-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၃

ဖာရိရှဲတို့မောရှေပလ္လင်၌ထိုင်ကြ

ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူအပေါင်းတို့အား ဟောပြောတော်မူသည်ကား၊ ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင်ကြ၏။ ထိုကြောင့် သူတို့စီရင် ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍ သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏၊ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။ သူတို့သည် ပြုသမျှသော အကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါ ပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသောပန်း ပွားတို့ကို၎င်း၊ ဝတ်လေ့ရှိကြ၏။ ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သော နေရာ ထိုင်ရာကို၎င်း၊ စျေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကို၎င်း၊ ဆရာဟု(a) လူများခေါ်ဝေါ်ခြင်းကို၎င်း၊ နှစ်သက်ကြ၏။


သင်တို့မူကား
CROSS REFERENCES






သင်တို့မူကား ဆရာ(a) ဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ ဆရာ(b) တပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တစ်ပါးတည်း ရှိတော်မူ၏။ ၁၀ ဆရာ၊(b) ဟုခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ ဆရာ(b) တစ်ပါးတည်းရှိ၏။ ၁၁ သင်တို့တွင် အကြီးဖြစ်သော သူသည် သင်တို့အစေခံ ဖြစ်ရ၏။ ၁၂ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။ [A]


ဖာရိရှဲတို့၏ပထမ အမင်္ဂလာ
CROSS REFERENCES






၁၃ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ [B] သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ကိုလည်း ဆီးတားကြ၏။


ဖာရိရှဲတို့၏ ဒုတိယ အမင်္ဂလာ

၁၄ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူ သိမ်းစား၍၊ အပြစ် မပေါ်စေခြင်းငှာ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ ကြီးစွာသော ဒဏ်ကို ခံရကြလတံ့။


ဖာရိရှဲတို့၏တတိယ အမင်္ဂလာ
CROSS REFERENCES






၁၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာ ကုန်းကြောင်း၊ ရေကြောင်း ပတ်ပတ်လည် လှည့်လည်၍ ဘာသာ သွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသော ငရဲသား [C] ဖြစ်စေကြ၏။


ဖာရိရှဲတို့၏ စတုတ္ထ အမင်္ဂလာ

၁၆ လမ်းပြသော လူကန်းတို့၊ [D] သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် မတည်။ ဗိမာန်တော်၏ ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် တည်သည်၊ ဟုသင်တို့ဆိုကြ၏။ ၁၇ လူမိုက် လူကန်းတို့၊ အဘယ်အရာသည် သာ၍ မြတ်သနည်း။ ထိုရွှေကား မြတ်သလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော်ကား မြတ်သလော။ ၁၈ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာ ရှိသော ပူဇော်သက္ကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် တည်သည်၊ ဟုသင်တို့ဆိုကြ၏။ ၁၉ လူမိုက်လူကန်းတို့ အဘယ်အရာသည် သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထိုပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကား မြတ်သလော။ ၂၀ ထိုကြောင့် ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ၂၁ ဗိမာန်တော်ကို တိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ၂၂ ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလျှင်၊ ဘုရားသခင်၏ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း၊ တိုင်တည်၍ ကျိန်ဆိုသတည်း။


ဖာရိရှဲတို့၏ပဉ္စမအမင်္ဂလာ

၂၃ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင်၊ တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်း တည်းဟူသော ပညတ်တရားတွင်၊ လေးသော အရာတို့ကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသော အရာတို့ကို မလှပ်မထား၊ နောက်ဆိုသော အရာတို့ကို ကျင့်ရမည်။ ၂၄ လမ်းပြသော လူကန်းတို့၊ [E] သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ၊ ရေကိုစစ်လျက်နှင့် ကုလားအုပ်ကို မျိုကြ၏။


ဖာရိရှဲတို့၏ ဆဌမ အမင်္ဂလာ

၂၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ ၂၆ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။ ၂၇ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အ​ကြေး အမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ၂၈ ထိုအတူ သင်တို့သည် အပြင်၌ လူတို့ရှေ့မှာ​ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။


ဖာရိရှဲတို့၏ သတ္တမ အမင်္ဂလာ
CROSS REFERENCES






၂၉ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍​ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ၃၀ ငါတို့သည် ဘိုးဘေးတို့ လက်ထက်၌ ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီ၊ ဟုဆိုကြ၏။ ၃၁ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သော သူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို၊ ကိုယ်အဖို့ ကိုယ်သက်သေခံကြ၏။ ၃၂ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကို မှီအောင် ကျင့်ကြလော့။ ၃၃ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ [F] အဘယ်သို့ လွတ်နိုင်ကြမည်နည်း။ ၃၄ ထိုကြောင့် ဗျာဒိတ်တော်အချက် ဟူမူကား၊ ပရောဖက်ပညာရှိ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။ ၃၅ ထိုကြောင့်​ ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌၊ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏အသွေးတိုင်အောင်၊ မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည်၊ သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ၃၆ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သော လူများအပေါ်သို့ ရောက်ကြလိမ့်မည်။


ယေရုရှလင်မြို့ကို ယေရှုကျိန်
CROSS REFERENCES






၃၇ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ [G]သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း၊ ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့၊ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ ၃၈ သင်တို့နေသော အိမ်သည်၊ သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ၃၉ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည်၊ မင်္ဂလာရှိစေသော၊ ဟုသင်တို့ မပြောမှီ တိုင်အောင်၊ ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


၇ & ၈ (a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" (သို့မဟုတ်) "သခင်" ဖြစ်သည်။

၁၀ (b) မြန်မာကျမ်းစာအုပ်၌ "ဥပဇ္ဈာယ်ဆရာ"ဟုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.