-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၅


လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါမွေးဖွား
CROSS REFERENCES






ယခုဟစ်ခေါ်ပါ၊၊ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့ [A] တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။ ဒေါသသည် လူမိုက်ကို ဖျက်ဆီးတတ်၏၊၊ ပညာ မရှိသောသူသည်လည်း ငြူစူသော သဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏၊၊ မိုက်သောသူ အမြစ်စွဲသည်ကို ငါမြင်သောအခါ သူ၏နေရာကို ချက်ခြင်း ကျိန်ဆဲ၏၊၊ သူ၏ သားသမီးတို့သည် ဘေးလွတ်ရာ အရပ်နှင့် ဝေးကြ၏၊၊ ရုံးတော်ရှေ့ ၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ၊၊ သူရိတ်သော စပါးကို မွတ်သိပ်သောသူသည် ဆူးပင်ကာ သောခြံအထဲက ယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သောသူသည် မျိုတတ်၏၊၊ မြေမှုန့်ထဲက အမှုရောက်သည် မဟုတ်၊၊ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်၊၊ မီးပွားတို့သည် အထက်သို့ ပျံတတ်သည်နည်းတူ၊ လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဖွား၏၊၊


ငါမူကား ဘုရားကို မြော်လင့်မည်
CROSS REFERENCES






ငါမူကား ဘုရားသခင်ကို မြော်လင့်မည်၊၊ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်၊၊ ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍ မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှုတို့ကို ပြုတော်မူ၏၊၊ ၁၀ မြေပေါ်မှာ မိုးရွာစေသဖြင့် လယ်တို့၌ ရေကို ပေးတော်မူ၏၊ ၁၁ ထိုသို့နှိမ့်ချလျက်ရှိသော သူတို့ကို ချီးမြှောက်တော်မူ၏။ [B] ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာ စေတော်မူ၏၊၊ ၁၂ ပရိယာယ် ပြုသောသူတို့၏ အမှုကို မအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏၊၊ ၁၃ ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏၊၊ လှည့်စားတတ်သော သူတို့၏ တိုင်ပင်ခြင်းကို အချည်းနှီး ဖြစ်စေတော်မူ၏၊၊ ၁၄ ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညအခါ၌ ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာရကြ၏၊၊ ၁၅ ထိုသူတို့ စီရင်သော ဓါးဘေးမှ၎င်း၊ အားကြီးသော သူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ်တော်မူ၏၊၊ ၁၆ ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏၊၊ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏၊၊


အနန္တတန်ခိုးရှင်သည် နာစေ၍ အနာပျောက်စေ၏
CROSS REFERENCES






၁၇ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေးတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏၊၊ ထိုကြောင့် အနန္တတန်ခိုးရှင် [C] ဆုံးမတော်မူခြင်းကို မထီမဲ့မြင် မပြုပါနှင့်။ [D]၁၈ ထိုအရှင်သည် အနာကိုဖြစ်စေ၍ ထိုအနာကိုလည်း စည်းတော်မူ၏၊၊ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာ စေတော်မူ၏၊၊ ၁၉ သင့်ကို အမှုခြောက်ပါးထဲက နှုတ်ယူတော်မူသည် သာမက၊ ခုနစ်ပါးသော အမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ၊၊ ၂၀ အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ဓါးဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ်တော်မူလိမ့်မည်၊၊ ၂၁ သင်သည် ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍၊ ပျက်စီးခြင်း ဘေးရောက်သော်လည်း မကြောက်ရ၊၊ ၂၂ ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍၊ တောသားရဲတို့ကိုလည်း မကြောက်ရ၊၊ ၂၃ အကြောင်းမူကား၊ လယ်၌ ကျောက်ခဲတို့သည် သင်နှင့် ပဋိညာဉ်ပြု၍၊ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ ကြလိမ့်မည်၊၊ ၂၄ သင်သည် ကိုယ်အိမ်၌ ငြိမ်သက်ခြင်း ရှိကြောင်းကို တွေ့၍၊ ကိုယ်နေရာအရပ်သို့ ပြန်ရောက်သောအခါ စိတ်ပျက်စရာ အကြောင်းမရှိရ၊၊ ၂၅ သင်၌ သားသမီးများပြား၍ သင့်အမျိုးအနွယ်သည်၊ မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်၊၊ ၂၆ အချိန် တန်လျှင် သိမ်းယူသော ကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်၊၊ ၂၇ ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏၊၊ နားထောင်ပါ၊ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.