-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၇


လူသည် မြေကြီးပေါ်မှာ ပင်ပန်းဘို့

လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာ အမှုထမ်းရသည် မဟုတ်လော၊၊ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည် မဟုတ်လော၊၊ ​ကျွန်ခံရသောသူသည် မိုးချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊ ထိုနည်းတူ ငါသည် ဒုက္ခနေ့လတို့နှင့် ဆိုင်ရ၏၊၊ ပင်ပန်းစွာ ခံရသောည တို့သည်လည်း ငါ၏အငန်းအတာ ဖြစ်၏၊၊ အဘယ်အခါမှ ညကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏၊၊ မိုးလင်းသည် တိုင်အောင် လှိမ့်လျက်လူးလျက် နေရ၏၊၊


အိပ်လျှင်လည်း ကြောက်မက်ဘွယ် အိပ်မက်ပေး

လောက်ကောင်နှင့် ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏၊၊ ငါ့အရေသည် ကွဲ၍ ယိလျက်ရှိ၏၊၊ ငါ့နေ့ရက်တို့သည် ရက်ကန်း လွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ [A]လွန်သွားတတ်ကြ၏၊၊ ငါ့အသက်သည် လေသက်သက် ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ၊၊ နောက်တဖန် ကောင်းသောအကျိုးကို ငါမမြင်ရ၊၊ ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ၊၊ ကိုယ်တော်သည် ကြည့်ရှု တော်မူသောအခါ ငါပျောက်ပါပြီ၊၊ မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ၊၊ ၁၀ မိမိအိမ်သို့ မပြန်ရ၊၊ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ၊၊ ၁၁ ထိုကြောင့် ငါသည် ကိုယ်နှုတ်ကို မချုပ်တည်း၊ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏၊၊ အလွန်ညှိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏။

၁၂ ငါသည် ပင်လယ် ဖြစ်သလော၊၊ နဂါး ဖြစ်သလော၊၊ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့် ထားတော်မူရသလော၊၊ ၁၃ ငါသည်အိပ်၍ သက်သာမည်၊၊ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင် ၁၄ ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကို ပေးတော်မူ၏၊၊ ညရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏၊၊


ယောဘသည် သေခြင်းအခွင့်သာ၍ လိုချင်
CROSS REFERENCES






၁၅ ငါသည် ကိုယ်အရိုးကို နှမြောသည်ထက်၊ အသက်ချုပ်၍ သေရသောအခွင့်ကို သာ၍ တောင့်တပါ၏၊၊ ၁၆ ငါသည် အားလျော့လျက်ရှိ၏၊၊ အစဉ်မပြတ် အသက်မရှင်ရာ၊၊ ငါ့ကို တတ်တိုင်းရှိစေတော်မူပါ၊၊ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏၊၊ ၁၇ ကိုယ်တော်သည် လူကို ပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊ ၁၈ သူ့ကို နံနက်တိုင်း အကြည့်အရှု ကြွလာ၍၊ ခဏခဏ စုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူ ဖြစ်ပါသနည်း၊၊ [B] ၁၉ အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း၊၊ ငါသည် ကိုယ်တံထွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း၊၊


ယောဘ ဘုရားကို အပြစ်မြင်

၂၀ လူကို စောင့်တော်မူသော အရှင်၊ အ​ကျွန်ုပ် အပြစ်ရှိသည် မှန်ပါစေတော့၊၊ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း၊၊ အ​ကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံ့ရှာရသည်တိုင်အောင် အ​ကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။ ၂၁ အ​ကျွန်ုပ် ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အ​ကျွန်ုပ် အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အ​ကျွန်ုပ်သည် မြေမှုန့်၌ အိပ်ရပါ၏။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ အ​ကျွန်ုပ်မရှိပါဟု မြွက်ဆိုသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.