၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့။
၄ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။
sပေါလုသည် ကောရိန္သုအသင်းတော်ကို မနှောင့်ယှက်
၆ ခရစ်တော်၏ ကျေးဇူးအားဖြင့်၊ သင်တို့ကို ခေါ်တော်မူသောသူနှင့်၊ ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည်၊ အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့်၊ ငါသည် အံ့ဩခြင်းရှိ၏။
၆ တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်းမကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့၊ဟုငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ငါတို့သည် ပညတ်ထားကြ၏။
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ်မလုပ်ကြနှင့်။
၃ ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍၎င်း၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်း ငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သော၊ ဆွေစဉ်မျိုးဆက် စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍၎င်း၊ သင်သည် အချို့သောသူတို့ကို ပညတ်ထား၍၊
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၆ သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင် ငါ့ကိုအဘယ်သူ ရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ်သူ ကြောက်ရွံ့သနည်း၊ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည်၊ နာမတော်ကို မထိမဲ့မြင်ပြုသော ယဇ်ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်း၊ ဟုသင်တို့မေးရာတွင်၊
၂၁ သခင်၊ သခင်၊ဟုငါ့ကို လျှောက်သောသူတိုင်း၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်၊ ဟုအဘယ်ကြောင့် ခေါ်ကြသနည်း။
၂၂ ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။