-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၄


ဗိမာန်တော်ပျက်မည့်အကြောင်း

ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည်၊ ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။ ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည် မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရ၊ ဟု [A] မိန့်တော်မူ၏။


ခရစ်တော်ကြွလာမည့်နိမိတ်များ

ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူ မပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာ ကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း၊ အမိန့်ရှိတော်မူပါ၊ ဟုလျှောက်ကြ၏။


ခရစ်တော်အတုပေါ်မည်
CROSS REFERENCES






ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။ အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ [B]


စစ်တိုက်မည်

သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ [C] စစ်တိုက်အံ့သော သတင်းစကားကို၎င်း၊ ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာ များသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့် တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံ၊ ရန်ဘက်ပြု ကြလိမ့်မည်။ [D] အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး (ကလေးမွေးနာ) ဖြစ်သတည်း။


ယုံကြည်သူညှဉ်းဆဲခြင်း
CROSS REFERENCES






ထိုကာလ၌ လူအများတို့သည် သင်တို့ကို ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသော လူမျိုးတို့သည်၊ သင်တို့ကို မုန်းကြလိမ့်မည်။ ၁၀ ထိုကာလ၌ အများသော သူတို့သည် ဖောက်ပြန်ခြင်းသို့ ရောက်၍၊ အချင်းချင်း တယောက်ကို တယောက် အပ်ကြလိမ့်မည်။ [E]


မိစ္ဆာပရောဖက်အများ
CROSS REFERENCES






၁၁ အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက် အများတို့သည် ပေါ်လာ၍၊ [F] လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ ၁၂ မတရားသော အမှုတို့သည် များပြားသဖြင့်၊ အများသော သူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ ၁၃ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။


နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား
CROSS REFERENCES






၁၄ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည် အကြောင်း၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို၊(a) [G] လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတံ့။


ဘေးဒဏ်ကြီးကာလ
CROSS REFERENCES





CROSS REFERENCES






၁၅ ထိုကြောင့် ပရောဖက် ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည်၊(b) သန့်ရှင်းသော အရပ်ဌာန၌(c) စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ [H] ကျမ်းစာကို ကြည့်သောသူသည်၊ နားလည်ပါစေ။ ၁၆ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည်၊ တောင်ပေါ်သို့ ပြေးကြစေ။ ၁၇ အိမ်မိုးပေါ်မှာ ရှိသော သူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ [I] ၁၈ လယ်၌ ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ၊ နောက်သို့ မပြန်စေနှင့်၊ ၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန် ခက်ကြလိမ့်မည်။ [J] ၂၀ သင်တို့ ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့ [K]၌လည်း မကျမည်အကြောင်း၊ ဆုတောင်းကြလော့။(d) ၂၁ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ၂၂ ထိုကာလ တာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့အဖို့ အလို့ငှာ၊ ထိုကာလသည် တိုလိမ့်မည်။


ခရစ်တော် အတုပေါ်မည်
CROSS REFERENCES






၂၃ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၄ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ [L] ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြား လောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။ ၂၅ ထိုအကြောင်း အရာတို့ကို ငါပြောနှင့်ပြီ။ ၂၆ ထိုကြောင့် သူတို့က၊ ခရစ်တော်သည် တော၌ ရှိသည်၊ ဟုဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၇ လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။ ၂၈ အသေကောင် ရှိရာ၌ လင်းတတို့သည် စုဝေးကြလတံ့။


ဒုတိယအကြိမ် ရှင်ဘုရင်အဖြစ် ကြွလာခြင်း

၂၉ ထိုကာလ၏ ဒုက္ခ ဆင်းရဲခြင်းနောက်၊ ရုတ်ခနဲ နေသည် မိုက်လိမ့်မည်။ လသည် အရောင်ကို မပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင် တန်ခိုးတို့သည်၊ တုန်လှုပ်ကြလိမ့်မည်။ ၃၀ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည်၊ ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။ ၃၁ လူသားသည် မိမိတမန်တို့ကို စေလွှတ်၍၊ တံပိုးခရာကို ပြင်းစွာ မှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို၊ အရပ် လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးကြလတံ့။

CROSS REFERENCES






သင်္ဘောသဖန်းပင် [M]
CROSS REFERENCES






၃၂ သင်္ဘောသဖန်းပင်ကို အစွဲပြု၍၊ ပုံသက်သေ တစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည်၊ (e) အခက် အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလ နီးသည်ကို သင်တို့သိကြ၏။ ၃၃ ထိုနည်းတူ၊ ထိုအကြောင်းအရာ အလုံးစုံတို့ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ၃၄ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ၊ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၅ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။ [N]



နောဧလက်ထက်၌ ဖြစ်သကဲ့သို့ [O]

၃၆ ထိုအချိန် နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော် တစ်ပါးတည်းသာ သိတော်မူ၏။ ၃၇ လူသားသည် ကြွလာသောအခါ၊ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ၃၈ ရေလွှမ်းမိုးခြင်း မဖြစ်မှီ ကာလ၌၊ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့ တိုင်အောင်၊ လူများတို့သည် စားသောက်လျက်၊ ထိမ်းမြား စုံဘက်လျက် နေ၍၊ ၃၉ ရေလွှမ်းမိုးခြင်း ရောက်သဖြင့်၊ လူခပ်သိမ်းတို့ကို သုတ်သင် ပယ်ရှင်းသည် တိုင်အောင်(f) သတိမဲ့ နေကြသည်နည်းတူ၊ လူသား ကြွလာသော အခါ၌ ဖြစ်လိမ့်မည်။


နှစ်ယောက်ထဲမှ တယောက်သိမ်း
CROSS REFERENCES






၄၀ ထိုအခါလယ်၌ ရှိသောသူ နှစ်ယောက်တို့တွင်၊ တယောက်ကို သိမ်းယူ (g) ၍ တယောက်မူကား နေရစ်ရလတံ့။ [P] ၄၁ ကြိတ်ဆုံ ကြိတ်သောသူ နှစ်ယောက်တို့တွင်၊ တယောက်ကို သိမ်းယူ၍ (h) တယောက်မူကား နေရစ်ရလတံ့။ ၄၂ သင်တို့ အရှင်သည် အဘယ် အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့ မသိသောကြောင့်၊ စောင့်နေကြလော့။ ၄၃ သူခိုးလာမည် အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်း မဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ၄၄ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌၊ လူသားသည် ကြွလာလိမ့်မည်။


​ကျွန်ကောင်းနှင့်ကျွန်ဆိုး
CROSS REFERENCES






၄၅ အရှင်သည် မိမိအိမ်သူ၊ အိမ်သား အပေါင်းတို့အား၊ အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ၊ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း၊ ပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။ ၄၆ အကြင်​ကျွန်သည် ဤသို့ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏။ ထို​ကျွန်သည် မင်္ဂလာရှိ၏။ ၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာ ရှိသမျှတို့ကို ထို​ကျွန်၌ အပ်လိမ့်မည်။ ၄၈ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက င့ါအရှင် လာခဲလိမ့်မည်၊ ဟုစိတ်ထဲ၌ အောက်မေ့သည်နှင့်၊ ၄၉ ​ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက်၊ သေသောက် ကြူးသော သူတို့နှင့်တကွ၊ စားသောက်လျက် နေ၏။ ၅၀ ထို​ကျွန် မကြည့်၊ မမျှော်သော နေ့ရက်၊ မကြားမသိသော အချိန်နာရီ၌၊ သခင်သည် ရောက်လာလျှင်၊ ၅၁ ထို​ကျွန်ကို ပြင်းပြစွာ ကွပ်မျက် ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာအရပ်၌၊ လျှို့ဝှက်သောသူ (i) [Q] တို့နှင့်တကွ နေရာချလတံ့။

_________________________
Footnotes


၁၄ (a) "နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား" သည် "ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား" နှင့်မတူချေ။ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ ခရစ်တော် အသေခံ၍ ရှင်ပြန်ထမြောက်ပြီးမှ ဟောပြောသော တရားဖြစ်၍၊ လောကမှာ တည်ထောင်မည့် နိုင်ငံတော် မဟုတ်ဘဲ၊ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်မည့်အရာ ဖြစ်သည်။ ထိုတရား၌ ဒုတိယ မွေးဖွားရမည် ဟူသောအရာသည် အဓိက ဖြစ်သည်။ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားသည်၊ လောက၌ ခရစ်တော် အုပ်စိုးမည့်အရာ ဖြစ်၍၊ နောင်တရခြင်းသည် အဓိကတရား ဖြစ်သည်။ ထိုတရားကို ဗတ္တိဇံဆရာ ယောဟန်က စတင်ဟော၍၊ ခရစ်တော်နှင့် တပည့်တော်များက ဆက်ဟောခဲ့သည်။ ယခု အသင်းတော်ခေတ်၌ ထိုတရားကို မဟောတော့ပါ။ နိုင်ငံတော်တရားကို ဘေးဒဏ်ကြီး ကာလ၌ ပြန်ဟောကြမှာ ဖြစ်သည်။


၁၅ (b) ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် ဘုရားဖြစ်ယောင်ဆောင်သော အန္တိခရစ်ဖြစ်သည်။ အန္တိခရစ်သည် ဘုရားအမြင်၌ ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာဖြစ်သည်။


၁၅ (c) သန့်ရှင်းသော အရပ်ဌာနသည် ယေရုရှလင်ဗိမာန်တော်ကို ဆိုလိုသည်။ ပဌမဗိမာန်တော်ကို ရှောလမုန်မင်းက BC ၉၆၀ တွင်တည်ဆောက်၍ ဗာဗုလုန်စစ်သားများက BC ၅၈၆ တွင်မီးရှို့ဖျက်ဆီးခဲ့သည်။ ဒုတိယဗိမာန်တော်ကို ပေရသိရှင်ဘုရင်ကုရုမင်း၏ စေခိုင်းသည့်အတိုင်း ယေရုဗဗေလက BC ၅၃၉ တွင်စတင်တည်ဆောက်၍ BC ၅၁၆ တွင်ပြီးစီးခဲ့သည်။ ထိုဗိမာန်တော်ကို ဟေရုဒ်မင်းကပြုပြင်၍ AD ရ၀ တွင်ရောမစစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဗိမာန်တော်နေရာသည်

အာဗြံကသား ဣဇက်ကို ပူဇော်သော မောရိတောင်ဖြစ်၍ ဒါဝိဒ်ကယဇ်ပူဇော်သော အရောနကောက်နယ်တလင်းလည်းဖြစ် သည် (၂ ရာ ၃း၁)။ ထိုနေရာတွင် မူစလင်များက AD ၆၉၀ တွင်ဗာလီတည်ဆောက်ခဲ့၍ ယခုတိုင်အောင်ရှိသည်။ ထိုနေရာတွင် တတိယဗိမာန်တော်ကို အန္တိခရစ်အခွင့်နှင့် များမကြာမှီတည်ဆောက်မည်။ ဣသရေလလူများ၏ အဓိကလိုလားတောင့်တ သောအရာသည် တတိယဗိမာန်တော်ဆောက်၍ ရှေးကကဲ့သို့ ယဇ်ပူဇော်ဘို့ဖြစ်သည်။ အန္တိခရစ်က ဆောက်ခွင့်ပေးသောအခါ အလွန်အားရကျေနပ်ကြမည်။ သို့သော်သုံးနှစ်ခွဲကြာသော အခါအန္တိခရစ်က သူသည်ဘုရားဖြစ်ကြောင်းကျေညာမည်။ ထိုအခါ မိမိတို့နေရာအသီးသီးမှ ထွက်ပြေးဘို့ခရစ်တော်က အကြံပေးခြင်းဖြစ်သည်။

၂၀ (d) အဘယ်ကြောင့် သူတို့ပြေးမည်အချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း၊ ဆုတောင်းခိုင်းသနည်း ဟူမူကား၊ ဆောင်းကာလတွင် စစ်ပြေးသောအခါ စောင်များလည်း မယူဆောင်နိုင်ကြသောကြောင့် ခက်ခဲ မည်။ ဥပုသ်နေ့၌လည်း ဝေးဝေးပြေးနိုင်မည်မဟုတ်။ အကြောင်းမူကား သူတို့၏ပညတ်တော် အနက်ဖွင့်ချက်အရ ဥပုသ်နေ့တရက်ခရီးသည် ၅ ဖါလုံလောက်သာရှိသည်။(တမန် ၁း၁၂) ထိုဥပုသ်နေ့ပညတ်က ဝေးဝေးပြေးခွင့်ပေးမည်မဟုတ်သော ကြောင့်ဖြစ်သည်။


၃၂ (e) သင်္ဘောသဖန်းပင်သည် "ဣသရေလလူမျိုးကို ပုံဆောင်ကြောင်း" ယေရမိ ၂၄ ၌ထင်ရှားစွာ တွေ့နိုင်သည်။ ဟောရှေ ၉း၁၀ တွင် ဘုရားသခင်က၊ "တော၌ စပျစ်သီးကဲ့သို့ ဣသရေလအမျိုးကို ငါတွေ့၏။ သီးစသော သင်္ဘောသဖန်းပင်၌ အဦးဆုံး မှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ သင်တို့ ဘိုးဘေးများကို ငါမြင်၏။" ဟုဆိုသည်။ လု ၁၃း၆-၉ ၌ သုံးနှစ် ရှိသော်လည်း အသီးမသီးသော သင်္ဘောသဖန်းပင်ကို ခုတ်ပစ်မည့် အကြောင်း သခင်ယေရှုက ဥပမာအားဖြင့် ပြောခဲ့သည်။ သခင်ယေရှုသည် ဣသရေလလူမျိုး၌ သုံးနှစ်အမှုတော် ဆောင်သော်လည်း သူမျှော်လင့်ထားသော အသီး မသီးသောကြောင့် ခုတ်ပစ်ခြင်း တည်းဟူသော တရားစီရင်ခြင်းကို ပြုလုပ်ပြောဖို့သည်။ ရှင်ဘုရင်အဖြစ် ဘိတ်သိက်‌ပေးခြင်းခံဖို့ မြည်းကလေးစီး ပြီးလာသောအခါ သာမန်လူများက သူ့ကို ရှင်ဘုရင်အဖြစ် လက်ခံကြသော်လည်း၊ ဗိမာန်တော် ရောက်သောအခါ ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြုဆရာတို့က လက်မခံခဲ့ကြချေ (မဿဲ ၂၁း၁၅)။ ထို့ကြောင့် အမျက်ထွက်၍ သင်္ဘောသဖန်းပင်ကို ကျိန်၍ သေသွားသည် (မဿဲ ၂၁း၁၉၊ မာကု ၁၁း၁၂-၁၄)။ ခရစ်တော်သည် ဆာသောကြောင့်၊ ဟုဆိုသော်လည်း၊ သင်္ဘောသဖန်းပင် ကျိန်ခြင်းသည် ဆာမွတ်ခြင်း သက်သက်ကြောင့်သာ ဖြစ်မည်မထင်။ သူ့ကို လက်မခံသော ဣသရေလကို ကျိန်ခြင်းဖြစ်မည်။ သူ့ကို အေဒီ (၃၃) တွင် ငြင်းပယ်ခဲ့၍ အေဒီ (၇၀) တွင် ရောမစစ်သား များအားဖြင့် သူတို့လည်း သတ်ဖြတ်ခြင်း နှင်ထုတ်ခြင်းခံရ၍ ထိုအချိန်မှစ၍ ကမ္ဘာအရပ်ရပ်၌ ထွက်ပြေးခြင်းအားဖြင့် နိုင်ငံပျောက်ခဲ့သည်။ ထိုသင်္ဘော သဖန်းပင်သည် ၁၉၄၈ ခုနစ်တွင် နိုင်ငံပြန်လည် ထူထောင်ခြင်းဖြင့် အတက် ပြန်ပေါက်လာပြီ။ ယခုအခါ ဣသရေလ နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ပညာရေး၌ ဝေဝေ ဆာဆာ ရှိလာပြီ။ ထို့ကြောင့် နွေရာသီ တည်းဟူသော ဘေးဒဏ်ကြီး ကာလ နီးကြောင်း သိနိုင်သည်။


၃၉ (f) မူရင်းဂရိတ်၌ ἦρεν ēren ကို အင်္ဂလိပ်ကျမ်းများ၌ "took away" ဟုဘာသာပြန်၍၊ မြန်မာကျမ်းစာအုပ်၌ ဖျက်ဆီးဖို့ရန် "သုတ်သင်ပယ်ရှင်း" ဟုသုံးထားသည်။

၄၀ (g) ယုံကြည်သူများ ချီဆောင်မည့် အရာသည် ကျမ်းတတ်များက ရှင်ပေါလုက ပထမ ပြောသည်၊ ဟုဆိုကြသည်။ ထိုအရာ ကို သခင်ယေရှု ကိုယ်တိုင် ဤသို့ပြောခဲ့ပြီးဖြစ်သည်၊ "ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း၊ သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။" (ယော ၁၁း၂၅-၂၆) ထို့အပြင်၊ (ယော ၁၄း၃) ၌ "ငါသည်သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန် လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ၊ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။" ဟုဆိုသည်။

၄၁ (h) မူရင်းဂရိတ်၌ παραλαμβάνεται ကို အင်္ဂလိပ်ကျမ်းများ၌ "is taken" ဟုဘာသာပြန်၍၊ မြန်မာကျမ်းစာအုပ်၌ သိမ်းထားဖို့ရန် "သိမ်းယူ" ဟုရေးသည်။ ဖျက်ဆီးဖို့ရန် သိမ်းသွားခြင်း မဟုတ်၊ ထိန်းသိမ်းဖို့ သိမ်းယူခြင်း ဖြစ်သည်။

၅၁ (i) လှို့ဝှက်သောသူ- အင်္ဂလိပ်လို "hypocrite(ဟီပိုခရစ်)" ကို မြန်မာကျမ်းစာ၌ လှို့ဝှက်သောသူ၊ ဟုဘာသာပြန်ထားသည်။ Hypocrite ၏ အဓိပ္ပါယ်သည်၊ ပြောသည့်အတိုင်း မလုပ်တတ်သောသူကို ဆိုလိုသည်။ အရက်မကောင်းကြောင်း ဟောပြောနေသော်လည်း၊ ကိုယ်တိုင် တိတ်တိတ်လေး သောက်သောသူ၊ သူများကို လှူဖို့ တိုက်တွန်းသော်လည်း ကိုယ်တိုင် မလှူတတ်သောသူ၊ မေတ္တာအကြောင်း ပြောနေသော်လည်း ကိုယ်တိုင် မချစ်တတ်သော သူသည် hypocrite ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.