-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၄၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၄၂


ယောဘသည် ထာ၀ရဘုရားထံ နောင်တရ

ယောဘသည် ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မတားဆီးနိုင်ကြောင်းကို၎င်း၊ အ​ကျွန်ုပ်သိပါ၏၊၊ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း၊၊ သို့ရာတွင်အ​ကျွန်ုပ်သည် နားမလည်သော အရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံဩ၍မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ၊၊ နားထောင်တော်မူပါ၊၊ အ​ကျွန်ုပ် လျှောက်ပါမည်၊၊ အ​ကျွန်ုပ်မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ၊၊ သီတင်းတော်ကိုအ​ကျွန်ုပ်သည် နားနှင့် ကြားဘူးပါပြီ၊၊ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏၊၊ ထိုကြောင့် အ​ကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏၊၊ မြေမှုန့်နှင့်မီးဖိုပြာ၌ ထိုင်၍ နောင်တရပါ၏ဟု လျှောက်တင်လေ၏၊၊


ထာ၀ရဘုရားက ယောဘအဆွေများကို ယဇ်ပူဇော်ခိုင်း

ထိုသို့ ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း၊ သင်နှင့်သင်၏အဆွေ ခင်ပွန်း နှစ်ယောက်ကို ငါအမျက်ထွက်၏၊၊ အကြောင်းမူကား ငါ​ကျွန် ယောဘသည်၊ ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မပြော၊၊ သို့ဖြစ်၍ နွားထီး ခုနစ်ကောင်နှင့် သိုးထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့​ကျွန် ယောဘထံသို့သွား၍ မိမိတို့ အဘို့ မီးရှို့ရာယဇ်ကို ပူဇော်ကြလော့၊၊ ငါ့​ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်၊၊ သူ၏မျက်နှာကို ငါထောက်မည်၊၊ သို့မဟုတ် ငါ့​ကျွန်ယောဘသည် ငါ့အကြောင်းအရာကို ဟုတ်မှန်စွာ ပြောသကဲ့သို့၊ သင်တို့သည် မပြောသော အပြစ်နှင့် အလျောက် ငါစီရင်မည်ဟု မိန့်တော်မူ၏၊၊


ယောဘအဆွေများယဇ်ပူဇော်

ထိုသို့ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတို့သည်လည်း သွား၍ ပြုကြ၏၊၊ ထာဝရဘုရားသည်လည်း ယောဘ၏ မျက်နှာကို ထောက်တော်မူ၏။ ၁၀ ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ သူခံရသော ဒုက္ခအကြောင်းကို၊ ထာဝရဘုရားသည် ပယ်ရှင်း၍ အရင်ထက် နှစ်ဆသော ဥစ္စာကို ပေးတော်မူ၏၊၊ ၁၁ ထိုအခါ သူ၏ညီအစ်ကို နှမများ၊ အရင်သိ​ကျွမ်းသော သူများအပေါင်းတို့သည် သူထံသို့လာ၍၊ သူ၏အိမ်၌ သူနှင့်အတူ စားသောက်ကြ၏၊၊ သူ့အပေါ်မှာ ထာဝရဘုရား ရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍၊ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏၊၊ ထိုသူအပေါင်းတို့သည်လည်း ငွေတပြားစီနှင့် ရွှေနားတောင်းတဘက်စီ ပေးကြ၏၊၊


ဘုရားကယောဘကို နှစ်ဆကောင်းကြီးပေး

၁၂ ထိုသို့ ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းကြီး ပေးတော်မူသဖြင့်၊ သူသည် သိုးတသောင်းလေးထောင်၊ ကုလားအုပ်​ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏၊၊ ၁၃ သားခုနစ်ယောက်နှင့် သမီးသုံးယောက်လည်း ရပြန်၏၊၊ ၁၄ သမီးကြီးကား ယေမိမ(Jemimah)၊ သမီးလပ်ကား ကေဇိ(Keziah)၊ သမီးငယ်ကား ကေရင်္ဟပ္ပုတ် (Keren-Happuch) အမည်ရှိသတည်း၊၊ ၁၅ တပြည်လုံး၌ ယောဘ၏ သမီးကဲ့သို့လှသော မိန်းမ တစုံတယောက်မျှမရှိ၊၊ သူတို့၏အဘသည် သူတို့မောင်များနှင့် အညီအမျှသူတို့အား အမွေဥစ္စာကို ဝေပေးလေ၏၊၊ ၁၆ ထိုနောက် ယောဘသည်အ နှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသားမြေး၊ မြစ်တို့ကိုပင်မြင်ရပြီးမှ ၁၇ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော် အနိစ္စရောက်လေ၏၊၊

ယောဘဝတ္ထုပြီး၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.