-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၂၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂၇


CROSS REFERENCES





CROSS REFERENCES






ယောဘသည် လင်္ကာစကားကို ဆက်၍ မြွက်ဆိုသည်ကား၊ ငါ့ကို အမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင် [A]သည် အသက် ရှင်တော်မူသည်မှန်လျှင်၊ ငါ့အသက်ရှင်လျက်၊ ငါ့နှာခေါင်း၌ ဘုရားသခင် ပေးတော်မူသော အသက်တည်သမျှ ကာလပတ်လုံး၊ တစ်ခါမျှ အဓမ္မစကားကို ငါ့နှုတ်မမြွက်၊ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်၊၊ သင်တို့သဘော ဖြောင့်သည်ဟု ဝန်ခံသော စကားသည် ငါနှင့်ဝေးပါစေသော်၊၊ ငါသည် ကိုယ်သဘော ​ဖြောင့်သည်ကို သေသည်တိုင်အောင်မငြင်း၊၊ ငါသည် တရားသော အကျင့်လက်မလွှတ်၊ စွဲကိုင်လျက်နေမည်၊၊ အသက်ရှင်သမျှ ကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်ရ၊၊ ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မ​ဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော်၊၊ အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍ အသက်ဝိညာဉ်ကို ဘုရားသခင် နှုတ်တော်မူသောအခါ အဘယ် မျှော်လင့်စရာရှိသေးသနည်း၊၊ ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော၊ ၁၀ ထိုသူသည် အနန္တတန်ခိုးရှင်၌ [A] မွေ့လျော်လိမ့်မည်လော၊၊ ဘုရားသခင်ကို အစဉ်ပဌနာ ပြုလိမ့်မည်လော။

၁၁ ဘုရားသခင်၏ အမှုတော်တို့ကို သင်တို့အား ငါပြသမည်၊၊ အနန္တ တန်ခိုးရှင် ကြံစည်တော်မူသော အရာတို့ကို ငါထိမ်ဝှက်၍ မထား၊၊ ၁၂ သင်တို့သည် ကိုယ်တိုင်သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသော စိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း၊၊ ၁၃ လူဆိုးအား ဘုရားသခင် ပေးတော်မူသော ဆုလဒ်၊ ညှဉ်းဆဲတတ်သော သူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှာ ခံရသော အမွေဥစ္စာဟူမူကား၊ ၁၄ သူ၏ သားသမီး များပြားသော်လည်း ဓားစာဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း ခံကြရ၏။ ၁၅ သူ၌ ကျန်ကြွင်းသော သူတို့ကို သေမင်းသင်္ဂြိုလ်လိမ့်မည်၊၊ သူ၏ မုဆိုးမတို့သည် ငိုကြွေးခြင်းကို မပြုရကြ၏၊၊ ၁၆ သူသည် ငွေကို မြေမှုန့်ကဲ့သို့ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊ ၁၇ ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သောသူသည် ဝတ်ဆင်လိမ့်မည်၊၊ ထိုငွေကို အပြစ်ကင်းသောသူသည် ဝေငှလိမ့်မည်။ ၁၈ သူဆောက်သော အိမ်သည် ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းထဲကဲ့သို့၎င်း ဖြစ်၏၊၊ ၁၉ ထိုရတတ်သောသူသည် သေသောအခါ သင်္ဂြိုလ်ခြင်းကိုမခံရ၊၊ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ၊၊ ၂၀ ထသောရေကဲ့သို့ ဘေးဥပုဒ်တို့သည် သူ့ကို လိုက်တတ်၏။ ညအခါ မိုးသက်မုန်တိုင်း တိုက်သွားတတ်၏၊၊ ၂၁ အရှေ့လေလွင့်၍ သူသည် မိမိနေရာ၌ မတည်၊၊ လေအဟုန်ဖြင့် ပါသွားတတ်၏၊၊ ၂၂ ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှာ အလိုရှိလိမ့်မည်။ ၂၃ လူတို့သည် လက်ခုပ်တီး၍ ကဲ့ရဲ့သံကိုပြုလျက် သူ့ကို မောင်းကြလိမ့်မည်၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.