-
AA
+
🡀
|
🡂
ယောရှုမှတ်စာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောရှုမှတ်စာ
အခန်းကြီး ၁


ထာ၀ရဘုရားက ယောရှုကို ကတိပေးသောပြည် သိမ်းခိုင်း
CROSS REFERENCES






ထာဝရဘုရား၏ကျွန် မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေ လက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊ ငါ၏ကျွန် မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍ သင်နှင့်သင်၌ ပါသော ဤလူအပေါင်းတို့သည်၊ ယခုထ၍ ယော်ဒန်မြစ် တဘက်သို့ ကူးကြလော့။ ဣသရေလ အမျိုးသားတို့အား ငါပေးသော ပြည်ကို ဝင်စားကြလော့။ မောရှေအား ငါကတိရှိသည်အတိုင်း သင်တို့နင်း သမျှသော မြေကို သင်တို့အား ငါပေးမည်။ [A] တောကြီးမှစ၍ လေဗနုန် တောင်တိုင်အောင်၎င်း၊ ဥဖရတ် မြစ်ကြီးမှစ၍ ဟိတ္တိပြည် တလျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီး တိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။ သင့်အသက် တည်သည် ကာလပတ်လုံး သင့်ရှေ့မှာ အဘယ်သူမျှ မခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကိုမစွန့်၊ သင့်ကို ပစ်၍မထား။ [B] အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်၊ ဟုငါကျိန်ဆိုသော ပြည်ကို သင်သည် ဤလူတို့အား ဝေ၍ အမွေပေးရမည်။ သို့ဖြစ်၍ ငါ၏​ကျွန် မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်၊ ဟုစောင့်ရှောက်ခြင်းငှာ အားယူ၍ အလွန်ရဲရင့်ခြင်း ရှိလော့၊ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့၊ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။ ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်၊ ဟုစောင့်ရှောက်ခြင်း အလိုငှာ ကျမ်းစာကို မဖတ်မရွတ်ဘဲ မနေ၊ နေ့ညမပြတ် ကြည့်ရှု ဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ သင့်ကို ငါမှာထားသည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ ဘုရားသခင် ထာဝရဘုရား ရှိသည်၊ ဟုမိန့်တော်မူ၏။


ယောရှုသည် ယောဒန်မြစ်ကူးဖို့ အသင့်ပြင်ခိုင်း

၁၀ ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ်၍ ၁၁ တပ်တလျှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဝင်စားခြင်းငှာ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့၊ ဟုမှာထားလေ၏။


ရုဗင်၊ ဂဒ်နှင့် မနာရှေအမျိုးများကိုမှာ

၁၂ တဖန်ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား။ မနာရှေ အမျိုးသား တဝက်တို့ကို ခေါ်၍ ၁၃ ထာဝရဘုရား၏ ​ကျွန်မောရှေသည်၊ သင်တို့အား မှာထားသော စကားဟူမူကား၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။ ၁၄ သင်တို့ သားမယား၊ သူငယ်များနှင့် တိရစ္ဆာန်များတို့သည် ယော်ဒန်မြစ် အရှေ့ဘက် မောရှေ ပေးသောပြည်၌ နေရစ်ရကြမည်။ ၁၅ ထာဝရဘုရားသည် သင်တို့အား နေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာ ချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်ကို သူတို့သည် မသိမ်း၊ မယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲ အပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ ညီအစ်ကိုများရှေ့မှာ ကူး၍ မစကြရမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထို့နောက်မှ ထာဝရဘုရား၏​ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ ပေး၍၊ သင်တို့ပိုင်သော ပြည်သို့ ပြန်၍ ဝင်စားရကြမည်၊ ဟုပြောဆို၏။


ရုဗင်၊ ဂတ်နှင့် မနာရှေတို့က နားထောင်ဖို့ ကတိပေးကြ

၁၆ ထိုသူတို့ကလည်း ကိုယ်တော် မှာထားတော်မူသမျှကို ကျွန်တော်တို့ ပြုပါမည်၊ စေလွှတ်တော်မူ သမျှသော အရပ်သို့ သွားပါမည်၊ ၁၇ အရာရာတို့၌ မောရှေ၏ စကားကို နားထောင်သည်နည်းတူ ကိုယ်တော် စကားကိုလည်း နားထောင်ပါမည်၊ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော်၊ ၁၈ အာဏာတော်ကို ဆန်၍ မှာထားတော်မူ သမျှသော စကားကို နားမထောင်သူ မည်သည်ကား အသေသတ်ခြင်းကို ခံရစေမည်။ သို့ဖြစ်၍ အားယူတော်မူပါ၊ ရဲရင့်ခြင်းရှိတော်မူပါ၊ ဟုယောရှုအား ပြန်လျှောက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.