-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၅


လက်မဆေးဘဲစား

ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊ ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါ သည်တကား၊ ဟုလျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ [A] အကြင်သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေ၊ ဟုလာသတည်း။ [B] သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံး ရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေ၊ ဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာ မပြုရ၊ ဟုဆိုကြ၏။ ထိုသို့ သင်တို့သည် အဆက်ဆက်ခံသော ဥပဒေသအားဖြင့် ဘုရားသခင်၏ ပညတ်တော်ကို ပယ်ကြ၏။


နှုတ်နှင့်ချဉ်းကပ်
CROSS REFERENCES





CROSS REFERENCES






လျှို့ဝှက်သောသူတို့၊ [C] ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသ ပေးလျက်ပင် ငါ့ကို အချည်းနှီး ကိုးကွယ်ကြ၏၊ ဟု နောက်ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ၊ ဟုပြန်၍မိန့်တော်မူ၏။ [D]


လူကန်းလမ်းပြ

၁၀ ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့နားထောင် နားလည်ကြလော့။ ၁၁ ခံတွင်းသို့ ဝင်သော အရာသည် လူကို ညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှ ထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၁၂ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခု မိန့်တော်မူသော စကားကို ဖာရိရှဲတို့သည် ကြားသောအခါ စေတနာစိတ် ပျက်ကြသည်ကို သိတော်မူသလော၊ ဟုလျှောက်ကြ၏။ ၁၃ ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် စိုက်တော် မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။ ၁၄ ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်ကြ၏။ လူကန်းချင်း တစ်ဦးကို တစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ ကျကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ [E]


လူကိုညစ်ညူးစေသောအရာ

၁၅ ပေတရုကလည်း၊ ထိုဥပမာကို အ​ကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါ၊ ဟုလျှောက်လျှင်၊ ၁၆ ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။ ၁၇ ခံတွင်းသို့ ဝင်သမျှသည် ဝမ်းထဲသို့ ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။ ၁၈ ခံတွင်းမှ ထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသော အရာဖြစ်၏။ ၁၉ မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊ ၂၀ လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကို စားခြင်းမူကား၊ လူကို ညစ်ညူးစေသည် မဟုတ်၊ ဟုမိန့်တော်မူ၏။


ခါနာန်အမျိုးဖြစ်သော မိန်းမ
CROSS REFERENCES






၂၁ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ၂၂ ခါနာန်အမျိုး ဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှ ထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ [F] ​ကျွန်မကို သနားတော်မူပါ။ ​ကျွန်မ၏ သမီးသည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်၊ ဟုဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှ ပြန်တော်မမူ။ ၂၃ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့လိုက်၍ ဟစ်ကြော်လျက် နေပါသည်၊ ဟုတောင်းလျှောက်ကြ၏။ ၂၄ ကိုယ်တော်ကလည်း၊ ဣသရေလ အမျိုး အဝင် ပျောက်လွင့်သော သိုးများ မှတပါး အခြားသော အမျိုးရှိရာသို့ ငါ့ကို မစေမလွှတ်၊ ဟုမိန့်တော်မူ၏။ ၂၅ ထိုမိန်းမသည် ချဉ်းကပ်၍ ပြပ်ဝပ်လျက် ကျွန်မကို ကယ်မတော်မူပါ သခင်၊ ဟုလျှောက်ပြန်လျှင်၊၂၆ ကိုယ်တော်က၊ သား၏အစာကို ယူ၍ ခွေးအားမပေး၊ မချအပ်၊ ဟုပြန်ပြောတော်မူ၏။ ၂၇ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှ ကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏၊ ဟုလျှောက်ပြန်လျှင်၊ ၂၈ အိုမိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ၊ ဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာပကတိ ဖြစ်လေ၏။


လူနာများကျန်းမာစေ

၂၉ ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့ တက်၍ ထိုင်တော်မူ၏။ ၃၀ များစွာသော လူအပေါင်းတို့သည် ​ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သော သူမှစ၍ အခြားသော အနာရောဂါ စွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ​ခြေတော်ရင်း၌ ချထားကြ၏။ ၃၁ အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသော သူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကို၎င်း၊ ​ခြေမစွမ်းသော သူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသော သူသည် မြင်ရသည်ကို၎င်း၊ လူအစုအဝေးတို့သည် မြင်လျှင် အံ့ဩခြင်းသို့ ရောက်၍ ဣသရေလ အမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။


လူလေးထောင်အစာ​ကျွေး

၃၂ ထိုအခါ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာ အလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကို စိုးရိမ်သောကြောင့် အစာမစားမှီ သူတို့ကို လွှတ်ခြင်းငှာ ငါအလိုမရှိ၊ ဟုမိန့်တော်မူလျှင်၊ ၃၃ တပည့်တော်တို့က ဤမျှလောက်များသော လူစုတို့သည် ဝစွာ စားလောက်သော အစာကို ဤတောအရပ်၌ အ​ကျွန်ုပ်တို့သည် အဘယ်သို့ ရနိုင်ပါမည်နည်း၊ ဟုလျှောက်ကြသော်၊ ၃၄ ယေရှုက၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်း၊ ဟုမေးတော်မူလျှင်၊ မုန့်ခုနစ်လုံးနှင့် အနည်းငယ်မျှသော ငါးကောင်ကလေး ရှိပါသည်၊ ဟုပြန်လျှောက်ကြ၏။ ၃၅ ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာ လျောင်းကြစေ၊ ဟုအမိန့်တော်ရှိ၏။ ၃၆ မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်း အပြည့် ရကြ၏။ ၃၈ စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ ယောက်ျား လေးထောင် ရှိသတည်း။ ၃၉ ထိုလူအများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါကျေးလက်သို့ ရောက်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.