-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၅

အပျိုကညာ တစ်ကျိပ်

ထိုအခါ ကောင်းကင် နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြို ပြုအံ့သောငှာ မီးခွက်ကို ကိုင်ယူ၍၊ ထွက်သွားသော အပျိုကညာ(a) တစ်ကျိပ်နှင့်တူ၏။ ထိုအပျိုကညာတို့တွင် ငါးယောက်သည်၊ ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သော သူတို့သည်၊ မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။ ပညာသတိ ရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ ပါသော ဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင် လုလင်သည် မလာဘဲနေစဉ်၊ ထိုအပျိုကညာ အပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြို ပြုခြင်းငှာ ထွက်သွားကြကုန်၊ ဟုကြွေးကြော်လျှင်၊ ထိုအပျိုကညာ အပေါင်းတို့သည် ထ၍၊ မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ဆီကို အနည်းငယ် ပေးပါ၊ ဟုပညာရှိသော သူတို့အား တောင်းကြ၏။ ပညာရှိသော သူတို့ကလည်း၊ သင်တို့အဖို့နှင့် ငါတို့အဖို့ ဆီမလောက်။ ထိုကြောင့် ဆီရောင်းသောသူ ရှိရာသို့ သွား၍၊ ကိုယ်သုံးဖို့ ဝယ်လျှင် သာ၍ ကောင်းသည်၊ ဟုပြန်ပြောကြ၏။ ၁၀ ထိုသူတို့သည် ဆီဝယ်သွားသည် အခိုက်တွင်၊ မင်္ဂလာဆောင် လုလင်သည် လာ၍၊ အသင့်ရှိသော အပျိုကညာတို့သည် လုလင်နှင့်အတူ ပွဲသို့ ဝင်ကြပြီးလျှင်၊ တံခါးကို ပိတ်ထား၏။ ၁၁ ထိုနောက် ကြွင်းသော အပျိုကညာတို့သည်၊ လာ၍အရှင်၊ အရှင်၊ ​ကျွန်မတို့အား တံခါးကိုဖွင့်ပါ၊ ဟုတောင်းလျှောက်ကြသော်၊ ၁၂ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိ၊ ဟုပြန်ပြောလေ၏။ ၁၃ သို့ဖြစ်၍ လူသားသည် ကြွလာအံ့သော နေ့ရက် အချိန်နာရီကို၊ သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့။


အခြားပြည်သို့သွားသောလူ [A]

၁၄ ဥပမာကား၊ လူတစ်ဦးသည် အခြားသော ပြည်သို့သွားမည်၊ ဟုအကြံရှိလျက်၊ မိမိငယ်သားတို့ကို ခေါ်၍၊ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိ ရှိသည်အတိုင်း၊ တစ်ဦး၌ ငွေအခွက်ငါးဆယ်၊ ၁၅ တစ်ဦး၌ အခွက်နှစ်ဆယ်၊ တစ်ဦး၌ အခွက်တစ်ဆယ်ကို အပ်ပေးပြီးမှ၊ ချက်ခြင်းသွားလေ၏။ ၁၆ အခွက်ငါးဆယ်ကို ခံသောသူသည် သွား၍၊ ကုန်သွယ်ခြင်းကို ပြုသဖြင့်၊ အခြားသော အခွက်ငါးဆယ်ကို အမြတ်ရလေ၏။ ၁၇ ထိုနည်းတူ၊ အခွက် နှစ်ဆယ်ကို ခံသောသူသည်လည်း၊ အခြားသော အခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ ၁၈ အခွက်တစ်ဆယ်ကို ခံသောသူမူကား၊ သွား၍မြေ၌ တွင်းတူးပြီးလျှင်၊ အရှင်၏ငွေကို ဝှက်ထားလေ၏။ ၁၉ ကာလကြာမြင့်ပြီးမှ၊ ထိုငယ်သားတို့၏ အရှင်သည် လာ၍၊ သူတို့ကို စာရင်းယူလေ၏။ ၂၀ အခွက် ငါးဆယ်ကို ခံသောသူသည် ချဉ်းကပ်၍၊ အခြားသော အခွက်ငါးဆယ်ကို ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသော အခွက်ငါးဆယ်ကို အ​ကျွန်ုပ် အမြတ်ရပါပြီ၊ ဟုလျှောက်လေ၏။ ၂၁ အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏သခင်နှင့် အတူ၊ စည်းစိမ်ကို ဝင်စားလော့၊ ဟုမိန့်တော်မူ၏။ ၂၂ အခွက်နှစ်ဆယ်ကို ခံသော သူသည်လည်း ချဉ်းကပ်၍သခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ အခွက်နှစ်ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသော အခွက်နှစ်ဆယ်ကို အ​ကျွန်ုပ် အမြတ်ရပါပြီ၊ ဟုလျှောက်လေသော်၊ ၂၃ အရှင်က၊ သာဓုသစ္စာရှိသော ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ၊ စည်းစိမ်ကို ဝင်စားလော့၊ ဟုမိန့်တော်မူ၏။ ၂၄ အခွက်တစ်ဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူ ဖြစ်သည်နှင့် ကိုယ်မစိုက်၊ မပျိုးသော အရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်၊ မကြဲသော အရပ်၌ စုသိမ်းတတ်သည်ကိုအ​ကျွန်ုပ်သိ၍၊ ၂၅ ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက် တစ်ဆယ်ကို မြေ၌ ဝှက်ထားပါပြီ၊ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်၊ ဟုလျှောက်၏။ ၂၆ အရှင်ကလည်း၊ ဆိုးညစ် ပျင်းရိသော ငယ်သား၊ ငါသည် ကိုယ်မစိုက် မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ်မဖြန့်၊ မကြဲသော အရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊ ၂၇ ငါ့ငွေကို ပွဲစားလက်သို့ အပ်ရမည်။ ထိုသို့အပ်လျှင်၊ ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကို ရနိုင်၏။ ၂၈ ထိုကြောင့် အခွက်တစ်ဆယ်ကို ထိုသူ၏လက်မှ နှုတ်ကြ၊ အခွက်တစ်ရာ ရှိသောသူကို ပေးကြ။ ၂၉ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာ၊ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၃၀ အသုံးမရသော ထိုငယ်သားကို ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ နှင်ထုတ်ချ လိုက်ကြ၊ ဟုစီရင်တော်မူ၏။ [B]


သိုးနှင့်ဆိတ်ခွဲခြင်း
CROSS REFERENCES






၃၁ လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ၊ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ၃၂ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီ ခွဲထားသကဲ့သို့၊ ၃၃ သိုးတို့ကို လက်ယာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။ ၃၄ ထိုအခါ လက်ယာတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကိုလာ၍ အမွေခံကြလော့။ ၃၅ အကြောင်းမူ ကား၊ ငါသည် မွတ်သိပ်သောအခါ၊ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ၊ သင်တို့သည် သောက်ဖို့ ပေးကြ၏။ ငါသည် ဧည့်သည် ဖြစ်သောအခါ၊ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ ၃၆ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ၊ သင်တို့သည် အဝတ်နှင့် ဖုံးလွှမ်းကြ၏။ [C] ငါသည် အနာရောဂါ စွဲသောအခါ၊ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာ နေရသောအခါ၊ သင်တို့သည် ငါ့ထံသို့ လာကြ၏၊ ဟုမိန့်တော်မူလျှင်၊ ၃၇ ​ဖြောင့်မတ်သော သူတို့က သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အ​ကျွန်ုပ်တို့သည် မြင်၍၊ ကိုယ်တော်ကို လုပ်​ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အ​ကျွန်ုပ်တို့သည် မြင်၍၊ ကိုယ်တော်ကို သောက်ဖို့ ပေးပါသနည်း။ ၃၈ ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အ​ကျွန်ုပ်တို့သည် မြင်၍၊ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်း ရှိတော်မူသည်ကို အဘယ်အခါ၌ အ​ကျွန်ုပ်တို့သည် မြင်၍၊ ကိုယ်တော်ကို အဝတ်နှင့် ဖုံးလွှမ်းပါသနည်း။ ၃၉ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အ​ကျွန်ုပ်တို့သည် မြင်၍၊ အထံတော်သို့ ရောက်ပါသနည်း၊ ဟုပြန်၍လျှောက်ကြသော်၊ ၄၀ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူ တည်းဟူသော ငါ့ညီတို့တွင်၊ အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို၊ ငါ့အားပြုကြပြီ၊ ဟုပြန်၍မိန့်တော်မူလတံ့။ ၄၁ ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ ပြင်ဆင်သော ထာဝရမီးထဲသို့၊ ငါ့ထံမှ ခွာသွားကြလော့။ ၄၂ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် မ​ကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့ မပေး။ ၄၃ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို မပြု။ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ သင်တို့သည် အဝတ်နှင့် မဖုံးမလွှမ်း။ ငါသည် အနာရောဂါ စွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရသောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြ၊ ဟုမိန့်တော်မူလျှင်၊ ၄၄ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်း ရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်းတို့ကို အ​ကျွန်ုပ်တို့သည် အဘယ်အခါ၌ မြင်၍၊ ကိုယ်တော်ကို မပြုစု၊ မလုပ်​ကျွေးဘဲ နေပါသနည်း၊ ဟုပြန်၍လျှောက်ကြသော်၊ ၄၅ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား မပြုသမျှတို့ကို ငါ့အားမပြုကြပြီ၊ ဟုပြန်၍မိန့်တော်မူလတံ့။ ၄၆ ထိုသူတို့သည် ထာဝရ အပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ​ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရ အသက်ရှင်ရာသို့၎င်း၊ သွားရကြလတံ့၊ ဟုမိန့်တော်မူ၏။


_________________________
Footnotes


(a) ဂရိတ်လို παρθένοις အသံထွက် parthenois အင်္ဂလိပ်လို Virgin ကိုမြန်မာကျမ်းစာအုပ်၌ "သတို့သမီး" ၊ ဟုဘာသာပြန်ထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.