၏၊ မြို့ပြင်သို့ ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။


ပြည်တန်ဆာရာခပ်က သူလျှိုများထံ တောင်းပန်
CROSS REFERENCES






သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့ တက်၍၊ ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သား အပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏၊ ၁၀ သင်တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ ပင်လယ်နီ ရေကို ထာဝရဘုရား ခမ်း​ခြောက် စေတော်မူကြောင်းကို၎င်း၊ ယော်ဒန်မြစ် တဘက်၌ နေ၍ သင်တို့ ရှင်းရှင်း ဖျက်ဆီးသော အာမောရိ ရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ ပြုသောအမှုကို၎င်း၊ အ​ကျွန်ုပ်တို့ ကြားရကြပြီ၊ ၁၁ ထိုသတင်းကို ကြားသောအခါ အ​ကျွန်ုပ်တို့ စိတ်သည် အရည်ပျော်ကုန်၍ [A] သင်တို့ကြောင့် တစ်စုံတစ်ယောက်သော သူ၌မျှ ရဲရင့်ခြင်း သတ္တိ အလျှင်း မကျန်ကြွင်းပါ၊ အကြောင်းမူကား သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ် မြေကြီး၌၎င်း၊ အစိုးရသော ဘုရားသခင် ဖြစ်တော်မူ၏၊ ၁၂ သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူး ပြုသောကြောင့် သင်တို့သည် ကျွန်မ ပေါက်ဖော်တို့၌ ကျေးဇူးပြု၍၊ ၁၃ ​ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့် ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်၊ ဟုထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ၊ မှန်သော လက္ခဏာ သက်သေကိုလည်း ပေးခဲ့ကြပါ၊ ဟုဆိုလျှင်၊


သူလျှိုများက ကြိုးနီကိုပေး

၁၄ ထိုသူတို့က သင်သည် ငါတို့အမှုကို မဖော်မပြလျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့၊ ဤပြည်ကို ထာဝရဘုရား ပေးတော်မူ သောအခါ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်၊ ဟုဝန်ခံကြ၏၊ ၁၅ ထိုမိန်းမ နေရာအိမ်သည် မြို့ရိုးနားမှာ ရှိသောကြောင့် ထိုသူတို့ကို ပြတင်းပေါက်က ကြိုးနှင့် လျှော့ချလျက်၊ ၁၆ သင်တို့သည် လိုက်၍ ရှာသော သူတို့နှင့် လွတ်မည်အကြောင်း တောင်ပေါ်သို့ ပြေး၍ သုံးရက် ပုန်းနေကြပါ၊ ရှာသော သူတို့သည် ပြန်သောနောက်မှ သွားကြပါ၊ ဟုဆိုလျှင်၊ ၁၇ ထိုသူတို့က သင်သည် ကျိန်ဆိုစေသော အကျိန်ကြောင့် ငါတို့၌ အပြစ် မရောက်ပါစေနှင့်၊ ဤပြည်သို့ ငါတို့ ရောက်လာသောအခါ ယခု လျော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဖော်များ အပေါင်းတို့ကို သင့်အိမ်၌ ခေါ်ထားရမည်၊ ၁၉ ထိုအခါ သင့်အိမ်ထဲက လမ်းသို့ ထွက်သွားသောသူ မည်သည်ကား သေလျှင် သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ၊ သင့်အိမ်၌ ရှိသောသူမည်သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည်ခံစေ၊ ၂၀ ငါတို့အမှုကိုလည်း သင်သည် ဖော်ပြလျှင်၊ သင်ယခု ကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ၊ ဟုဆိုလျှင်၊ ၂၁ မိန်းမက သင်တို့ စကားရှိသည့်အတိုင်း ဖြစ်ပါစေတော့၊ ဟုဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည်သွားကြ၏။ မိန်းမသည်လည်း ထိုကြိုးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။


သူလျှို နှစ်ယောက် စခန်းသို့ ပြန်ရောက်

၂၂ ထိုသူတို့သည် တောင်ပေါ်သို့ ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မှီ တိုင်အောင် သုံးရက်နေကြ၏၊ ရှာသော သူတို့သည်လည်း လမ်းတလျှောက်လုံး ရှာ၍ မတွေ့ကြ၊ ၂၃ ထိုလူ နှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ်က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊ ၂၄ အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တ လျှောက်လုံးကို ငါတို့လက်သို့ အပ်တော်မှုပြီ။ ငါတို့ကြောင့် ပြည်သူ ပြည်သား အပေါင်းတို့သည် စိတ်ပျက်လျက် ရှိကြပါ၏၊ ဟုယောရှုအား လျှောက်ဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.