-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၀

တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စေလွှတ်
CROSS REFERENCES





CROSS REFERENCES






တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်တော်မူပြီးမှ၊ ညစ်ညူးသော နတ်တို့ကို နှင်ထုတ်ခြင်းငှာ၎င်း၊ အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှာ၎င်း၊ အခွင့်ပေးတော်မူ၏။ [A] တစ်ကျိတ်နှစ်ပါးသော တပည့်တော်တို့၏အမည်ကား၊ ပထမမှာ၊ ပေတရုဟူ၍ ခေါ်ဝေါ်သော ရှိမုန်နှင့် သူ့ညီ အ​န္ဒြေ ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊ ဟုအမည်သစ်ကိုရသော လေဗဲ၊ ကာနနိတ်လူ ရှိမုန်နှင့် ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ် ပေတည်း။ [B] ထိုတစ်ကျိပ်နှစ်ပါးသော သူတို့ကို ယေရှုသည် စေလွှတ်တော်မူ၍၊ သင်တို့သည် တပါးအမျိုးသားတို့ ရှိရာသို့ မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့ မဝင်ကြနှင့်။ ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့။ သွားစဉ်တွင်၊ ကောင်းကင် နိုင်ငံတော် တည်လုနီးပြီ၊ ဟုသတင်းကြားပြောကြလော့။ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။ ရွှေ၊ ငွေ၊ ​ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။ ၁၀ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ​ခြေနှင်း၊ တောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကို ခံထိုက်ပေ၏။ [C]


တည်းခိုမည့်နေရာ

၁၁ မည်သည်မြို့ မည်သည်ရွာသို့ ဝင်လျှင်၊ ထိုမြို့ရွာ၌ အဘယ် မည်သောသူသည် ထိုက်တန်သနည်း၊ ဟုမေးမြန်း၍၊ ထိုမြို့ရွာမှ မထွက် မသွားမှီတိုင်အောင် ထိုသူ၏အိမ်တွင် နေကြလော့။ ၁၂ အိမ်သို့ ဝင်သောအခါ မင်္ဂလာ ရှိပါစေသော်၊ ဟုနှုတ်ဆက်ခြင်းကို ပြုကြလော့။ ၁၃ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သော မင်္ဂလာ ရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။ ၁၄ အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏ စကားကို နားမထောင်ဘဲ နေ၏၊ ထိုသူနေသော အိမ်မှ၎င်း၊ မြို့မှ၎င်း ထွက်သွားစဉ်၊ သင်တို့၏ ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့။ ၁၅ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက် သာ၍ ခံရလတံ့။


အချင်းချင်းအပ်နှံကြလိမ့်မည်
CROSS REFERENCES






၁၆ တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။ ၁၇ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ၁၈ ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။ ၁၉ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။ [D] ၂၀ အကြောင်းမူကား၊ သင်တို့အလို အလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။ ၂၁ ထိုအခါ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် သေစေခြင်းငှာ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ ၂၂ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။


မကြောက်ကြနှင့်

၂၃ တစ်မြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တစ်မြို့သို့ ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလ မြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည် ကြွလာလိမ့်မည်။ ၂၄ တပည့်သည် ဆရာထက်မသာ။ ​ကျွန်သည် သခင်ထက်မသာ။ [E] ၂၅ တပည့်သည် ဆရာကဲ့သို့၎င်း၊ ​ကျွန်သည်သခင်ကဲ့သို့၎င်း၊ ဖြစ်လျှင်သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုလ၊ ဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။ ၂၆ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက် ရှိသမျှသော အရာတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ [F] ၂၇ မှောင်မိုက်၌ သင်တို့အား ငါပြောသော အရာများကို သင်တို့သည် အလင်း၌ ကြားပြောကြလော့။ သင်တို့နား အပါး၌ ပြော၍ကြားသော အရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလော့၊ ဟုမိန့်တော်မူ၏။


စာငှက်ထက်တန်ဘိုးကြီး
CROSS REFERENCES





CROSS REFERENCES






၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ [G] ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ [H] ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။ ၂၉ စာငှက်နှစ်ကောင်ကို အဿရိ တစ်ပြားအဖိုးနှင့် ဝယ်ရသည် မဟုတ်လော။ သင်တို့အဘ အခွင့်မရှိလျှင် ထိုစာငှက် တစ်ကောင်မျှ မြေသို့မကျရ။ ၃၀ သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ၃၁ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍ မြတ်ကြ၏။ ၃၂ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ ရှိသော ငါ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။ ၃၃ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ ရှိသော ငါ၏ ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။


ဓားစေလွှတ်ခြင်းငှာလာ

၃၄ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်၊ ဟုမထင်ကြနှင့်။ [I] ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်။ ဓားကို စေလွှတ်အံ့သောငှာ ငါလာသတည်း။ ၃၅ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။ ၃၆ ကိုယ့်အိမ်သူ အိမ်သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။ ၃၇ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်တန်။ [J] ၃၈ အကြင်သူသည် မိမိ လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ [K] ၃၉ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက် ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ ၄၀ သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံ၏။ ၄၁ ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏ အကျိုးကို ခံရလတံ့၊ ​ဖြောင့်မတ်သောသူ၏ မျက်နှာကိုထောက်၍၊ ​ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ်သောသူ၏ အကျိုးကို ခံရလတံ့။ ၄၂ အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ် တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကို မျှပေး၏၊ ထိုသူသည် အကျိုးကို မရဘဲ မနေရာ၊ ငါအမှန်ဆိုသည်၊ ဟုမှာထားတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.