-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၆


နိမိတ်လက္ခဏာတောင်း
CROSS REFERENCES





CROSS REFERENCES






ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကို စုံစမ်း နှောင့်ယှက်ခြင်းငှာ ချဉ်းကပ်၍၊ မိုးကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို ပြတော်မူမည်အကြောင်း တောင်းပန်ကြ၏။ [A] ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ ပြောဆိုတတ်သည်ကား၊ ယခုမိုးတိမ်နီသည်ဖြစ်၍ မိုးကြည် လင်လိမ့်မည်၊ ဟုဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်၊ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ [B] (a) သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။ [C] ဆိုးညစ်၍ [D] (b) နောက်မီးလင်းသော(c) [E] အမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ၊ ဟုမိန့်တော်မူပြီးလျှင် ထိုသူတို့ရှိရာမှထွက်၍ ကြွတော်မူ၏။


ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေး [F]

တပည့်တော်တို့သည် ကမ်းတဘက်သို့ သွားကြသောအခါ မုန့်ကိုယူခြင်းငှာ မေ့လျော့ကြ၏။ ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေး (d) ကို သတိနှင့် ကြဉ်ရှောင်ကြ၊ ဟုမိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်၊ ဟုအချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ယေရှုသည် သိတော်မူလျှင်၊ ယုံကြည်အားနည်းသော သူတို့၊ သင်တို့၌ မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့် အချင်းချင်း ဆွေးနွေး ပြောဆိုကြသနည်း။ မုန့်ငါးလုံးကို လူငါးထောင်စား၍ စားကြွင်းဘယ်နှစ်တောင်း ကောက်သိမ်းသည်ကို၎င်း၊ မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ စားကြွင်း ဘယ်နှစ်တောင်း ကောက်သိမ်းသည်ကို၎င်း၊ ၁၀ သင်တို့သည် နှလုံးမသွင်း မအောက်မေ့ဘဲ နေကြသေးသလော။ ၁၁ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေး ကို ကြဉ်ရှောင်ကြ ဟူသော စကားကို ငါပြောသည်တွင်၊ မုန့်ကို အမှတ်ပြု၍ ငါမပြောသည်ကို သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်း၊ ဟုမိန့်တော်မူ၏။ ၁၂ ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြ၊ ဟုမိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြ၊ ဟုမိန့်တော်မူသည်ကို နားလည်ကြသတည်း။


ယေရှုသည်မည်သူနည်း
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၃ ယေရှုသည် ဖိလိပ္ပု ကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း၊ ဟုတပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ ၁၄ လူတချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် [G] ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည်ဟူ၍၎င်း၊ [H] အချို့က ယေရမိမှစ၍ ပရောဖက် တစ်ပါးပါး [I] ဖြစ်သည်ဟူ၍၎င်း၊ ဆိုကြပါ၏၊ ဟုလျှောက်ကြသော်၊ ၁၅ သင်တို့လည်း ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်း၊ ဟုမေးမြန်းတော်မူလျှင်၊ ၁၆ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်၊ [J] ဟုလျှောက်လေ၏။ ၁၇ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊(e) သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဖော်ပြသည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။ ၁၈ ငါဆိုသည်ကား၊ သင်သည် ပေတရု (f) ဖြစ်၏။ ဤကျောက် (g) [K]ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။ ၁၉ ကောင်းကင် နိုင်ငံတော်၏ သော့(h) တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်၊ [L] ဟုမိန့်တော်မူပြီးလျှင်၊ ၂၀ ကိုယ်တော်သည် ခရစ်တော် ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။


ယေရှုသေမည်စပြော
CROSS REFERENCES






၂၁ ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သော နေ့၌ ထမြောက်လိမ့်မည် ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။ [M] ၂၂ ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ၊ ဟုအပြစ်တင်သော စကားကို လျှောက်သော်၊ ၂၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ငါတိုက်မိ၍ လဲစရာ အကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်၏ အရာကို စိတ်မစွဲလမ်း၊ လူတို့၏ အရာကိုသာ စွဲလမ်းသည်၊ ဟုမိန့်တော်မူသည်။


ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍
CROSS REFERENCES






၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသော သူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ ၂၅ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။ ၂၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ [N] မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ ၂၇ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ လူအသီးသီး ကျင့်သောအကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတံ့။ [O] ၂၈ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို၊ ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မှီ သေခြင်းသို့ မရောက်ရကြ၊ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။

_________________________
Footnotes



(a) လှို့ဝှက်သောသူ- အင်္ဂလိပ်လို hypocrite (ဟီပိုခရစ်) ကို မြန်မာကျမ်းစာ၌ လှို့ဝှက်သောသူ၊ ဟုဘာသာပြန်ထားသည်။ Hypocrite ၏ အဓိပ္ပာယ်သည်၊ ပြောသည့်အတိုင်း မလုပ်တတ်သော သူကို ဆိုလိုသည်။ အရက်သောက်ဖို့ မကောင်းကြောင်း ဟောပြောနေသော်လည်း၊ ကိုယ်တိုင် တိတ်တိတ်လေး သောက်သောသူ၊ သူများကို လှူဖို့ တိုက်တွန်းသော်လည်း ကိုယ်တိုင် မလှူတတ်သောသူ၊ မေတ္တာအကြောင်း ပြောနေသော်လည်း ကိုယ်တိုင် မချစ်တတ်သော သူသည် hypocrite ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်း အကြောင်း မသိသောသူ၊ ချီဆောင်ခြင်း အကြောင်း ဟောပြောသော်လည်း၊ ခရစ်တော်တွေ့ဖို့ မပြင်ဆင်သော သူသည် hypocrite ပါးစပ်ပဲ ဖြစ်သည်။


(b) "ဆိုးညစ်သောသူ" လုကာ ၁၉း၂၂ ၌ သခင်ယေရှု၏ ဥပမာ၌ ဆိုးညစ်သောသူသည်၊ သခင်ကို အပြစ်တင်ရဲသောသူ၊ သခင်ခိုင်းသော အလုပ်ကို မလုပ်သောသူကို ဆိုလိုသည်။ သခင်ယေရှုက၊ ဝိညာဉ်တော်သည် တန်ခိုးဖြစ်၍၊ ထိုတန်ခိုးဖြင့် သက်သေခံဖို့ ဖြစ်သည်ဟုဆိုသည် (တမန် ၁း၈)။ သို့သော် ယုံကြည်သူ အများစုသည်၊ သခင်ခိုင်းသော အရာကို လုံး၀မလုပ်ကြ၊ မလုပ်ချင်ကြချေ။ သက်သေကို ယုံကြည်သူ အချင်းချင်းကြား၌သာ ခံပြီး၊ မယုံကြည်သူများထံ မခံချင်ကြချေ။ ထို့ကြောင့် ဆိုးညစ်သောသူများ ဖြစ်ကြသည်။


(c) မြန်မာကျမ်းစာအုပ်၌ "မျောက်မထားသောသူ" ဟုရေးထားသည်။ အင်္ဂလိပ်ကျမ်းစာများ၌ adulterous ဟုရေး ထားသည်။ ဆိုလိုသည်မှာ ခင်ပွန်းသည် အပေါ် သစ္စာမရှိ၊ လင်ငယ်၊ မယားငယ်ရှိသောသူ၊ ဖောက်ပြန်သောသူ၊ နောက်မီးလင်းသောသူကိုဆိုလိုသည်။ ယုံကြည်သူများသည် သခင်ယေရှု၏ သတို့သမီးများ ဖြစ်ကြသော်လည်း (၂ ကော ၁၁း၂)၊ သခင်ယေရှုထက် လောကကို ချစ်နေကြသည်။ လောကကို ချစ်သောသူသည် လောကပိုင်ရှင်၊ စာတန်ကို ချစ်နေကြသောကြောင့်၊ သခင်ယေရှု လာမည့်အချိန် ပင်လျှင် မသိ၊ မသိချင်၊ မကြားချင်ကြချေ။ ထို့ကြောင့် ခေတ်ကာလ မသိသောသူသည် နောက်မီးလင်းသောသူ၊ ဟုသခင်ယေရှုက ပြောခြင်းဖြစ်သည်။


(d) သခင်ယေရှုကိုယ်တိုင်က ဖာရိရှဲနှင့် ဇဒ္ဒုကဲတဆေးသည် သူတို့၏ ဩဝါဒကို ဆိုလိုခြင်းဖြစ်ကြောင်း အငယ် ၁၂ ၌ဖေါ်ပြထားသည်။ ဖာရိရှဲ ဩဝါဒသည် "ဟန်ဆောင်ခြင်း" သို့မဟုတ် "ပါးစပ်ဘဲ" ဖြစ်သည်။ ပြောသကဲ့သို့ မလုပ်တတ်သောသူဖြစ်သည်။ ဇဒ္ဒုကဲဩဝါဒသည် မယုံကြည်ခြင်းဖြစ်သည်။ ဇဒ္ဒုကဲတို့က၊ "ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန် မရှိ၊ ဝိညာဉ်မရှိဟုယူကြ၏။" (တမန် ၂၃း၈)


၁၇ (e) Βαριωνᾶ Bariōna မြန်မာကျမ်းစာအုပ်၌ ဗာယောန ဟုရေးထားသည်။ "ဗာ" သည် "သား" ကိုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် "ဗာယောန" သည် ယောန၏သားဖြစ်သည်။


၁၈ (f) ပေတရု Petros သခင်ယေရှုက ယောနသားရှိမုန်ကို၊ သင်သည် ပေတရုဖြစ်၏၊ ဟုဆိုသည်။ ပေတရု၏ အဓိပ္ပာယ်သည်၊ ကျောက်တုံးကလေးဖြစ်သည်။ ကျောက်တုံးကလေးနှင့် ပတ်သက်၍၊ ပေတရုက ယုံကြည်သူများထံ၊ သင်တို့သည် အသက်ရှင်သော ကျောက်မြတ်၊ ဟုဆိုသည် (၁ ပေ ၂း၄-၅)။ ထို့ကြောင့် စစ်မှန်သော ယုံကြည်သူတိုင်းသည်၊ အသက်ရှင်သော ကျောက်တုံးကလေး (ပေတရု) များဖြစ်ကြသည်။


၁၈ (g) သခင်ယေရှုက ဤကျောက် petra ပေါ်တွင်၊ ဟုဆိုရာ၌၊ ထိုကျောက်သည် ကျောက်တုံးကြီးကို ဆိုလိုသည်။ ထိုကျောက်တုံးကြီးသည်၊ သခင်ယေရှု ကိုယ်တိုင်ဖြစ်သည်။ (ရောမ ၉း၃၃၊ ၁ ကော ၁၀း၄၊ ၁ ပေ ၂း၆)

၁၉ (h) သခင်ယေရှုက ပေတရုထံ ကောင်းကင်နိုင်ငံ သော့ကို ပေးမည်၊ ဟုဆိုသည်။ ထိုကောင်းကင်နိုင်ငံ သော့သည် အဘယ်အရာဖြစ်မည်နည်း။ ကောင်းကင်နိုင်ငံသို့ သခင်ယေရှုအားဖြင့်သာ ဝင်နိုင်သည် (ယောဟန် ၁၄း၆)။ သခင်ယေရှု၏ ကယ်တင်ခြင်းကို သိရှိ၍ ယုံကြည်လက်ခံခြင်းသည် သော့ဖြစ်သည်။ ထိုကယ်တင်ခြင်းကို သိရှိလက်ခံသူတိုင်း ကောင်းကင်နိုင်ငံ သော့ရှိသည်။ ထိုသတင်းကောင်းကို ပြောပြ၍ ယုံကြည်သူတိုင်း ကောင်းကင်နိုင်ငံ ဝင်ခွင့်ရသည်။ သင်သည် ထိုသော့ကို ပိုင်ဆိုင်လျှင် အခြားသော သူများအတွက် ကောင်းကင်နိုင်ငံတံခါး သော့ကို ဖွင့်ပေးဖို့လိုသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.