-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၃

ယောဟန်အမှုတော် စတင်ဆောင်ရွက်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထိုကာလအခါ ဗတ္တံဇံဆရာ ယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင် နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။ [A] ပရောဖက်ဟေရှာယ ဟောဘူးသည်ကား၊ တော၌ ဟစ်ကျော်သောသူ၏ အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့၊ ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလိုသတည်း။ [B] ယောဟန်သည် ကုလားအုပ်အမွှေးနှင့် ရက်သော အဝတ်ကို ဝတ်လျက်၊ [C] ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် [D] တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။ ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာ နေသောသူ အပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊ [E] မိမိတို့အပြစ်များကို ဖော်ပြလျက် ယော်ဒန်မြစ်၌ ဗတ္တိဇံ [F] ကိုခံကြ၏။


မြွေဆိုးအမျိုးတို့
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ [G] ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကိုကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော် ဖန်ဆင်းနိုင်တော်မူသည်၊ ဟုငါအမှန်ဆို၏။ [H] ၁၀ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက် ရှိသည်ဖြစ်၍၊ ကောင်းသော အသီးမသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရ၏။ [I] ၁၁ ငါသည် နောင်တ အဖို့အလိုငှာ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက် ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။ [J] (a) ၁၂ လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ [K] မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့၊ ဟုယောဟန်ဟောပြော၏။ [L]


ယေရှုဗတ္တိဇံခံ
CROSS REFERENCES





CROSS REFERENCES






၁၃ ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှာ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ [M] ၁၄ ယောဟန်ကလည်း၊ အ​ကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကို ခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အ​ကျွန်ုပ်ထံသို့ ကြွလာတော်မူသလော၊ ဟုယေရှုကိုဆီးတားလေ၏။ ၁၅ ယေရှုကလည်း အလုံးစုံသော တရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊ ယခုအခွင့်ပေးပါ၊ ဟုပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည် ဝန်ခံလေ၏။ ၁၆ ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင် ကောင်းကင် ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ [N] ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ၁၇ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ [O] ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။

_________________________
Footnotes


၁၁ (a) များစွာသော ယုံကြည်သူများက၊ မီးဗတ္တိဇံကို အလွန်လိုချင်ကြသည်။ ထိုသို့ အလိုရှိခြင်းသည် ယောဟန်ဆိုလိုသော အဓိပ္ပါယ်ကိုမသိသောကြောင့် ဖြစ်သည်။ မီးဗတ္တိဇံသည် အဘယ်အရာကိုဆိုလိုသနည်း? ယောဟန်က ထိုစကားကို၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲများထံ ပြောခြင်းဖြစ်သည်။ ကျမ်းစာကို သေချာစွာ ပိုင်းခြားလေ့လာဖို့လိုသည် (၂ တိ ၂း၁၅)။ "လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူလတံ့"၊ ဟုယောဟန် ဟောပြောသောကြောင့်၊ မီးဗတ္တိဇံသည် မငြိမ်းနိုင်သော မီးငရဲအိုင်ထဲသို့ ချခြင်းကို ဆိုလိုသည်။ အဘယ်ကြောင့် မီးဗတ္တိဇံကို သန့်ရှင်းသော ဝိညာဉ်တော်ဗတ္တိဇံ၊ ဟုယူဆကြသနည်းဟူမူကား၊ တမန်တော် ၂း၃ ၌၊ "ထိုခဏခြင်းတွင်၊ ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည်နေကြ၏၊" ဟူသောအရာနှင့် ဆက်စပ် တွဲယူသောကြောင့်ဖြစ်သည်။ ထိုနှစ်ခုသည် မည်သို့မျှ မသက်ဆိုင်ပါ။ မီးဗတ္တိဇံသည် မီးအိုင်ထဲသို့ ချပစ်ခြင်းသာလျှင်ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.