-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၂၃


ယောရှု၏အမှာစကား

ထာဝရဘုရားသည် ပတ်ဝန်းကျင် နေသော ရန်သူ အပေါင်းတို့လက်မှ ဣသရေလ အမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်း အခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံး ပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသော သူများနှင့်တကွ အမျိုးသား အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင်တို့သည် သိမြင်ကြပြီ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။ [A] ယော်ဒန်မြစ်မှစ၍ အနောက် ပင်လယ်ကြီး တိုင်အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်းသေးသော ဤလူမျိုးနေသော ပြည်ကို သင်တို့ အမျိုးများ အမွေခံစရာဖို့ စာရေးတံချ၍ ငါဝေဖန်ပြီ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည် အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့ မမြင်ရအောင် သုတ်သင် ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏ မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။ သို့ဖြစ်၍ သင်တို့သည် မောရှေ၏ ပညတ္တိကျမ်းစာလမ်းမှ လက်ယာဘက် လက်ဝဲဘက်သို့ မလွှဲဘဲ၊ ပါသမျှအတိုင်း ကျင့်စောင့်ခြင်းငှာ၎င်း၊ သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဖော်၊ သူတို့ဘုရား၏ နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြု၊ ဦးမညွတ်ဘဲ၊ ယနေ့တိုင်အောင် ကျင့်သကဲ့သို့၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှာ၎င်း၊ အလွန်ရဲရင့်သော စိတ်ရှိကြလော့။ အကြောင်းမူကား၊ ကြီးမား၍ ခွန်အားနှင့် ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှာ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှ မရပ်နိုင်။ [B] ၁၀ သင်တို့ တစ်ယောက်သော်လည်း အခြားသောသူ တစ်ထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း၊ သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။ [C] ၁၁ သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ချစ်ခြင်းငှာ၊ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။ ၁၂ သို့မဟုတ် သင်တို့သည် ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြားပေးစား၍ ပေါင်းဖော် ဆက်ဆံခြင်းရှိလျှင်၊ ၁၃ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် နောက်တဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူ၍၊ ကောင်းမွန်သော ဤပြည်၌ သင်တို့သည် မပျောက်မပျက်မှီတိုင်အောင်၊ သူတို့သည် သင်တို့၌ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့ နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည် အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။ ၁၄ ငါသော်ကား၊ မြေသား အပေါင်းတို့ သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုး တစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင် ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။ ၁၅ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည် အတိုင်း၊ ကောင်းကျိုး အပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ဤကောင်းမွန်သော ပြည်မှ သင်တို့ကို သုတ်သင်ပယ် ရှင်းတော်မမူမှီတိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေးဥပါဒ် အပေါင်းတို့ကို ရောက်စေတော်မူမည်။ ၁၆ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတစ်ပါးသော ဘုရားတို့ထံသွား၍ ဦးညွှတ်ဝတ်ပြုလျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေးတော်မူသော ဤကောင်းမွန်သော ပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက် ကြလိမ့်မည်၊ ဟုဟောပြော၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.