-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၂

ယေရှုဥပုသ်နေ့၌ လယ်ကွက်တို့ကို လျှောက်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ [A]ဂျုံစပါး၊ လယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ [B] တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍ [C]စားကြ၏။ ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သော အမှုကို [D] ပြုကြပါသည်တကား၊ ဟုလျှောက်ကြသော်၊ ကိုယ်တော်က၊ ဒါဝိဒ်သည် မိမိအဖော်တို့ နှင့်တကွ မွတ်သိပ်သောအခါ၊ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိ မစားအပ်၊ မိမိအဖော် မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။ [E] ယဇ်ပုရောဟိတ် တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း၊ အပြစ် မသင့်သည်ကို ပညတ္တိကျမ်း၌ မဖတ်ဘူးသလော။ ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက် သာ၍ ကြီးမြတ်သော အရာရှိ၏။ [F] ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ [G] ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသော သူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်၊ ဟုမိန့်တော်မူ၏။


ဥပုသ်နေ့၌ လက်သေသောသူ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထိုအရပ်မှကြွ၍ တရားစရပ်သို့ ဝင်တော်မူ၏။ လက်တစ်ဖက် သေသောသူ တစ်ယောက်ရှိသည် ဖြစ်၍၊ ၁၀ လူအချို့တို့က၊ ဥပုသ်နေ့၌ [A]) ရောဂါကို ငြိမ်းစေအပ်သလောဟု [H] ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။ ၁၁ ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ [I] တွင်းထဲသို့ ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။ ၁၂ လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်၊ ဟုပြန်ပြောတော်မူပြီးမှ၊ ၁၃ ထိုသူအား၊ သင်၏လက်ကို ဆန့်လော့၊ ဟုမိန့်တော်မူ၍၊ သူသည် မိမိလက်ကို ဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။ ၁၄ ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်း၊ ဟု [J] တိုင်ပင်ကြ၏။
CROSS REFERENCES






၁၅ ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ ပြောင်းကြွ၍ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါ ရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။ ၁၆ ထိုသူတို့သည် သတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။ ၁၇ ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည် အကြောင်းတည်း။ နှုတ်ထွက် အချက်ဟူမူကား၊ ၁၈ ငါရွေးချယ်သော ငါ့​ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးသောသူကို [K] ကြည့်ရှုလော့။ [L] ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ ၁၉ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏ အသံကို အဘယ်သူမျှ မကြားစေရ။ ၂၀ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး [M] မီးခိုးများသော မီးစာကို မသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။ ၂၁ သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်၊ ဟုဟောထားသတည်း။


နတ်ဆိုးစွဲသောလူကန်း
CROSS REFERENCES





CROSS REFERENCES






၂၂ ထိုအခါ နတ်ဆိုးစွဲသော [N] လူကန်း၊ လူအ တစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင်၍ စကားပြောနိုင်အောင် ကယ်မ,တော်မူ၏။ ၂၃ လူအစုအဝေး အပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤသူသည် ဒါဝိဒ်၏သားတော် [O] ဖြစ်လိမ့်မည်လော၊ ဟုပြောဆိုကြ၏။ ၂၄ ဖာရိရှဲတို့သည် ကြားလျှင်၊ ဤသူသည် နတ်ဆိုး မင်းဗေလဇေဗုလကို အမှီပြု၍သာ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု၊ [P] ဆိုကြ၏။ ၂၅ ယေရှုသည် ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ [Q] တိုင်းနိုင်ငံ မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့ရွာဖြစ်စေ၊ အိမ်ဖြစ်စေ၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။ ၂၆ စာတန်သည်လည်း စာတန်ကို နှင်ထုတ်သည် မှန်လျှင်၊ သူသည် မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်း။ ၂၇ ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည် မှန်လျှင်၊ သင်တို့၏ သားတို့သည် အဘယ်သူကို အမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။ ၂၈ ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏ နိုင်ငံတော် တည်ချိန် ရောက်လေပြီ။ ၂၉ သူရဲကို ရှေ့ဦးစွာ မချည်မနှောင်လျှင်၊ အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင်အံ့နည်း။ ၃၀ ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ [R]ငါနှင့်အတူ မစုမသိမ်းသော သူသည် ကြဲဖြန့်သော သူဖြစ်၏၊


ဝိညာဉ်တော်ပြစ်မှား
CROSS REFERENCES






၃၁ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ [S] ဘုရားကို ကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ ၃၂ လူသားကိုနှုတ်ဖြင့် ပြစ်မှားသောသူ၏ အပြစ်ကိုလည်း လွှတ်နိုင်၏။ [T] သန့်ရှင်းသော ဝိညာဉ်တော်ကို နှုတ်ဖြင့်ပြစ်မှားသောသူ၏ အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်။ ၃၃ အသီးအားဖြင့် အပင်၏သဘော ထင်ရှားသည်ဖြစ်၍၊ [U] အသီးကောင်းလျှင် အပင်ကောင်းသည်၊ ဟုဆိုကြလော့။ အသီးမကောင်းလျှင် အပင်မကောင်း၊ ဟုဆိုကြလော့။


စိတ်နှလုံးဘဏ္ဍာတိုက်
CROSS REFERENCES





CROSS REFERENCES






၃၄ အချင်း မြွေဆိုးအမျိုးတို့ [V]၊ သင်တို့သည် အဆိုးဖြစ်လျက် ကောင်းသော စကားကို အဘယ်သို့ ပြောနိုင်မည်နည်း။ စိတ်နှလုံး အပြည့်ရှိသည် အတိုင်း [W] နှုတ်မြွက်တတ်၏။ ၃၅ ကောင်းသောသူသည် ကောင်းသောစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသော အရာတို့ကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသော ဘဏ္ဍာတိုက်ထဲက မကောင်းသော အရာတို့ကို ထုတ်ဖော်တတ်၏။ ၃၆ ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သော စကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ [X] စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည် အပြစ်လွတ်လိမ့်မည်။ ၃၇ သို့မဟုတ် သင့်စကားများ အားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်၊ ဟုမိန့်တော်မူ၏။


နိမိတ်တောင်း
CROSS REFERENCES





CROSS REFERENCES






၃၈ ထိုအခါ အချို့သော ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဆရာ(a) အ​ကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ်လက္ခဏာ တစ်စုံတခုကို မြင်ချင်ပါသည်၊ ဟုလျှောက်ကြလျှင်၊ [Y] ၃၉ ကိုယ်တော်က၊ ဆိုးညစ်၍ [Z] နောက်မီးလင်းသော အမျိုး [AA](b) သည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက် ယောန၏ နိမိတ်လက္ခဏာ [AB] မှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာ။


ယောနနိမိတ်လက္ခဏာ

၄၀ ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက် [AC] နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက် နေရလတံ့။ ၄၁ တရားဆုံးဖြတ် တော်မူသောအခါ၊ နိနေဝေမြို့သား တို့သည် ဤလူမျိုး တဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။ [AD] ဤအရပ်၌ကား၊ ယောနထက်သာ၍ ကြီးမြတ် သောသူရှိ၏။


ရှေဘမိဖုရား
CROSS REFERENCES






၄၂ တရားဆုံးဖြတ် တော်မူသောအခါ တောင်ပြည်ကို အစိုးရသော မိဖုရားသည်၊ [AE] ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှ လာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက် သာ၍ ကြီးမြတ်သော သူရှိ၏။


ညစ်ညူးသောနတ်
CROSS REFERENCES






၄၃ ညစ်ညူးသော နတ်သည် [AF] လူထဲက ထွက်လျှင်၊ ​ခြောက်ကပ်သော အရပ်တို့၌ လည်၍ ငြိမ်ဝပ်ခြင်းကို ရှာတတ်၏။ ၄၄ မတွေ့လျှင် ငါသည် ထွက်ခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည် ဟုဆို၍၊ ရောက်သောအခါ ထိုအိမ်သည် လွတ်လပ်၍ သုတ်သင် ပြင်ဆင်လျက် ရှိသည်ကို တွေ့သော်၊ ၄၅ မိမိထက်သာ၍ ညစ်ညူးသော နတ်ဆိုး ခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ ဝင်၍နေကြ၏။ ထိုလူ၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ [AG]ဆိုးညစ်သော ဤလူမျိုး၌ ထိုနည်းတူ ဖြစ်လတံ့၊ ဟုမိန့်တော်မူ၏။


မယ်တော်နှင့်ညီတော်တို့
CROSS REFERENCES






၄၆ ထိုသို့ ပရိသတ်တို့အား ဟောတော်မူစဉ်တွင်၊ မယ်တော်နှင့် ညီတော်တို့သည် [AH] နှုတ်ဆက်လို၍ ပြင်မှာ ရပ်နေကြ၏၊ ၄၇ လူတစ်ယောက်ကလည်း၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်နှင့် နှုတ်ဆက်လို၍ ပြင်မှာရပ်နေကြပါ၏ ဟုလျှောက်လျှင်၊ ၄၈ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်း၊ ဟုမေးတော်မူ၏။ ၄၉ လက်တော်ကို လည်းဆန့်၍ တပည့်တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။ ၅၀ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏ အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။ [AI]

_________________________
Footnotes


၃၈ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကို မြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


၃၉ (b) မြန်မာ ကျမ်းစာအုပ်၌ "မျောက်မထားသောသူ" ဟုရေးထားသည်။ အင်္ဂလိပ်ကျမ်းစာများ၌ adulterous ဟုရေးထားသည်။ ဆိုလိုသည်မှာ ခင်ပွန်းသည်အပေါ် သစ္စာမရှိ၊ လင်ငယ်၊ မယားငယ်ရှိသောသူ၊ ဖောက်ပြန်သောသူ၊ နောက်မီးလင်းသောသူ ကိုဆိုလိုသည်။ ယုံကြည်သူများသည် သခင်ယေရှု၏ သတို့သမီးလောင်းများ ဖြစ်ကြသော် လည်း (၂ ကော ၁၁း၂)၊ သခင်ယေရှုထက် လောကကို ချစ်နေကြသည်။ လောကကို ချစ်သောသူသည် လောကပိုင်ရှင်၊ စာတန်ကို ချစ်နေကြသောကြောင့်၊ သခင်ယေရှု လာမည့် အချိန်ပင်လျှင်မသိ၊ မသိချင်၊ မကြားချင်ကြချေ။ ထို့ကြောင့် ခေတ်ကာလ မသိသောသူသည် နောက်မီးလင်းသောသူ၊ ဟုသခင်ယေရှုက ပြောခြင်းဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.