-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၈


သူငယ်ကဲ့သို့ မဖြစ်လျှင်

ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင် နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ်ပါအံ့နည်း၊ ဟုမေးလျှောက်ကြသော်၊ သူငယ်တစ်ယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့ အလယ်၌ ထားပြီးမှ၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင် နိုင်ငံတော်သို့ မရောက်ရကြ၊ ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသော ပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။


မှားယွင်းစရာအကြောင်း
CROSS REFERENCES






မှားယွင်းစရာ အကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာ ရှိကြ၏။ မှားယွင်းစရာ အကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာ အကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ သင်၏ လက်​ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်​ခြေကို ဖြတ်ပစ်လော့။ လက်​ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ ကောင်း၏။ သင်၏ မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိ နှစ်ဘက်စုံနှင့် ငရဲမီး [A]ထဲသို့ ချခြင်းကို ခံရသည်ထက်၊ မျက်စိတစ်ဘက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ ကောင်း၏။


ပျောက်သောသိုး

၁၀ သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။ ၁၁ ထိုမှတပါးလူသားသည် ပျောက်သော သူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။ ၁၂ အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာ ရှိသော သူ၌ သိုးတစ်ကောင်သည် လမ်းလွှဲ၍ ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ့်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာ ထားခဲ့ပြီးမှ၊ လမ်းလွဲ၍ ပျောက်သော သိုးတစ်ကောင်ကို သွား၍ ရှာတတ်သည် မဟုတ်လော။ ၁၃ တွေ့ပြီးလျှင်၊ လမ်းမလွှဲ၊ မပျောက်သောသိုး ကိုးဆယ့်ကိုးကောင်၌ ဝမ်းမြောက်ခြင်း ရှိသည်ထက်၊ ထိုသိုးတစ်ကောင်၌ သာ၍ ဝမ်းမြောက်ခြင်း ရှိသည်၊ ဟုငါအမှန်ဆို၏။ ၁၄ ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ဤသူငယ် တစ်ယောက်မျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။


ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်
CROSS REFERENCES





CROSS REFERENCES






၁၅ ထိုကြောင့် သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကို ပြ၍ ဆုံးမလော့။ သူသည် သင်၏ စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။ ၁၆ သို့မဟုတ် သင်၏စကားကို နားမထောင်လျှင်၊ လူနှစ်ဦး သုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့။ ၁၇ ထိုသူတို့၏ စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏ စကားကို နားမထောင်လျှင်၊ သာသနာပလူ ကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကို မှတ်လော့။ [B] ၁၈ ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ် သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။ [C]


လူနှစ်ဦးသုံးဦးရှိရာ

၁၉ တဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသော ဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ ၂၀ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည်၊ ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်၊ ဟုမိန့်တော်မူ၏။


အကြိမ်ခုနစ်ဆယ်ခုနစ်လီ

၂၁ ထိုအခါ ပေတရုသည် ချဉ်းကပ်၍သခင်၊ ညီအစ်ကိုသည် အ​ကျွန်ုပ်ကို ပြစ်မှား၍ အ​ကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ် မြောက်အောင် လွှတ်ရပါအံ့လော၊ ဟုမေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ် မြောက်အောင် လွှတ်ရမည် ငါမဆို။ ၂၂ အကြိမ် ခုနစ်ဆယ် ခုနစ်လီ မြောက်အောင် လွှတ် ရမည်ငါဆို၏။ ၂၃ ထိုကြောင့် ကောင်းကင် နိုင်ငံတော်သည်၊ မိမိ​ကျွန်များတို့ကို စာရင်းယူခြင်းငှာ အလိုရှိသော မင်းကြီးတစ်ဦး နှင့်တူ၏။ ၂၄ စာရင်းယူစဉ်တွင်၊ ငွေအခွက် တစ်သိန်း ကြွေးတင်သောသူ တစ်ယောက်ကို ရှေ့တော်သို့ ဆောင်ခဲ့ကြ၏။ ၂၅ ထိုသူသည် ကြွေးဆပ်ရန် မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယား ဥစ္စာရှိသမျှတို့ကို ရောင်း၍ ကြွေးကိုဆပ်စေ၊ ဟုသူ၏ သခင် စီရင်၏။ ၂၆ ထို​ကျွန်သည် ညွတ်ပြပ် ဝပ်တွားလျက်၊ သခင် ​ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်၊ ဟုလျှောက်လျှင်၊ ၂၇ သူ၏သခင်သည် သနားခြင်း ရှိသဖြင့် ကြွေးရှိသမျှကို လွှတ်၍ ချမ်းသာပေးလေ၏။ ၂၈ ထို​ကျွန်သည် ထွက်သွားရာတွင် မိမိငွေ ဒေနာရိ တစ်ရာ ကြွေးတင်သော ကျွန်ချင်း တစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကို ကိုင်ညှစ်၍ ငါ့ငွေကို ဆပ်ပေးလော့၊ ဟုဆို၏။ ၂၉ ထို​ကျွန်ချင်းသည် ကြွေးရှင်၏ ​ခြေရင်း၌ ပြပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်၊ ဟုတောင်းပန်သော်လည်း၊ ၃၀ ငွေရှင်သည် နားမထောင်ဘဲ သွား၍ ကြွေးကို မဆပ်မှီ တိုင်အောင် သူ့ကို ထောင်ထဲမှာ လှောင်ထား၏။ ၃၁ ထိုအမူအရာကို အခြားသော ​ကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသော စိတ်နှင့် သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။ ၃၂ ထိုအခါ သခင်သည် ထို​ကျွန်ကို ခေါ်၍၊ ဟယ်ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကို တောင်းပန်သောကြောင့် သင်၌ တင်သမျှသော ကြွေးကို ငါရှင်းလင်းစေ၏။ ၃၃ ငါသည် သင့်ကို သနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလော၊ ဟုဆိုလျက်၊၃၄ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မှီတိုင်အောင် အာဏာသားတို့ လက်ကို အပ်လေ၏။ ၃၅ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတံ့၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.