-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၂၁


လေဝိသားတို့ကို နေရာပေးကြ

လေဝိသား အဆွေအမျိုး သူကြီးတို့သည်၊ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သား ယောရှု၊ ဣသရေလ အမျိုးတို့တွင် အဆွေ အမျိုးသူကြီးတို့ထံသို့ ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့ နေစရာဖို့ မြို့တို့ကို၎င်း၊ တိရစ္ဆာန်များဖို့ မြို့နယ်တို့ကို၎င်း ပေးစေခြင်းငှာ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူပြီ၊ ဟုခါနာန်ပြည်၊ ရှိလော၌ ပြောဆိုကြလျှင်၊ ဣသရေလ အမျိုး သားတို့သည် ထာဝရဘုရား မှာထားတော်မူသည် အတိုင်း၊ မိမိတို့ အမွေခံရသော မြေထဲက၊ မြို့နှင့်မြို့နယ်တို့ကို ပေးကြ၏။ စာရေးတံပြု၍ ကောဟတ် အဆွေအမျိုးတို့သည် အမွေခံရာတွင်၊ လေဝိသား ယဇ်ပုရောဟိတ် အာရုန်၏သား မြေးတို့သည်၊ စာရေးတံ ပြုသောအားဖြင့်၊ ယုဒခရိုင်၊ ရှိမောင်ခရိုင်၊ ဗင်္ယာမိန်ခရိုင်ထဲက ဆယ့်သုံးမြို့ကို ရကြ၏။ ကြွင်းသော ကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင် ဝက်ထဲက ဆယ်မြို့ကို ရကြ၏။ ဂေရရှုံသားတို့သည် စာရေးတံ ပြုသောအားဖြင့်၊ ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်၌ မနာရှေ ခရိုင်ဝက်ထဲက၊ ဆယ့်သုံးမြို့ကို ရကြ၏။ မေရာရိသားတို့သည် အဆွေအမျိုးအလိုက် ရုဗင်ခရိုင်၊ ဂဒ်ခရိုင်၊ ဇာဗုလုန်ခရိုင်ထဲက၊ ဆယ့်နှစ်မြို့ကို ရကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးသားတို့သည် စာရေးတံပြု၍ ထိုမြို့တို့ကို မြို့နယ်နှင့်တကွ လေဝိသားတို့အား ပေးကြ၏။


ယဇ်ပုရောဟိတ် အာရုန်သားတို့အား ပေးသောမြို့များ

ယုဒအမျိုးသားခရိုင်၊ ရှိမောင် အမျိုးသား ခရိုင်ထဲကပေး၍ လေဝိသားဖြစ်သော ကောဟတ်အဆွေအမျိုး၊ ၁၀ အာရုန်၏ သားမြေးတို့သည် ပဌမစာရေးတံအားဖြင့် ရသောမြို့တို့၏ အမည်များဟူမူကား၊ ၁၁ ယုဒခရိုင် တောင်ကြား၌ ဟေဗြုန်မြို့ တည်းဟူသော အာနကအဘ အာဘနေသော မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ ၁၂ သို့ရာတွင် မြို့နှင့်ဆိုင်သော လယ်များ၊ ရွာများကို ယေဖုန္နာ၏သား ကာလက်အား အပိုင်ပေးကြ၏။ ၁၃ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ဖြစ် စေခြင်းငှာ၊ ဟေဗြုန်မြို့ကို မြို့နယ်နှင့်တကွ ယဇ်ပုရောဟိတ် အာရုန်၏ သားမြေးတို့အား ပေးကြ၏။ ၁၄ ထိုမှတပါး လိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့် မြို့နယ်၊ ဧရှတေမောမြို့နှင့် မြို့နယ်၊ ၁၅ ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊ ၁၆ အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်၊ တည်းဟူသော ထိုခရိုင် နှစ်ခရိုင်ထဲက ကိုးမြို့တို့ကို၎င်း၊ ၁၇ ဗင်္ယာမိန် ခရိုင်ထဲက ဂိဗောင်မြို့နှင့် မြို့နယ်၊ ဂေဗမြို့နှင့် မြို့နယ်၊ ၁၈ အာနသုတ်မြို့နှင့် မြို့နယ်၊ အာလမုန်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။ ၁၉ အာရုန်၏ သားမြေး ယဇ်ပုရောဟိတ် တို့ရသော မြို့ပေါင်းကား၊ မြို့နယ်ပါသော မြို့ဆယ့်သုံးမြို့ ရှိသတည်း။


ကောဟတ်သားတို့ ရသောမြို့များ

၂၀ ကြွင်းသော ကောဟတ်သား အဆွေအမျိုး ဖြစ်သော လေဝိသားတို့သည် စာရေးတံပြု၍ ဧဖရိမ်ခရိုင်ထဲက ရသည်အတိုင်း၊ ၂၁ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့ ဖြစ်စေခြင်းငှာ၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။ ၂၂ ထိုမှတပါး ဂဇောမြို့နှင့် မြို့နယ်၊ ကိဗဇိမ်မြို့နှင့် မြို့နယ်၊ ဗေသောရုန်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၂၃ ဒန်ခရိုင်ထဲက ဧလတေကမြို့နှင့် မြို့နယ်၊ ဂိဗ္ဗိသုန်မြို့နှင့် မြို့နယ်၊ ၂၄ အာဇလုန်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၂၅ မနာရှေ ခရိုင်ဝက်ထဲက တာနက်မြို့နှင့် မြို့နယ်၊ ဂါသရိမ္မုန်မြို့နှင့် မြို့နယ် တည်းဟူသော နှစ်မြို့တို့ကို၎င်း ပေးကြ၏။ ၂၆ ကြွင်းသော ကောဟတ်သား အဆွေအမျိုးတို့သည် ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ်မြို့တည်း။


ဂေရရှုံသားတို့ရသော မြို့များ

၂၇ လေဝိအဆွေအမျိုး၊ ဂေရရှုံသား တို့အားလည်း၊ မနာရှေခရိုင် ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရုန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေရမြို့နှင့် မြို့နယ် တည်းဟူသော နှစ်မြို့တို့ကို၎င်း၊ ၂၈ ဣသခါခရိုင်ထဲက ကိရှုန်မြို့နှင့် မြို့နယ်၊ ဒါဗရေမြို့နှင့် မြို့နယ်၊ ၂၉ ယာမုတ်မြို့နှင့် မြို့နယ်၊ အင်္န္နမ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၃၀ အာရှာခရိုင်ထဲက မိရှလမြို့နှင့် မြို့နယ်၊ အာဗဒုန်မြို့နှင့် မြို့နယ်၊ ၃၁ ဟေလကတ်မြို့နှင့် မြို့နယ်၊ ရဟောဘမြို့နှင့် မြို့နယ်၊ တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၃၂ နဿလိခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဂါလိလဲပြည်၌ ကေဒေရှမြို့နှင့် မြို့နယ်၊ ဟမ္မုဒ္ဒေါမြို့နှင့် မြို့နှင့်မြို့နယ်၊ ကာတံမြို့နှင့် မြို့နယ် တည်းဟူသော သုံးမြို့တို့ကို၎င်း ပေးကြ၏။ ၃၃ ဂေရရှုံသားတို့သည်၊ အဆွေအမျိုး အလိုက်ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ့်သုံးမြို့တည်း။


မေရာရိသားတို့ရသောမြို့များ

၃၄ ကြွင်းသော လေဝိသား၊ မေရာရိ အဆွေအမျိုးတို့အား ဇာဗုလုန်ခရိုင်ထဲက ယောကနံမြို့နှင့် မြို့နယ်၊ ကာတမြို့နှင့် မြို့နယ်၊ ၃၅ ဒိမနမြို့နှင့် မြို့နယ်၊ နဟာလာလမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၃၆ ရုဗင်ခရိုင်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ တော၌ ဗဇောမြို့နှင့် မြို့နယ်၊ ယဟာဇမြို့နှင့် မြို့နယ်၊ ၃၇ ကေဒမုတ်မြို့နှင့် မြို့နယ်၊ မေဖတ်မြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း၊ ၃၈ ဂဒ်ခရိုင်ထဲက၊ လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဂိလဒ်ပြည်၌ ရာမုတ်မြို့နှင့် မြို့နယ်၊ မဟာနိမ်မြို့နှင့် မြို့နယ်၊ ၃၉ ဟေရှဘုန်မြို့နှင့် မြို့နယ်၊ ယာဇာမြို့နှင့် မြို့နယ် တည်းဟူသော လေးမြို့တို့ကို၎င်း ပေးကြ၏။ ၄၀ ကြွင်းသော လေဝိအဆွေအမျိုး မေရာရိသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် ရသော မြို့နယ်နှင့်တကွ မြို့ပေါင်းကား ဆယ့်နှစ်မြို့တည်း။


ထာ၀ရဘုရား မိန့်တော်မူသော ကောင်းကျိုးအကုန်ရ

၄၁ ဣသရေလ အမျိုးသား နေရာ နိုင်ငံအဝင်၊ လေဝိသားနေသော မြို့ပေါင်းကား၊ မြို့နယ်နှင့်တကွ လေးဆယ့် ရှစ်မြို့တည်း။ ၄၂ ထိုမြို့ရှိသမျှတို့သည် ပတ်ဝန်းကျင်နယ်နှင့် ပြည့်စုံလျက် ရှိသတည်း။ ၄၃ ထာဝရဘုရားကလည်း၊ ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်ရှိသမျှကို ဣသရေလ အမျိုးသားတို့အား ပေးတော်မူသဖြင့်၊ သူတို့သည် သိမ်းယူ၍ နေရာကျကြ၏။ ၄၄ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသမျှ အတိုင်း၊ ပတ်ဝန်းကျင်အရပ်၌ ငြိမ်ဝပ်ရာ အခွင့်ကို ပေးတော်မူသဖြင့်၊ သူတို့ရှေ့မှာ အဘယ်ရန်သူမျှ မရပ်နိုင်။ ရန်သူအပေါင်းတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ ၄၅ ထာဝရဘုရားသည် ဣသရေလ အမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုး တစ်စုံတစ်ပါးမျှ မလျော့ ရှိသမျှတို့သည် ပြည့်စုံကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.