-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၂၈

ယေရှုထမြောက်
CROSS REFERENCES





CROSS REFERENCES






ဥပုသ်နေ့လွန်၍ [A] ခုနစ်ရက်တွင် ပထမနေ့ရက်(a) [B]မိုးလင်းအံ့ဆဲဆဲ အချိန်၌၊ မာဂဒလမာရိနှင့် အခြားသော မာရိသည် သင်္ချိုင်းတော်ကို အကြည့်အရှု သွားကြ၏။ ထိုအခါ မြေကြီးသည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ ပိတ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။ လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍၊ သေမတတ် ဖြစ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည် အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာ အရပ်ကို ကြည့်ကြလော့။ အလျင်အမြန် ပြန်သွား၍ သေခြင်းမှ ထမြောက် တော်မူကြောင်းကို၊ တပည့်တော်တို့အား ပြောကြလော့။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည် ငါပြောပြီ ၊ ဟုထိုမိန်းမတို့အား ကောင်းကင် တမန်ဆို၏။ ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့သဖြင့်၎င်း၊ အလွန်ဝမ်းမြောက် သဖြင့်၎င်း၊ သင်္ချိုင်းတော်မှ အလျင်အမြန် သွား၍၊ တပည့်တော်တို့အား ထိုသတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။ လမ်းမှာ သွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍၊ သင်တို့အား မင်္ဂလာဖြစ်စေသတည်း၊ ဟုမိန့်တော်မူ၏။ ထိုမိန်းမတို့သည် ချဉ်းကပ်၍၊ ​ခြေတော်ကို ဖက်ယမ်းလျက် ပြပ်ဝပ် ကိုးကွယ်ကြ၏။ ၁၀ ယေရှုကလည်း ကြောက်ရွံ့ခြင်း မရှိကြနှင့်၊ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့ သွားစေခြင်းငှာ ဤသတင်း စကားကို ကြားပြောကြလော့။ ထိုပြည်၌ သူတို့သည် ငါ့ကိုတွေ့မြင် ရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


လူစောင့်တို့ကို မမှန်သတင်းပြောခိုင်း

၁၁ ထိုမိန်းမတို့သည် သွားကြစဉ်အခါ၊ လူစောင့် အချို့တို့သည် မြို့ထဲသို့ ဝင်၍ ဖြစ်လေသမျှသော အခြင်းအရာတို့ကို ယဇ်ပုရော ဟိတ် အကြီးတို့အား ပြန်ကြားကြ၏။ ၁၂ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ၊ စစ်သူရဲတို့အား ငွေအများကို ပေး၍၊ ၁၃ ညအခါ ငါတို့ အိပ်ပျော်စဉ်တွင်၊ ထိုသူ၏ တပည့်တို့သည် လာ၍ အလောင်းကို ခိုးသွားကြသည်၊ ဟုသင်တို့ပြောကြလော့။ ၁၄ ထိုအကြောင်းကို မြို့ဝန်မင်းကြား ပြန်လျှင်၊ ငါတို့သည် သူ့ကို ဖျောင်းဖျ၍ သင်တို့၌ အမှု မရှိစေခြင်းငှာ ပြုမည်၊ ဟု၁၅ သွန်သင်သည် နှင့်အညီ၊ စစ်သူရဲတို့သည် ငွေကိုယူ၍ ပြုကြ၏။ ထိုစကားကို ယခုတိုင်အောင် ယုဒလူတို့သည် အနှံ့အပြားပြောဆိုကြ၏။


ယေရှုတပည့်တော်များထံ

၁၆ တစ်ကျိပ် တစ်ပါးသော တပည့်တော်တို့သည်၊ ဂါလိလဲပြည်သို့ သွား၍၊ ယေရှု မှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကို တွေ့မြင်၍၊ ပြပ်ဝပ် ကိုးကွယ်ကြ၏။ ၁၇ အချို့တို့သည် ယုံမှားခြင်း ရှိကြ၏။ ၁၈ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီ။ ၁၉ သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ၂၀ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို၊ စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒ ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည် တိုင်အောင်၊ သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်၊ ဟုတပည့်တော်တို့အား မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင်ပြီး၏။

_________________________
Footnotes


(a) ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပထမနေ့ရက်သည် တနင်္ဂနွေနေ့ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.