-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၆

အလှူဒါန
CROSS REFERENCES





CROSS REFERENCES






လူများတို့မြင်စေခြင်းငှာ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မခံမရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ [A] တို့သည် လူအများ အချီးအမွမ်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာ မှုတ်စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် [B] အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။


ဆုတောင်းသောအခါ

သင်သည် ဆုတောင်း ပဌနာပြုသောအခါ လျှို့ဝှက်သော သူတို့ နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ တရားစရပ် (a) နှင့် လမ်းဆုံလမ်းဝတို့၌ ရပ်လျက် ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာ အခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ သင်တို့သည် ဆုတောင်းသောအခါ၊ သာသနာပ လူနည်းတူ အချည်းနှီးသော စကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသော စကားအားဖြင့် မိမိတို့ အလိုပြည့်စုံမည်၊ ဟုထင်မှတ်ကြ၏။ ထိုသူတို့ နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘ သိတော်မူ၏။


ပဌနာတော် [C]

ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အ​ကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော်။ ၁၀ နိုင်ငံတော်တည် ထောင်ပါစေသော်။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်။ ၁၁ အသက်မွေးလောက်သော အစာကို အ​ကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။ ၁၂ သူတပါးသည် အ​ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အ​ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အ​ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။ ၁၃ အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်၊ ဟုဆုတောင်းကြလော့။


အပြစ်ကိုလွှတ်ခြင်း
CROSS REFERENCES






၁၄ သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏ အပြစ်ကိုလွှတ်တော်မူမည်။ [D] ၁၅ သင်တို့သည် သူတပါးတို့၏ အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ။


အစာရှောင်ခြင်း [E]

၁၆ သင်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သော သူတို့နည်းတူ မျက်နှာ ညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့ အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။ ၁၇ ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။ ၁၈ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသောသင်တို့အဘ ရှေ့တော်၌ သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။


ဘဏ္ဍာဆည်းဖူးမည့်နေရာ
CROSS REFERENCES





CROSS REFERENCES






၁၉ သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ [F] ၂၀ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုး မထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ ၂၁ အကြောင်းမူ ကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး ရောက်တတ်၏။ [G]


မျက်စိ

၂၂ မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ [H] ထိုကြောင့် မျက်စိ ကြည်လင်လျှင် တစ်ကိုယ်လုံး လင်းလိမ့်မည်။ ၂၃ မျက်စိမြှေးရှက်လျှင် တစ်ကိုယ်လုံး မိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထိုအမိုက်သည် အလွန် မိုက်စွတကား။


သခင်နှစ်ဦး
CROSS REFERENCES






၂၄ အဘယ်သူမျှ သခင်နှစ်ဦး အစေကို မခံနိုင်။ [I] သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကို ချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း မခံနိုင်ကြ။

CROSS REFERENCES






မစိုးရိမ်ကြနှင့် [J]
CROSS REFERENCES






၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်၊ ဟုအသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်၊ ဟုကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက် မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။ ၂၆ မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှု ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။ ၂၇ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။ ၂၈ အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ ၂၉ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင် တစ်ပင်မျှ၏ အဝတ်ကို မမှီ၊ ဟုငါဆို၏။ [K] ၃၀ ယုံကြည် အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကို အဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။ ၃၁ ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသာသနာပ လူတို့သည် ရှာဖွေတတ်ကြ၏။ ၃၂ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ၃၃ ဘုရားသခင်၏ နိုင်ငံတော်နှင့်​ ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ ၃၄ ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ ရှိသော မကောင်း မသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏။

_________________________
Footnotes


(a) "တရားဇရပ်" မြန်မာကျမ်းစာအုပ်၌ "ပွဲသဘင်" ဟုဘာသာပြန်ထားသည်။ မူလဂရိတ်ကျမ်း၌ "συναγωγαῖς" ဟူ၍၎င်း၊ အင်္ဂလိပ်ကျမ်းစာများ၌ "synagogues" ဟူ၍၎င်း၊ တွေ့ရသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.