-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၅

မင်္ဂလာ ၉ ပါး

ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊

စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ စိတ်မသာ ညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့။ စိတ်နူးညံ့ သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။ ​ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ် ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူ ကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတံ့။ စိတ်နှလုံး ဖြူစင်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။ သူတပါးချင်း ခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏ သားတော်၊ ဟုခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ၁၀ ​ဖြောင့်မတ်ခြင်း တရားကြောင့် နှောင့်ယှက် ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ၁၁ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။


လောက ဆားနှင့်အလင်း
CROSS REFERENCES






၁၃ သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ [A] ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နှင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။ ၁၄ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ [B] တောင်ထိပ်၌ တည်သောမြို့ကို မကွယ်နိုင်။ ၁၅ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူ အိမ်သား အပေါင်းတို့သည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။ ၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။


ပညတ္တိကျမ်း အနာဂတ္တိကျမ်းများ ပြည့်စုံစေဖို့လာ

၁၇ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်၊ ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည် မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ၁၈ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတလုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။ ၁၉ ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါးတို့အားလည်း သွန်သင်၏။ ၂၀ ထိုသူသည် ကောင်းကင် နိုင်ငံတော်၌ ကြီးသောသူ ဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သော အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြ၊ ဟုငါအမှန်ဆို၏။

လူအသက်မသတ်ရ

၂၁ လူအသက်ကိုမသတ်ရ။ [C] သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သော သူသည်ရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ်၌ မီးရှို့ခြင်းကို ခံထိုက်ပေ၏။ ၂၃ ထိုကြောင့် သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတခု ရှိသည်၊ ဟုအောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကို ထား၍သွားလော့။၂၄ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။ ၂၅ တရားတွေ့ဘက်နှင့်အတူ လမ်း၌ သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌ အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။ ၂၆ လျော်ပြစ်ငွေ ရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲက မထွက်ရ၊ ဟုငါအမှန်ဆို၏။ [D]


သူ့မယားကိုမပြစ်မှားရ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၇ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ [E] ၂၉ ထိုကြောင့် လက်ယာ မျက်စိ ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲ [F] သို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။ [G] ၃၀ ထိုနည်းတူ လက်ယာလက် ဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင်၊ ထိုလက်ကို ဖြတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတခုသာ ပျက်သော်သာ၍ ကောင်း၏။ ၃၁ တဖန်တုံ၊ မယားနှင့် ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။ [H] ၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်း အကြောင်းမှတပါး အခြားသော အကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသော မိန်းမနှင့် စုံဘက်ခြင်းကို ပြုသော သူသည်လည်း သူ့မယားကိုပြစ်မှား၏။ [I]


ကျိန်ဆိုခြင်းကို မပြုရ

၃၃ တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။ [J] ကျိန်ဆိုခြင်းကို ပြုသည်အတိုင်း ထာဝရဘုရားရှေ့တော်၌ တည်စေလော့ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ [K] ၃၄ ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။ ၃၅ မြေကြီးကိုတိုင်တည်၍ မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော် တင်ရာခုံ ဖြစ်သတည်း။ [L] ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏ မြို့တော်ဖြစ်သတည်း။ [M] ၃၆ ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ မတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကို တိုင်တည်၍မကျိန်ရ။ ၃၇ သင်၏ စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။


နှောင့်ယှက်သောသူကို မဆီးမတားနှင့်

၃၈ သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွားကို ချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ် စကားကို သင်တို့ကြားရပြီ။ [N] ၃၉ ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ပါး တစ်ဘက်ကို သူတပါးပုတ်လျှင်၊ ပါးတစ်ဘက်ကို လှည့်၍ပေးဦးလော့။ ၄၀ သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။ ၄၁ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတစ်တိုင် သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင် သွားဦးလော့။ ၄၂ တောင်းသောသူအား ပေးလော့။ ချေးငှားလိုသော သူကိုလည်း မငြင်းမပယ်နှင့်။


ရန်သူတို့ကိုချစ်ကြလော့

၄၃ ကိုယ်နှင့်စပ်ဆိုင်သော သူကိုချစ်လော့။ [O] ရန်သူကိုမုန်းလော့ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ [P] ၄၄ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက် ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ ၄၅ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ​ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရွာစေတော်မူ၏။ ၄၆ သင်တို့ကို ချစ်သော သူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြု ကြသည်မဟုတ်လော။ ၄၇ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ပင် ထိုအတူ ပြုကြသည် မဟုတ်လော။ ၄၈ ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.