-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၉


​ခြေလက်သေသူ
CROSS REFERENCES






ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။ လက်​ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်​ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ [A] သင်၏ အပြစ်ကို လွတ်စေပြီ၊ ဟုမိန့်တော်မူ၏။ ကျမ်းပြုဆရာ အချို့တို့က၊ ဤသူသည် ဘုရားကို လွန်ကျူး၍ ပြောသည်၊ ဟုထင်ကြ၏။ ယေရှုသည် ထိုသူတို့၏ စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့် ငြူစူသော စိတ်ရှိကြသနည်း။ အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီ၊ ဟုပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့၊ ဟုပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့ သိစေခြင်းငှာ ထလော့၊ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့၊ ဟုလက်​ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ မိမိအိမ်သို့သွားလေ၏။ လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သော အခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။


အပြစ်သားများ ခေါ်ရန်လာ

ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲ အမည်ရှိသောသူ တစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏။ [B] ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။ ၁၀ ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍၊ ကိုယ်တော်မှစသော တပည့်တော်တို့ နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ၁၁ ဖာရှိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့ နှင့် အတူ အဘယ်ကြောင့် စားသနည်း၊ [C]ဟုဆိုကြ၏။ ၁၂ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသော သူတို့သာလျှင် အလိုရှိကြ၏။ [D] ၁၃ ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏၊ [E] ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာ သင်တို့သွား၍ သင်ကြလော့။ ​ဖြောင့်မတ်သော သူတို့ကို နောင်တသို့ခေါ်ခြင်းငှာ၊ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်း၊ ဟုမိန့်တော်မူ၏။


အစာရှောင်ခြင်း

၁၄ ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့နှင့် ဖာရှိရှဲတို့သည် အဖန်တလဲလဲ အစာ ရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏ တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်း၊ ဟုလျှောက်ကြ၏။ ၁၅ ယေရှုကလည်း၊ မင်္ဂလာဆောင် လုလင်သည် မိမိ အပေါင်း အဖော် တို့နှင့် အတူရှိစဉ်အခါ၊ သူတို့သည် စိတ်မသာ ညည်းတွား တတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏ အပေါင်းအဖော် တို့နှင့် ခွာ၍ ယူသွားသော အချိန်ကာလ ရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။


အဝတ်ဟောင်းနှင့် အဝတ်အသစ်
CROSS REFERENCES






၁၆ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသော အထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။ [F] ၁၇ ၎င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သော စပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သော သားရေဘူး၌ ထည့်လေ့ရှိ၏။ ထိုသို့ ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး၊ [G] ဟုမိန့်တော်မူ၏။


တရားစရပ်မှုး၏သမီး သေဆဲ

၁၈ ထိုစကားကို မိန့်တော်မူစဉ်၊ အရာရှိတစ်ယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အ​ကျွန်ုပ်၏ သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည် ကြွ၍ သူ့အပေါ်၌ လက်ကို တင်တော်မူလျှင်၊ အသက်ရှင်ပါလိမ့်မည်၊ ဟုလျှောက် ၏။ ၁၉ ယေရှုသည် ထ၍ တပည့်တော်တို့ နှင့်အတူ ထိုသူနောက်သို့ လိုက်တော်မူ၏။


တစ်ဆယ့်နှစ်နှစ် သွေးသွန်အနာစွဲသူ
CROSS REFERENCES






၂၀ ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတစ်ယောက်က၊ ၂၁ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်၊ ဟုစိတ်ထင်နှင့်၊ နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။ ၂၂ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး မစိုးရိမ်နှင့်၊ [A] သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ၊ ဟုမိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာ ကင်းပျောက်လေ၏။


တရားစရပ်မှုး၏ သမီးရှင်စေ

၂၃ အရာရှိအိမ်သို့ ရောက်တော်မူ၍၊ တီးမှုတ်သော သူတို့နှင့် များစွာသော လူတို့သည် အုန်းအုန်းသဲသဲ ပြုကြသည်ကို မြင်လျှင်၊ ၂၄ ဖယ်ရှားကြလော့။ မိန်းမငယ် သေသည်မဟုတ်၊ အိပ်ပျော်သည်၊ ဟုမိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ၂၅ ထိုလူများကို ပြင်သို့ ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏ လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။၂၆ ထိုသတင်း စကားသည် တပြည်လုံး၌ နှံ့ပြား ကျော်စောလေ၏။


မျက်စိကန်းနှစ်ယောက်

၂၇ ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသော သူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍၊ ဒါဝိဒ်၏ သားတော်၊ ​ကျွန်တော်တို့ကို သနားတော်မူပါ ဟုဟစ်ကြော်ကြ၏။ ၂၈ အိမ်သို့ဝင်တော်မူလျှင်၊ မျက်စိကန်းသော သူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်ကလည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလော၊ ဟုမေးတော်မူလျှင်၊ ယုံပါ၏ သခင်၊ ဟုလျှောက်ကြ၏။ ၂၉ ထိုအခါသူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံကြည်ခြင်း ရှိသည်အတိုင်း သင်တို့၌ဖြစ်စေ၊ ဟုမိန့်တော်မူလျှင်၊ ၃၀ သူတို့သည် မျက်စိ ပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့၊ ဟုမြစ်တားတော်မူ၏။ ၃၁ သို့သော်လည်း ထိုသူတို့သည်သွား၍၊ သတင်းတော်ကို တပြည်လုံး၌ နှံ့ပြား ကျော်စောစေ၏။


နတ်ဆိုးစွဲသောလူ
CROSS REFERENCES






၃၂ ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ၃၃ နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ၊ ထို အ,သောသူသည် စကားပြော၏။ လူအစုအဝေး တို့သည်လည်း အံ့ဩ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့မမြင်ရစဖူး၊ ဟုပြောဆိုကြ၏။ ၃၄ ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်၊ ဟုပြောဆိုကြ၏။ [H]


နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား
CROSS REFERENCES






၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒ ပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား [I] ကိုဟောလျက်၊ လူများခံရသော အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာ ရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင်၊ သနားခြင်းစိတ် ရှိတော်မူ၏။ ၃၆ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍၊ ထိန်းသူမရှိဘဲ ပစ်ထားသော သိုးကဲ့သို့ဖြစ်ကြ၏။ ၃၇ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာ များစွာရှိ၏၊ ရိတ်သောသူတို့သည် နည်းကြ၏။ ၃၈ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည် အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့၊ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.