-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၉


ရှိမောင်အမျိုးရသော အမွေမြေ

ဒုတိယတစ်ကြိမ် စာရေးတံပြု၍၊ ရှိမောင် အမျိုးသားတို့သည် အဆွေအမျိုး အလိုက် ယုဒအမွေမြေအတွင်း၌ အမွေခံရကြ၏။ သူတို့အမွေမြေ၌ ရှိသော မြို့များဟူမူကား၊ ဗေရရှေဘမြို့၊ မောလဒါမြို့၊ ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊ ဇိကလက်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊ ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ့်သုံးမြို့တည်း။ ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။ ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့ တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှ ပါသတည်း။ ဤရွေ့ကား ရှိမောင် အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။ ရှိမောင် အမွေမြေသည် ယုဒအမျိုးသား ခံသော အဖို့ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့ အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။


ဇာဗုလုန်အမျိုးရသော အမွေမြေ

၁၀ တတိယကြိမ် စာရေးတံပြု၍ ဇာဗုလုန် အမျိုးသားတို့သည် အဆွေအမျိုး အလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်း အခြားသည် စာရိဒ်မြို့မှထွက်၍၊ ၁၁ အနောက်သို့ သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့၎င်း၊ ယောကနံမြို့ ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။ ၁၂ တဖန် စာရိဒ်မြို့မှ နေထွက်ရာ အရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။ ၁၃ ထိုမြို့မှစ၍ အရှေ့ဘက် နားမှာ လိုက်လျက်၊ ဂိတ္တဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။ ၁၄ မြောက်ဘက်၌ လည်းဝိုင်းသဖြင့်၊ ဟန္နသုန်မြို့သို့ ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။ ၁၅ ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့ တည်းဟူသော ရွာနှင့်တကွ ဆယ့်နှစ်မြို့ ရှိသတည်း။ ၁၆ ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန် အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။


ဣသခါအမျိုးရသော အမွေမြေ

၁၇ စတုတ္ထတစ်ကြိမ် စာရေးတံပြု၍ ဣသခါ အမျိုးသားတို့သည် အဆွေအမျိုး အလိုက် အမွေခံရကြ၏။ ၁၈ သူတို့အပိုင်း အခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊ ၁၉ ဟာဖရိမ်မြို့၊ အာနဟာရတ်မြို့၊ ၂၀ ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊ ၂၁ ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊ ၂၂ တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့ သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ့်ခြောက် မြို့ရှိသတည်း။ ၂၃ ဤရွေ့ကား မြို့ရွာပါလျက် ဣသခါ အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။


အာရှာအမျိုးရသော အမွေမြေ

၂၄ ပဉ္စမတစ်ကြိမ် စာရေးတံပြု၍ အာရှာ အမျိုးသားတို့သည် အဆွေအမျိုး အလိုက်အမွေခံရကြ၏။ ၂၅ သူတို့အပိုင်း အခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊ ၂၆ အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါလျက်၊ အနောက်မျက်နှာ၌ ကရမေလ၊ ရှိဟောရလိဗနတ်မြို့သို့ ရောက်လေ၏။ ၂၇ တဖန် နေထွက်ရာ ဘက်သို့လှည့်၍ ဗက်ဒါဂုန်မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့ သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာဗုလမြို့၊၂၈ ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ ကြီးတိုင်အောင် ရောက်ပြီးလျှင်၊ ၂၉ ရာမမြို့၊ ခိုင်ခံ့သော တုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ ဆုံးလေ၏။ ၃၀ အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ နှင့်တကွ ရွာပါလျက် နှစ်ဆယ့်နှစ်မြို့ ရှိသတည်း။ ၃၁ ဤရွေ့ကား မြို့ရွာပါလျက် အာရှ အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။


နဿလိအမျိုးရသောအမွေမြေ

၃၂ ဆဌမတစ်ကြိမ် စာရေးတံပြု၍ နဿလိ အမျိုးသားတို့သည် အဆွေအမျိုး အလိုက် အမွေခံရကြ၏။ ၃၃ သူတို့အပိုင်း အခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။ ၃၄ တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဖေါ်မြို့၊ ဟုကုတ်မြို့သို့ ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ် အပိုင်းအခြားရှိ၏။ ၃၅ ခိုင်ခံ့သော မြို့များဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊ ၃၆ အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊ ၃၇ ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊ ၃၈ ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ့်ကိုးမြို့တည်း။ ၃၉ ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိ အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။


ဒန်အမျိုးရသော အမွေမြေ

၄၀ သတ္တမအကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုး အလိုက် အမွေခံရကြ၏။ ၄၁ သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာမြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊ ၄၂ ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊ ၄၃ ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊ ၄၄ ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊ ၄၅ ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊ ၄၆ မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာ ရှိသော မြေပါတည်း။ ၄၇ ဒန်အမျိုးသား ရသော မြေသည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍ တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို အမျိုး၏အဘ ဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသော အမည်ဖြင့်မှည့်ကြ၏။ ၄၈ ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့သည် အဆွေအမျိုး အလိုက်ခံရသော အမွေတည်း။


ယောရှုကိုအမွေပေး

၄၉ ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေတစ်ပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သား ယောရှုအား အမွေမြေကို ပေးကြ၏။ ၅၀ သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမနဿေရမြို့ကို ထာဝရဘုရား အမိန့်တော်အတိုင်း ပေးသဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။ ၅၁ ဤရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလ အမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနား၌ ပေးသော အမွေခံစရာမြေ အသီးအသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သော အမှုပြီးလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.