-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁၁


မင်းကြီးအပေါင်းတိုက်

ထိုသတင်းကို ဟာဇော်မင်းကြီး ယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီး ယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ ထံသို့၎င်း၊ တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင် ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ ရှိသော မင်းကြီးများထံသို့၎င်း၊ အရှေ့အနောက်၌ နေသော ခါနနိလူ၊ တောင်ပေါ်မှာ နေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင် ​ခြေရင်း၌ နေသော ဟိဝိလူတို့ ရှိရာသို့၎င်း စေလွှတ်၍၊ ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့်၊ သမုဒ္ဒ​ရာ သဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါအပေါင်း၊ မြင်းများ၊ ရထားများ အပေါင်းတို့ နှင့်တကွ ထွက်လာကြ၏။ ထိုမင်းကြီး အပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလ အမျိုးကို တိုက်ခြင်းငှာ ချီလာ၍၊ မေရုံအိုင်နားမှာ တစ်စုတည်း တပ်ချလျက်နေကြ၏။ ထာဝရဘုရား ကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလ အမျိုးရှေ့မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်၊ ဟုယောရှုအား မိန့်တော်မူ၏။ ယောရှုသည်လည်း၊ မိမိ စစ်သူရဲ အပေါင်းတို့ နှင့်တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။ ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုးသားတို့ လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရ ဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့် တိုင်အောင် လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့စေ၏။


ဟာဇော်မြို့

၁၀ ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ဓားနှင့် ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရသတည်း။ ၁၁ ထိုမြို့သူမြို့သား အပေါင်းတို့ကို ဓားနှင့် ကွပ်မျက်သဖြင့် တစ်ယောက်ကိုမျှ အသက်ရှင်စေခြင်းငှာ မထား။ ရှင်းရှင်း ဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။ ၁၂ ထာဝရဘုရား၏​ကျွန် မောရှေ မှာထားသည်အတိုင်း ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီး အပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့် လုပ်ကြံသဖြင့် ရှင်းရှင်း ဖျက်ဆီးလေ၏။ ၁၃ သို့ရာတွင်၊ ဟာဇော်မြို့ မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလ လူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တစ်မြို့ကိုသာ ယောရှုမီးရှို့သတည်း။ ၁၄ ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလ လူတို့သည် ကိုယ်အဖို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့် လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန် ကြွင်းစေကြ။ ၁၅ ထာဝရဘုရားသည် မိမိ​ကျွန် မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသော အမှု တစ်စုံတခုကို လှပ်၍မထား။ ၁၆ ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်​ခြေရင်း၊ ၁၇ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည် အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံ ကွပ်မျက်လေ၏။ ၁၈ ထိုမင်းကြီး အပေါင်းတို့ကို ကာလကြာမြင့်စွာ စစ်တိုက်ရ၏။ ၁၉ ဟိဝိလူ၊ ဂိဗောင် မြို့သား မှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တစ်မြို့မျှ မရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ၏။ ၂၀ အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု အကုန်အစင် သုတ်သင် ပယ်ရှင်းစေမည်အကြောင်း၊ သူတို့ သည် ဣသရေလ အမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့သည် တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာခြင်းငှာ ထာဝရဘုရား အလိုရှိတော်မူသတည်း။


အာနကလူတို့

၂၁ ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလ တောင်ရှိသမျှတို့ကို ပယ်ရှား၍၊ သူတို့မြို့များ နှင့်တကွ ရှင်းရှင်း ဖျက်ဆီးလေ၏။ ၂၂ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့ မှတပါး၊ ဣသရေလ တိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနက လူတစ်ယောက်မျှ မရှိ။ ၂၃ ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည် တလျှောက်လုံးကို သိမ်းယူ၍ ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တပြည်လုံး စစ်ငြိမ်းလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.