-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၃၃


CROSS REFERENCES






သို့ဖြစ်၍အိုယောဘ၊ ငါမြွက်ဆိုသော စကားအလုံးစုံတို့ကို နားထောင် နာယူပါလော့၊၊ ငါသည် ယခုနှုတ်ကိုဖွင့်၍ လျှာနှင့် မြွက်ဆိုသောအခါ၊၊ ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်၊၊ ငါနှုတ်သည် ရှင်းလင်းသော ပညာစကားကို မြွက်ဆိုလိမ့်မည်၊၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင်၏ အသက်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ၊၊ အနန္တတန်ခိုးရှင် [A]၏အသက်တော်သည် ငါ့ကို အသက်ရှည်တော်မူပြီ၊၊ သင်သည် တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့၊၊ ကိုယ်စကားကို ပြင်ဆင်လော့၊၊ ကြိုးစားလော့၊၊ ဘုရားသခင့် ရှေ့မှာ ငါသည်သင်နှင့်တူ၏၊၊ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏၊၊ သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ၊၊ သင့်အပေါ်မှာ ငါသည် လေးသောလက်ကို မတင်၊၊ အကယ်စင်စစ် သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသော စကားဟူမူကား၊ ငါသည် စင်ကြယ်သော သဘောရှိ၏၊၊ ပြစ်မှားခြင်းကိုမပြုတတ်၊၊ ငါ၌ အပြစ်မရှိ၊၊ သန့်ရှင်းခြင်းရှိ၏၊၊ ၁၀ ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏၊၊ ငါ့ကို ရန်သူကဲ့သို့ သိမှတ်တော်မူ၏၊၊ ၁၁ ငါ့ကို ထိတ်ခတ်တော်မူ၏၊၊ ငါထွက်ရာလမ်းရှိသမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။ ၁၂ ထိုသို့ဆိုသော် မှားပြီ။ ငါပြန်ပြောသော စကားဟူမူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူထက် ကြီးမြတ်တော်မူ၏။ ၁၃ ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြုသနည်း၊၊ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။


၁၄ ဘုရားသခင်သည် တကြိမ် မိန့်မြွက်တော်မူ၏၊၊ လူမရိပ်မိလျှင် နှစ်ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏၊၊ လူသည် အိပ်ရာပေါ်မှ ငိုက်လျက် အိပ်ပျော်လျက်နေသောအခါ အိပ်မက်မြင်၍ ညရှုပါရုံကို ခံရသောအားဖြင့်၊ ၁၆ ဘုရားသခင်သည် လူ၏နားကိုဖွင့်၍ ဆုံးမပေးတော်မူတတ်၏၊၊ ၁၇ ထိုသို့လူသည် မိမိအကြံကို စွန့်စေခြင်းငှါ၎င်း၊ မာန်မာနနှင့် ကင်းလွတ်စေခြင်းငှါ၎င်း၊ ပြုတော်မူ၏၊၊ ၁၈ သူ၏အသက်ကို သင်္ချိုင်းတွင်းမှ ကွယ်ကာ၍ ဓါးဘေးဖြင့် မသေစေခြင်းငှါ စောင့်မတော်၏၊၊


၁၉ လူသည် အိပ်ရာပေါ်မှာ နာခြင်းဝေဒနာကိုခံရ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ ကိုက်ခဲသဖြင့်၊ ၂၀ မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏၊၊ ၂၁ အသားအရေ ပိန်လျော့ကွယ်ပျောက်၍၊ မထင်ရှားဘူးသော အရိုးတို့လည်း ပေါ်ကြ၏၊၊ ၂၂ အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်းနားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လုပြီ၊၊ ၂၃ သို့ရာတွင် လူတို့အား တရားလမ်းကို ပြစေခြင်းငှါ၊ တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ်သော တမန်ရှိလျှင်၊ ၂၄ ဘုရားသခင်က သင်္ချိုင်းတွင်းထဲသို့ ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့၊၊ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊ ၂၅ ထိုသူသည် သူငယ်ထက် အသားအရေနုထွား၍ သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်၊၊ ၂၆ ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတော်ကို ခံရသဖြင့်၊ ဝမ်းမြောက်သော စိတ်နှင့်မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်၊၊ ​ဖြောင့်မတ်ခြင်း အကျိုးကိုလူတို့အား ဘုရားသခင် ပေးတော်မူတတ်၏၊ ၂၇ သူကလည်း ငါသည် ပြစ်မှားပါပြီ၊၊ မှန်သောတရားကို မှောက်ပါပြီ၊၊ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊ ၂၈ သင်္ချိုင်းတွင်းထဲသို့ ငါ့ကိုမဆင်းစေဘဲ ကယ်တင်တော်မူသဖြင့်၊ ငါ့အသက်သည် မှောင်မိုက်နှင့် လွတ်လျက်ရှိ၏ဟု လူတို့တွင် သီချင်းဆိုရလိမ့်မည်၊၊ ၂၉ ထိုသို့ ဘုရားသခင်သည် လူတို့၌ ရံခါရံခါ စီရင်တော်မူသဖြင့်၊ ၃၀ သင်္ချိုင်းတွင်းမှ နှုတ်ယူ၍၊ အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။ လူမှနှုတ်ယူ၍ အသက်ရှင်သော သူတို့၏ အလင်းနှင့် လင်းစေတော်မူ၏၊၊

၃၁ အိုယောဘ၊ ငါ့စကားကိုသတိနှင့် နားထောင်လော့၊၊ တိတ်ဆိတ်စွာနေလော့၊၊ ငါပြောပါမည်၊၊ ၃၂ သို့သော်လည်း ပြောစရာရှိလျှင် ပြန်ပြောလော့၊၊ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့၊၊ ၃၃ ပြောစရာမရှိလျှင် တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့၊၊ ပညာကို ငါသွန်သင်ပါမည်ဟု မြွက်ဆို၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.