-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂၄


CROSS REFERENCES





CROSS REFERENCES






အနန္တတန်ခိုးရှင် [A]သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း၊၊ နားလည်သောသူတို့သည် တရားစီရင် တော်မူရာနေ့ရက်ကို အဘယ်ကြောင့် မမြင်ရသနည်း၊၊ အချို့သောသူတို့သည် မြေမှတ်တိုင်တို့ကို ရွေ့တတ်ကြ၏၊၊ သူတပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏၊၊ မိဘမရှိသော သူငယ်၏ မြည်းကို မောင်းသွား၍ မုဆိုးမ၏နွားကို အပေါင်ယူကြ၏၊၊ ငတ်မွတ်သော သူတို့ကို လမ်းလွှဲစေကြ၏၊၊ ဆင်းရဲသော ပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏၊၊ သူတို့သည် အလုပ်လုပ်ခြင်းငှါ တော၌ ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏၊၊ စားစရာကို ရှာခြင်းငှါ နံနက်စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌ တွေ့ရကြ၏။ လယ်ပြင်၌ကား၊ ညှဉ်းဆဲသော သူ၏စပါးကို ရိတ်၍သူ၏ စပျစ်သီးကို သိမ်းရကြ၏၊၊ ချမ်းသောကာလ၌ ကိုယ်ကို ဖုံးလွှမ်းစရာအဝတ်မရှိ၊၊ အချည်းစည်း အိပ်ရကြ၏၊၊ [B] တည်းခိုးစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုးရေစိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏၊၊ အဘမရှိသော သူငယ်သည် အမိနို့နှင့် ကွာရ၏၊၊ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏၊၊ ၁၀ အဝတ်မရှိ အချည်းစည်း လှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏၊၊ ၁၁ သူတပါးအိမ်မှာ ဆီကိုကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏၊၊ ၁၂ လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏၊၊ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ ဆုတောင်းသော စကားကို ဘုရားသခင်သည် ပမာဏပြုတော် မမူ၊၊

၁၃ အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကို မသိ၊၊ လင်းသောလမ်းသို့ မလိုက်တတ်ကြ၊၊ ၁၄ လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏၊၊ ၁၅ ညအခါ သူခိုးလုပ်တတ်၏၊၊ သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍ မိမိမျက်နှာကို ဖုံးလျက် အဘယ်သူမျှ မမြင်ရဟု ဆိုတတ်၏၊၊ ၁၆ လူဆိုးတို့သည် ညအချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်း တတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကို ရှောင်တတ်ကြ၏၊၊ ၁၇ နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍ သေမင်းအရိပ် ကြောက်မက်ဘွယ်သော ဘေးတို့ကို သိရကြ၏၊၊ ၁၈ ရေပေါ်မှာ ပေါ့ပါးကြ၏၊၊ မြေပေါ်မှာ ကျိန်ဆဲသောအဘို့ကို ခံရ၍ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ၊၊ ၁၉ မိုးရေသည် ခန်း​ခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏၊၊ ၂၀ သူ၏အမိသည် သူ့ကို မေ့လျော့၍ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်၊၊ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ၊၊ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။

၂၁ မတရားသောသူသည် သားမဖွားသော မိန်းမကို ညှဉ်းဆဲတတ်၏၊၊ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်၊ ၂၂ အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏၊၊ ထသောအခါ လူတိုင်း ကိုယ်အသက်အဘို့ စိုးရိမ်တတ်၏၊ ၂၃ သို့ရာတွင် ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍ ထိုသို့သောသူတို့၏ အမှုများကို ပမာဏပြုတော်မူ၏၊၊ ၂၄ ခဏချီးမြှောက်ခြင်းသို့ရောက်၍ တဖန် ကွယ်ပျောက်ကြ၏၊၊ နှိမ့်ချခြင်းသို့ ရောက်သဖြင့်၊ အခြားသောသူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏၊၊ ၂၅ သို့မဟုတ်လျှင် ငါ၏ မုသာအပြစ်ကို အဘယ်သူပြမည်နည်း၊၊ ငါ၏စကားကို အဘယ်သူ ချေမည်နည်းဟု မြွက်ဆို၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.