-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂၂


CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






တဖန် တေမန်အမျိုးသား ဧလိဖတ် မြွက်ဆိုသည်ကား၊ လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။ သင်၏ ​ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင်သည် [A]ကျေးဇူး ရှိတော်မူသလော။ သင်၏ အကျင့်၌ အပြစ်မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုးစီးပွား ရှိတော်မူသလော၊၊ သင့်ကို ကြောက်ရွံသောကြောင့် ဆုံးမ ပေးတော်မူမည်လော။ သင်နှင့် တရားတွေ့တော်မူမည်လော။ သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည် မဟုတ်လော။ သင်သည် ညီအစ်ကို ပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသော သူတို့၏အဝတ်ကိုလည်း ချွတ်ယူပြီ။ မောသောသူ သောက်ဘို့ ရေကိုမပေး၊ ငတ်မွတ်သောသူကို မ​ကျွေး၊၊ အားကြီးသော သူမူကား မြေကိုပိုင်ရ၏၊၊ ဂုဏ်အသရေ ရှိသောသူသည် နေရသောအခွင့်ကို ရ၏။ သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏ လက်ကိုချိုးပြီ၊၊ ၁၀ ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊၊ ထိတ်လန့်သော စိတ်နှင့် ပင်ပန်းရ၏။ ၁၁ မမြင်နိုင်သော မှောင်မိုက်သည် ညှဉ်းဆဲ၍ ပြင်းစွာစီးသော ရေသည် လွှမ်းမိုးရ၏။ ၁၂ ဘုရားသခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည် မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှလောက် မြင့်ကြသည် တကား။ ၁၃ သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသော တိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။ ၁၄ မမြင်နိုင်အောင် ထူထပ်သော တိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏၊၊ ကောင်းကင် စကြဝဠာထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏၊ ၁၅ ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊ ၁၆ အ​ခြေအမြစ် ပယ်ရှင်းခြင်းကို ခံရသောသူ တည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ ဟူ၍၎င်း၊ ၁၇ အနန္တတန်ခိုးရှင်သည် [A]ငါတို့အဘို့ အဘယ်သို့ ပြုနိုင်သနည်းဟူ၍၎င်း၊ ဆိုတတ်သော အဓမ္မလူတို့ လိုက်ဘူးသော လမ်းဟောင်းကို သင်သည် လိုက်ဦးမည်လော၊၊ ၁၈ သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏၊၊ မတရားသော သူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ၊၊ ၁၉ ​ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသော သူတို့သည် ထိုအဓမ္မလူတို့ကို ကဲ့ရဲ့တတ်ကြ၏၊၊ ၂၀ အကယ်စင်စစ် ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏၊၊ ၂၁ ဘုရားသခင်နှင့် အ​ကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ ၂၂ နှုတ်တော်ထွက် တရားကိုခံယူ၍ စကားတော်ကို နှလုံး၌ သွင်းပါလော့၊၊ ၂၃ အနန္တတန်ခိုးရှင် [A]ထံတော်သို့ ပြန်လာလျှင် [B] တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင်၊ ၂၄ ရွှေကို မြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကိုမြစ်၌ ရှိသော ကျောက်စရစ်ကဲ့သို့၎င်း၊ သိုထားရလိမ့်မည်။ ၂၅ ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာ ဖြစ်တော်မူလိမ့်မည်။ ၂၆ သင်သည် အနန္တတန်ခိုးရှင်၌ မွေ့လျော်၍ ဘုရားသခင်ကို ဖူးမြော်ရသော အခွင့်ရှိလိမ့်မည်၊၊ ၂၇ သင်ဆုတောင်းသောအခါ နားထောင်တော်မူမည်။ သစ္စာဂတိ ထားသည်အတိုင်း၊ သစ္စာဝတ် ​ဖြေရသောအခွင့် ရှိလိမ့်မည်၊၊ ၂၈ သင်ကြံစည်သော အကြံအစည်သည် ထမြောက်၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။ ၂၉ သူတပါးတို့သည် နှိမ့်ချခြင်းကို ခံရသောအခါ သင်ကချီးမြှောက်သော အခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။ ၃၀ အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသော အမှုသန့်ရှင်းသောအားဖြင့် သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.