-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၃၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၃၅



တဖန်ဧလိဟု ဆက်၍ မြွက်ဆိုသည်ကား၊ ငါသည် ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသောစကား မှန်သည် ထင်သလော၊၊ သင်ကငါသည် အဘယ်အကျိုးကို ရသနည်း၊၊ ဒုစရိုက်ကိုမပြုဘဲ နေလျှင် အဘယ်ကျေးဇူးရှိသနည်းဟု ဆိုလို၏၊၊ သင်နှင့်သင်၏ အပေါင်းအဖေါ်တို့ စကားကို ငါချေပါမည်၊၊ မိုးကောင်းကင်ကိုမျှော်၍ သင့်ထက်မြင့်သော မိုးတိမ်တို့ကို ကြည့်ရှုလော့၊၊ သင်သည် ဒုစရိုက်ကို ပြုသော်လည်း၊ ဘုရားသခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း၊၊ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ သင်သည် ​ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ ပြုစုနိုင်သနည်း၊၊ သင့်လက်မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း၊၊ သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏၊၊ သင်ပြုသော သုစရိုက်သည်လည်း လူသားတို့၌ သာကျေးဇူးပြုနိုင်၏၊၊

CROSS REFERENCES






များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏၊၊ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏၊၊ ၁၀ သို့သော်လည်း ငါ့ကိုဖန်ဆင်းတော်မူထသော ညအချိန်၌ သီချင်းဆိုရသော အခွင့်ကို ပေးတော်မူထသော၊ ၁၁ မြေတိရစ္ဆာန်နားလည်သည် ထက်သာ၍ နားလည်သော ဥာဏ်နှင့်၎င်း၊ မိုးကောင်းကင်ငှက်မရ၊ ထူးဆန်းသော ပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်၊၊ ၁၂ ထိုကြောင့် အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။ ၁၃ အကယ်စင်စစ် ဘုရားသခင်သည် အချဉ်းနှီးသော စကားကို နားထောင်တော်မမူ၊၊ အနန္တတန်ခိုးရှင် [A]သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏၊၊ ၁၄ ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့်လျက် နေလော့၊၊ ၁၅ ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ၊၊ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူသောကြောင့်၊ ၁၆ ယောဘသည် အချည်းနှီးသောစကားကို မြွက်ဆိုတတ်၏၊၊ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.