-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၄

ဟေရုဒ်က ယေရှုသည် ယောဟန် ရှင်ပြန်သည်ဟုထင်
CROSS REFERENCES






ထိုအခါ စော်ဘွား ဟေရုဒ်သည် ယေရှု၏ သတင်းတော်ကို ကြားလျှင်၊ ဤသူကား ဗတ္တိဇံဆရာ ယောဟန် [A] ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်၊ ဟုမိမိငယ်သားတို့အား ဆို၏။ အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်း ဟေရောဒိ အကြောင်းကြောင့်၊ ယောဟန်ကို ဖမ်းဆီးချည်နှောင်၍ ထောင်ထဲမှာ လှောင်ထား၏။ အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်၊ ဟုဟေရုဒ်အား ဆိုလေပြီ။ ယောဟန်ကို သတ်ခြင်းငှာ အလိုရှိသော်လည်း လူအပေါင်းတို့၏ မျက်နှာကို ထောက်၍ မသတ်ဝံ့ဘဲနေ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြသတည်း။


ဗတ္တိဇံဆရာယောဟန်သတ်
CROSS REFERENCES






ထိုနောက်မှ ဟေရုဒ်ကို ဖွားသော နေ့ရက်၌ နှစ်စဉ် ပွဲခံစဉ်တွင်၊ ဟေရောဒိ၏ သမီးသည် ပွဲသဘင်၌ ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊ ငါသည် သင်တောင်းသမျှကို ပေးမည်၊ ဟုကျိန်ဆိုလေ၏။ ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ [A]ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါ၊ ဟုတောင်းလျှောက်၏။ မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဖော် တို့၏ မျက်နှာကို၎င်း၊ ထောက်သောကြောင့် ပေးစေ၊ ဟုအမိန့်တော် ရှိလျက်၊ ၁၀ လူကို စေလွှတ်၍ ယောဟန်၏ လည်ပင်းကို ထောင်ထဲမှာ ဖြတ်စေ၏။ ၁၁ ဦးခေါင်းကို လင်ပန်း၌ ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ ယူသွား၏။ ၁၂ ယောဟန်၏ တပည့်တို့သည်လည်း လာ၍ အလောင်းကို ဆောင်သွားသဖြင့် သင်္ဂြိုလ်ပြီးမှ၊ ယေရှုထံတော်သို့ သွား၍ ကြားလျှောက်ကြ၏။ ၁၃ ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှ ထွက်၍ လှေကို စီးလျက် တော၌ ဆိတ်ကွယ်ရာ အရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှ ထွက်၍ ကုန်းကြောင်း လိုက်ကြ၏။ ၁၄ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်း စိတ်တော်ရှိ၍ လူနာ ရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏။


လူငါးထောင်​ကျွေး [B]

၁၅ ညဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ် ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့ သွား၍ စားစရာကို ဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ၊ ဟုလျှောက်ကြလျှင်၊ ၁၆ ယေရှုက၊ သွားရသော အကြောင်းမရှိ။ သူတို့စားစရာဖို့ သင်တို့ ပေးကြလော့၊ ဟုမိန့်တော်မူ၏။ ၁၇ တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် မှတပါး အဘယ် စားစရာမျှ အ​ကျွန်ုပ်တို့၌ မရှိပါ၊ ဟုလျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြ၊ ဟုမိန့်တော်မူ၏။ ၁၈ ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေ၊ ဟုအမိန့်တော်ရှိ၏။ ၁၉ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်း ယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့်ငါးကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ ၂၀ တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ့်နှစ်တောင်း အပြည့်ရကြ၏။ ၂၁ စားသောသူ အရေအတွက်ကား၊ မိန်းမနှင့်သူငယ်ကို မဆိုဘဲ ယောက်ျား ငါးထောင်မျှလောက် ရှိသတည်း။


ယေရှုရေပေါ်လျှောက်

၂၂ ယေရှုသည် စည်းဝေးသောသူတို့ကို လွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကို လှေစီးစေ၍ ကမ်းတဖက်သို့ အရင် ကူးစေတော်မူ၏။ ၂၃ စည်းဝေးသော သူတို့ကို လွှတ်ပြီးမှ ဆုတောင်းပဌနာ ပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာ အရပ်သို့ တက်ကြွသဖြင့်၊ ညအချိန် ရောက်သောအခါ၊ တစ်ယောက်တည်း ရှိနေတော်မူ၏။ ၂၄ လှေမူကား အိုင်အလယ်၌ ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုး လှုပ်ရှားခြင်းကို ပြင်းစွာခံရ၏။ ၂၅ ညသုံးချက်တီး ကျော်ချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက် တပည့်တော် တို့ရှိရာသို့ ကြွတော်မူ၏။ ၂၆ ထိုသို့ အိုင်ပေါ်မှာ စက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည် မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည် ၊ ဟုကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။


ပေတရု ရေပေါ်လျှောက်

၂၇ ယေရှုသည် ချက်ခြင်း နှုတ်ဆက်၍ တည်ကြည်သော စိတ်ရှိကြလော့၊ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်၊ ဟုမိန့်တော်မူ၏။ ၂၈ ပေတရုကလည်း၊ သခင် ကိုယ်တော်မှန်လျှင် အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ ရေပေါ်မှာ လာရမည် အကြောင်း မိန့်တော်မူပါ၊ ဟုလျှောက်လျှင်၊ ၂၉ လာခဲ့လော့၊ ဟုမိန့်တော်မူ၏။ ပေတရုသည် လှေပေါ်က ဆင်း၍ ယေရှုထံသို့ ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။ ၃၀ လေပြင်းသည်ကို မြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည် ရှိသော်၊ ကယ်မတော်မူပါ သခင်၊ ဟုဟစ်ကြော်လေ၏။ ၃၁ ယေရှုသည် လက်တော်ကို ချက်ချင်း ဆန့်၍ ပေတရုကို ကိုင်တော်မူလျက်၊ ယုံကြည် အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသော စိတ်ဝင်သနည်း၊ ဟုမေးတော်မူ၏။ ၃၂ လှေပေါ်သို့ ရောက်ကြလျှင် လေသည် ငြိမ်းလေ၏။ ၃၃ လှေသားတို့သည် ချဉ်းကပ်၍၊ စင်စစ် ကိုယ်တော်သည် ဘုရားသခင်၏ သားတော် မှန်ပါသည်၊ ဟုညွတ်ပြပ်၍ လျှောက်ကြ၏။


အဝတ်တော်၏ ပန်းပွားဖြင့် ကျန်းမာကြ

၃၄ ကမ်းတဖက်သို့ ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။ ၃၅ ထိုအရပ်သားတို့သည် မျက်နှာတော်ကို မှတ်မိလျှင်၊ ပတ်ဝန်းကျင် အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာရှိသမျှတို့ကို ဆောင်ခဲ့၍၊ ၃၆ အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည် အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.