-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၁၅


ဧလိဖတ်က ယောဘကို အပြစ်တင်

တဖန် တေမန်အမျိုးသား ဧလိဖတ် မြွက်ဆိုသည်ကား၊ ပညာရှိသော သူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့် ပြည့်စေသင့်သလော။ အကျိုးမဲ့သော စကား၊ ကျေးဇူး မပြုနိုင်သော စကားနှင့် ဆွေးနွေးသင့်သလော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အကျင့်၌ အကျိုးမရှိ၊ ဟုဆိုလို၏။ ဆုတောင်း ပဌနာပြုရာဝတ်ကို ဆီးတားတတ်၏၊၊ သင်သည် ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဖော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။ ငါသည်သင့်ကို အပြစ်မတင်၊ သင့်နှုတ်သည် သင့်ကို အပြစ်တင်၏၊၊ သင့်နှုတ်ခမ်းတို့သည် သင့်တစ်ဖက်၌ သက်သေခံ၏။ သင်သည် အဦးဆုံး ဖွားသောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီ သင့်ကို ဖန်ဆင်းသလော။ ဘုရားသခင်နှင့် တိတ်ဆိတ်စွာ တိုင်ပင်ဖူးသလော။ ပညာကို ကိုယ်၌ အကုန်အစင် သိမ်းထားပြီလော။ ငါတို့မသိ၊ သင်သိသော အရာ မည်မျှရှိသနည်း။ ငါတို့၌ မပါ၊ သင်နားလည်သော အရာ မည်မျှရှိသနည်း။ ၁၀ သင့်အဘထက် အသက်ကြီးသောသူ၊ ဆံပင်ဖြူသော သူတို့သည် ငါတို့တွင် ရှိကြ၏။ ၁၁ သင်၌ ဘုရားသခင် ပေးတော်မူသော သက်သာခြင်း အကြောင်း နည်းသလော။ သင်၌ ဝှက်ထားသော အမှု တစ်စုံတခု ရှိသလော။ ၁၂ ကိုယ်အလိုသို့ လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုး သနည်း။ ၁၃ သင်၏ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၍၊ နှုတ်နှင့် ပြစ်မှားပေ၏။


လူမိန်းမ ဖွားသူသည် မဖြောင့်မတ်
CROSS REFERENCES






၁၄ လူသည် အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသော သူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ ၁၅ ဘုရားသခင်သည် မိမိ သန့်ရှင်းသူ [A] တို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌ မစင်ကြယ်။ ၁၆ သို့ဖြစ်လျှင်၊ ရေကို သောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ် ရွံ့ရှာဖွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဖွယ် ရှိသနည်း။


ဆိုးသောသူ၊ ညှဉ်းဆဲတတ်သောသူ
CROSS REFERENCES





CROSS REFERENCES






၁၇ ငါ့စကားကို နားထောင်လော့။ ၁၈ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုး တမျိုးတည်းလျှင် မြေကို ပိုင်သောပညာရှိတို့သည်၊ ၁၉ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဖူးသောအရာ၊ ငါကိုယ်တိုင် မြင်သောအရာကို ငါပြသမည်၊၊ ၂၀ ဆိုးသောသူသည် တစ်သက်လုံး ဒုက္ခဆင်းရဲကို ခံရ၏၊၊ ညှဉ်းဆဲတတ်သော သူသည် မိမိအသက် အပိုင်းအခြားကို မသိရ၊၊ ၂၁ သူသည် ကြောက်မက်ဖွယ်သော အသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင် ဖျက်ဆီးသော သူသည် လာတတ်၏။ ၂၂ မှောင်မိုက်ထဲမှာ ဘေးလွတ်မည်၊ ဟုမျှော်လင့်စရာမရှိ။ ဓါးသည့်သူကို ချောင်းမြောင်းလျက် ရှိ၏၊၊ ၂၃ စားစရာကို ရှာ၍ လှည့်လည်ရ၏။ မိမိအဖို့ မှောင်မိုက်သော ကာလသည် အသင့်ရှိသည်ကို သိ၏။ ၂၄ ဆင်းရဲခြင်း ဒုက္ခနှင့် နာကြဉ်းခြင်း ဝေဒနာတို့သည် ထိုသူကို ခြောက်တတ်၏။ စစ်တိုက်ခြင်းငှာ အသင့်နေသော ရှင်ဘုရင်ကဲ့သို့၊ သူ့ကို နိုင်တတ်၏။ ၂၅ အကြောင်းမူကား ထိုသူသည်ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် [B] တဘက်က နေ၍ ကိုယ်ကို ခိုင်ခံ့စေ၏။ ၂၆ လည်ပင်းကို ဆန့်လျက်၊ ထူသော ဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှာ ပြေး၏။ ၂၇ မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍ ဝမ်းပျဉ်းအသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့် နေသည်။ ၂၈ သို့သော်လည်း လူဆိတ်သောမြို့ အဘယ်သူမျှ မနေ။ ၂၉ လဲလုသော အိမ်တို့၌ သူသည် နေရ၏၊၊ ငွေ မရတတ်ရ၊ သူ၏စည်းစိမ် မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွားရ။ ၃၀ သူသည် မှောင်မိုက်ဘေးနှင့် မလွတ်ရ။ မီးလျှံသည် သူ၏ အခက်လက်တို့ကို လောင်လိမ့်မည်၊၊ ဘုရားသခင်၏ နှုတ်တော် အသက်အားဖြင့်သုတ်သင် ဖယ်ရှင်းခြင်းကို ခံရ၏။ ၃၁ အဘယ်သူမျှ လှည့်စားခြင်းကို ခံရ၍ အနတ္တကို မခိုလှုံစေနှင့်။ [C]သို့မဟုတ် အနတ္တ အကျိုးကို ခံရလိမ့်မည်။ ၃၂ အချိန်မစေ့မှီ ဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်းရာ။ ၃၃ စပျစ်နွယ်ပင် ကဲ့သို့မိမိ၌ မမှည့်သော အသီးကို၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း၊ ချွေရလိမ့်မည်။ ၃၄ အဓမ္မလူ၏ အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသော သူတို့၏ နေရာသည် မီးလောင်လိမ့်မည်။ ၃၅ ထိုသူတို့သည် မကောင်းသော အကြံကို ပဋိသန္ဓေယူ၍ အနတ္တကို ဖွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌ မုသာကို ကိုယ်ဝန်ဆောင်တတ်သည်၊ ဟုမြွက်ဆို၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.