-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂


ယောဘ၏ ယုံကြည်ခြင်းကို ဘုရားက ဆက်ချီးမွမ်း
CROSS REFERENCES






တဖန် ဘုရားသခင်၏ သားတို့သည် ထာဝရဘုရား ထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန်ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရား ထံတော်၌ ခစားခြင်းငှါ သူတို့နှင့်အတူ လာ၏၊၊ ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်‌က မြေကြီးပေါ်မှ လှည့်လည်၍ အရပ်ရပ် သွားလာခြင်းအမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏၊၊ ထာဝရဘုရားကလည်း၊ ငါ့​ကျွန် ယောဘကို ဆင်ခြင်မိပြီလော၊၊ မြေကြီးပေါ်မှာ သူနှင့်တူသော သူတယောက်မျှ မရှိ၊၊ စုံလင် ​ဖြောင့်မတ်ပေ၏၊၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ [A] မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်၏၊၊ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေခြင်းငှါ၊ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည်​ ဖြောင့်မတ်သော သဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏၊၊


စာတန်က ယောဘကို အနာစိမ်းပေါက်စေ

စာတန်ကလည်း၊ အရေဘို့ အရေဟု ဆိုသကဲ့သို့၊ လူသည် မိမိအသက်ဘို့ မိမိဥစ္စာ ရှိသမျှကို ပေးပါလိမ့်မည်၊၊ ယခုတဖန် လက်တော်ကို ဆန့်၍၊ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏၊၊ ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏၊၊ သူ့အသက် တခုကိုသာ လွတ်စေဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရား ထံတော်မှ ထွက်သွား၍၊ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသော အနာစိမ်းများ တိုးပေါက်စေ၏၊၊ ယောဘသည် ကိုယ်ကို ခြစ်စရာအိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏၊၊


ယောဘသည် အနာစိမ်းကြောင့် ဘုရားကို အပြစ်မတင်

ထိုအခါ မယားက၊ သင်သည် ​ဖြောင့်မတ်သော တရားကို စွဲလမ်းသေးသလော၊၊ ဘုရားသခင်ကို စွန့်ပယ်(ကျိန်)၍ သေလော့ဟု ဆို၏၊၊ ၁၀ ယောဘကလည်း၊ မိန်းမမိုက် ပြောတတ်သကဲ့သို့ သင်သည် ပြော၏၊၊ အဘယ်သို့နည်း၊၊ ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏၊၊ ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ မမှားယွင်း၊


ယောဘ၏ အဆွေခင်ပွန်း သုံးယောက်ရောက်လာ

၁၁ ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖါ တည်းဟူသော ယောဘ၏ အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကို နှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏၊၊ ၁၂ ထိုသူတို့သည် အဝေးက မျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏၊၊ အသီးအသီး မိမိတို့ ဝတ်လုံကို ဆုတ်၍ မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှါ မိုးကောင်းကင်သို့ ပစ်တင်ကြ၏၊၊ ၁၃ ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍ သူသည် ပြင်းစွာသော ဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.