-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၇

CROSS REFERENCES






ယေရှုကိုဘုန်းနှင့်တွေ့မြင် [A]
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






​ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာ အရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ [B] အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။ [C] မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကား ပြောလျက်နေကြ၏။ ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အ​ကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်၊ ဟုလျှောက်လေ၏။ ထိုသို့ လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ [D] ဟုမိုးတိမ်က အသံတော် ဖြစ်လေ၏။ တပည့်တော်တို့သည် ကြားရလျှင်၊ ပြပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်း ရှိကြ၏။ ယေရှုသည်လာ၍ သူတို့ကိုလက်နှင့် တို့တော်မူလျက်၊ ထကြမကြောက်ကြနှင့်၊ ဟုမိန့်တော်မူသော်၊ သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတပါး၊ အဘယ်သူကိုမျှ မမြင်ကြ။


ဧလိယရောက်လာပြီ
CROSS REFERENCES






တောင်ပေါ်မှ ဆင်းကြသောအခါ [E]ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မှီ တိုင်အောင်၊ သင်တို့ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်၊ ဟုတပည့်တော်တို့ကို ပညတ်တော်မူ၏။ ၁၀ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်၊ [F] ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊ ၁၁ ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။ ၁၂ ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကို မသိသဖြင့် သူ့အား ပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်၊ ဟု [G] မိန့်တော်မူသော်၊ ၁၃ ဗတ္တံဇံဆရာ ယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။


ဝက်ရူးနာစွဲသူ ကျန်းမာစေ [H]

၁၄ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊ ၁၅ အ​ကျွန်ုပ်၏ သားကို ကယ်မ သနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံရပါ၏။ မီး၌၎င်း၊ ရေ၌၎င်း၊ အကြိမ်ကြိမ် လဲတတ်ပါ၏။ ၁၆ တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည် ချမ်းသာ မပေးနိုင်ကြပါ၊ ဟုလျောက်လျှင်၊ ၁၇ ယေရှုက ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ ယူခဲ့ကြ၊ ဟုမိန့်တော်မူ၏။ ၁၈ ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။


မုန်ညင်းစေ့ခန့် ယုံကြည်ခြင်း
CROSS REFERENCES






၁၉ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အ​ကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါ သနည်း၊ ဟုလျှောက်ကြသော်၊ ၂၀ သင်တို့သည် ယုံကြည်ခြင်း မရှိသောကြောင့် မနှင်ထုတ်နိုင်ကြ၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှ လောက်သော ယုံကြည်ခြင်း ရှိလျှင် [I] ထိုတောင်ကို နေရာမှ ရွေ့လော့၊ ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ [J] ယုံကြည်ခြင်းရှိလျှင် သင်တို့ မတတ်နိုင်သော အမှုမရှိ။ [K] ၂၁ သို့သော်လည်း ဆုတောင်းခြင်း၊ အစာရှောင်ခြင်း မှတပါး အဘယ်သို့သော အားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်၊ ဟုမိန့်တော်မူ၏။


ယေရှုသေမည် ဒုတိယအကြိမ်ပြော
CROSS REFERENCES






၂၂ ဂါလိလဲပြည်၌ နေကြစဉ်တွင် [L] ယေရှုက၊ လူသားကို လူတို့ လက်သို့ အပ်နှံရသော အချိန်နီးပြီ။ ၂၃ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်၊ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်း ရှိကြ၏။


ဗိမာန်တော်အခွန်

၂၄ ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန် [M] တည်းဟူသော ဒိဒြမ္မကို(a) ခံသောသူတို့သည် ပေတရုဆီသို့လာ၍၊ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလော၊ ဟုမေးမြန်းလျှင်၊ ပေးပါသည်၊ ဟုပေတရုဆို၏။ ၂၅ ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန် သင်သည် အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည်၊ အဘယ်သူမှာ အခွန်ကို ခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊ ၂၆ ပေတရုက၊ သူတပါးမှာ ခံကြပါသည်၊ ဟုလျှောက်သော်၊ ယေရှုကလည်း သို့ဖြစ်လျှင် သားမူကား လွတ်ရ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့် မမှားယွင်းမည် အကြောင်း၊ အိုင်သို့ သွား၍ ငါးမျှားကို ချလော့။ ၂၇ ရှေ့ဦးစွာရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲ တစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကို ယူ၍ ငါ့အဖို့နှင့် သင့်အဖို့ ထိုသူတို့အား ပေးလော့၊ ဟုမိန့်တော်မူ၏။(b)

_________________________
Footnotes


၂၄ (a) δίδραχμα drachma ဒိဒြမ္မ ဗိမာန်တော် အခွန်သည် ဆယ်ဘို့တစ်ဘို့ အလှုငွေများ မဟုတ်ချေ။ ဣသရေလလူ ယောက်ျား အသက်နှစ်ဆယ်ထက် ပိုသော သူတိုင်း တဲတော်စရိတ်အတွက် ကောက်ခြင်း ဖြစ်သည်။ ဆင်းရဲသူ၊ ချမ်းသာသူ မခွဲခြားဘဲ လူတစ်ယောက် အကျပ်တဝက်စီ ပေးရသည်။(ထွက် ၃၀း၁၁-၁၆။ ထွက် ၃၈း၂၆)

၂၇ (b) ဗိမာန်တော်သည် ဘုရားပိုင်သောကြောင့် ဘုရားသားယေရှုသည် အခွန်ပေးစရာ မလိုချေ။ သို့သော် အခွန်ကောက်သောသူများက ယေရှုကို ဘုရားသားအဖြစ် မမြင်ကြသောကြောင့် သူလည်း ဗိမာန်တော်အခွန် ပေးသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.