-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၁၃

မျိုးစေ့ကြဲခြင်း

ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာ ထိုင်နေတော်မူသည်တွင်၊ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ဝန်းရံ၍ စုဝေးလျက် ရှိကြသောကြောင့်၊ လှေထဲသို့ ဝင်၍ ထိုင်တော်မူ၏။ ပရိသတ် အပေါင်းတို့သည် ကုန်းပေါ် မှာ ရပ်နေကြ၏။ [A] ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှာ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင်၊ အချို့သော အစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ ကျသဖြင့်၊ မြေတိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း၊ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သော အစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။ အချို့သော အစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။ ကြားစရာနား ရှိသောသူ မည်သည်ကား ကြားပါစေ၊ ဟုမိန့်တော်မူ၏။ ၁၀ တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကို ဆောင်၍ ဤလူတို့အားဟောပြော တော်မူသနည်း၊ ဟုမေးလျှောက်ကြလျှင်၊ [B]၁၁ ကိုယ်တော်က၊ သင်တို့သည် ကောင်းကင် နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊ ၁၂ အကြင်သူသည်ရတတ်၏၊ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။


မြင်လျက်မမြင်၊ ကြားလျက်မကြား
CROSS REFERENCES





CROSS REFERENCES






၁၃ ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကို ဆောင်၍ ငါဟောပြော၏။ ၁၄ ဟေရှာယ ဟောဘူးသော အနာဂတ်စကား ဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။ ၁၅ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးသည် မိုက်လျက်၊ နားသည် ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏၊ ဟူသော စကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။ [C] ၁၆ သင်တို့ မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့ နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။ [D] ၁၇ ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသော အရာတို့ကို ပရောဖက်များနှင့်​ ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။


မျိုးစေ့ကြဲသောသူ၏ အနက်အဓိပ္ပါယ်
CROSS REFERENCES






၁၈ မျိုးစေ့ကြဲသော သူ၏ ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင်ကြလော့။ ၁၉ လမ်း၌ အစေ့ကို ကြဲခြင်း အကြောင်း အရာကား၊ နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ ကြဲသောအစေ့ကို နှုတ်ယူတတ်သည်၊ ဟုဆိုလိုသတည်း။ ၂၀ ကျောက်ပေါသော အရပ်၌ အစေ့ကို ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ ဝမ်းမြောက်သော စိတ်နှင့် ချက်ခြင်း ခံယူသော်လည်း၊ ၂၁ စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာ တည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်း ဖောက်ပြန်တတ်သည်၊ ဟုဆိုလိုသတည်း။ ၂၂ ဆူးပင်တို့တွင် အစေ့ကို ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီးမသီးနိုင်၊ ဟုဆိုလိုသတည်း။ ၂၃ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ နှလုံးသွင်းသဖြင့်၊ [E] အဆသုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီး တတ်သည်၊ ဟုဆိုလိုသတည်း၊ ဟုမိန့်တော်မူ၏။


ရန်သူကြဲသော တောမျိုးစေ့ [F]

၂၄ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံတော်သည် ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲသောသူနှင့်တူ၏။ ၂၅ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည် လာ၍၊ ကောင်းသောစပါးနှင့် လက္ခဏာ တူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏။ ၂၆ အပင်ပေါက်၍ အသီးအနှံ ထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊ ၂၇ ​ကျွန်တို့သည် အိမ်ရှင်ထံသို့ သွား၍ သခင်၊ ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်က ဖြစ်သနည်း၊ ဟုလျှောက်ကြလျှင်၊ ၂၈ အိမ်ရှင်က၊ ဤအမှုကား ရန်သူပြုသော အမှုတည်းဟုဆို၏။ အ​ကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှာ အလိုတော် ရှိသလော၊ ဟုလျှောက်ကြလျှင်၊ ၂၉ အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနှုတ်လျှင် စပါးပင်တို့ကို ရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်းရှိ၏။ ၃၀ စပါးရိတ်သည် ကာလ တိုင်အောင် အပင် နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည် ကာလရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာ ရွေးနှုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌ စုသိမ်း သွင်းထားကြလော့၊ ဟုရိတ်သော သူတို့အား ငါစီရင်မည်၊ ဟုအိမ်ရှင်ဆိုသည်၊ ဟုမိန့်တော်မူ၏။


မုန်ညင်းစေ့ဥပမာ

၃၁ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့် တူ၏။ ၃၂ မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာ တို့ထက် ကြီးသဖြင့်၊ မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သော အပင် ဖြစ်တတ်သည်၊ ဟုမိန့်တော်မူ၏။


ကောင်းကင်နိုင်ငံတော် တဆေးနှင့်တူ

၃၃ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံတော်သည် တဆေးနှင့်တူ၏၊ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက် သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေ တတ်သည်၊ ဟုမိန့်တော်မူ၏။ ၃၄ ယေရှုသည် ဤဥပမာများတို့ကို ဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာ ကင်း၍ ဟောပြောတော်မမူ။ ၃၅ ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ [G] ငါသည် နှုတ်ကို ဖွင့်၍ ဥပမာများကို မြွက်ဆိုပေအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သော အရာတို့ကို ဖော်ပြ ပေအံ့၊ ဟုဟောဖူးသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။


ဥပမာအနက်အဓိပ္ပာယ် [H]
CROSS REFERENCES






၃၆ ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကို လွှတ်၍ အိမ်သို့ ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ ကြဲသော တောမျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အ​ကျွန်ုပ်တို့အား ဖော်ပြ တော်မူပါ၊ ဟုလျှောက်ကြလျှင်၊ ၃၇ ကိုယ်တော်က၊ ကောင်းသော မျိုးစေ့ကို ကြဲသောသူသည် လူသားဖြစ်၏။ ၃၈ လယ်ကား ဤလောကဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသား ဖြစ်၏။ ၃၉ တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သော ကာလကား ဤကမ္ဘာ (​age) ကုန်သော ကာလဖြစ်၏။ စပါးရိတ်သော သူကား ကောင်းကင်တမန် ဖြစ်၏။ ၄၀ တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာ (​age) အဆုံး၌ ဖြစ်လတံ့။ ၄၁ လူသားသည် မိမိ ကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနှုတ်၍၊ ၄၂ ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်း ရှိရာ မီးဖို၌ ချကြလတံ့။ [I] ၄၃ ထိုအခါ ​ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်း သကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတံ့။ [J] ကြားစရာ နားရှိသောသူ မည်သည်ကား ကြားပါစေ။


ဝှက်ထားသောဘဏ္ဍာ

၄၄ တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သော စိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။


ကုန်သည်

၄၅ တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် မြတ်သော ပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။ ၄၆ ထိုကုန်သည်သည် အလွန် အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။


ပိုက်ကွန်

၄၇ တနည်းကား၊ ကောင်းကင် နိုင်ငံတော်သည် ပင်လယ်၌ ချ၍ အမျိုးမျိုးသော ငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့် တူ၏။၄၈ ငါးနှင့် အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသော ငါးကို ခြင်းထဲသို့ ရွေးချယ် ထည့်ထား၍၊ မကောင်းသော ငါးကို ပြင်သို့ ပစ်လိုက်ကြ၏။၄၉ ထိုနည်းတူ ကမ္ဘာအဆုံး၌ (at the end of the age) ကောင်းကင် တမန်တို့သည် ဆင်းလာပြီးလျှင်၊ ​ဖြောင့်မတ်သော သူတို့အထဲမှ ဆိုးသော သူတို့ကို နှုတ်ယူခွဲထား၍၊ ၅၀ ငိုကြွေးခြင်း၊ အံသွား ခဲကြိတ်ခြင်း ရှိရာ မီးဖို၌ ချကြလတံ့။၅၁ ဤအရာ အလုံးစုံတို့ကို သင်တို့သည် နားလည် ကြသလော၊ ဟုမေးတော်မူလျှင်၊ နားလည်ပါပြီ သခင်၊ ဟုတပည့်တော်တို့သည် လျှောက်ကြ၏။


အသစ်အဟောင်းထုတ်သော အိမ်ရှင်

၅၂ ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသော ကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူး အပြားပြားသော အသစ် အဟောင်းတို့ကို ထုတ်ဖော်သော အိမ်ရှင်နှင့် တူသည်၊ ဟုမိန့်တော်မူ၏။ ၅၃ ထိုဥပမာစကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှ ကြွသွားတော်မူ၏။


ယေရှု၏ ညီတော်နှမတော်များ

၅၄ ထိုနောက်မှ မိမိမြို့သို့ ရောက်တော်မူ၍ တရားစရပ်၌ ဆုံးမဩဝါဒ ပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်း ရှိကြသဖြင့် [K] ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း၊ အဘယ်မှာ ရသနည်း။ ၅၅ သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒ၊ ဟုဆိုကြသည် မဟုတ်လော။ [L] ၅၆ သူ့နှမများတို့သည်လည်း ငါတို့နှင့်အနီးအပါး နေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာရသနည်း၊ ဟုပြောဆိုလျက်၊ ၅၇ စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတပါး အခြားသော အရပ်၌ အသရေရှိသည်၊ ဟုထိုသူတို့အား မိန့်တော်မူ၏။ ၅၈ မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသော တန်ခိုးကို ပြတော်မမူ။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.