-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၄၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၄၀


ယောဘကထာ၀ရဘုရားကို မပြောဝံ့
CROSS REFERENCES






တဖန် ထာဝရဘုရားက အနန္တတန်ခိုးရှင် [A]ကို ဆုံးမသောသူသည် ဆန့်ကျင်ဘက် ပြုဦးမည်လော၊၊ ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊ ယောဘက အ​ကျွန်ုပ်သည် ဆိုးယုတ်ပါ၏၊၊ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း၊၊ အ​ကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့်ပိတ်ပါမည်၊၊ တကြိမ်ပြောမိပါမည်၊၊ တဖန်မပြောဝံ့ပါ၊၊ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ၊၊ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအားပြန်၍ လျှောက်လေ၏၊၊


ထာ၀ရဘုရားက ယောဘကို မေးခွန်းများမေး

တဖန် ထာဝရဘုရားသည် မိုးသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊ လူယောက်ျားကဲ့သို့ သင်၏ ခါးကိုစည်းလော့၊၊ ငါမေးမြန်းသော ပြသနာတို့ကိုဖြေလော့၊၊ သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော၊၊ သင်သည် ကိုယ်တိုင် ဖြောင့်မတ်ဟန် ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော၊၊ သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော၊၊ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုးချုန်းနိုင်သလော၊၊ ၁၀ ထူးဆန်းသော ဘုန်းတန်ခိုး အာနုဘော်ကို ဝတ်ဆောင်လော့၊၊ တင့်တယ်သော ဂုဏ်အသေရေနှင့် တန်ဆာဆင်လော့၊၊ ၁၁ သင်၏ အမျက်အရှိန်ကို လွှတ်လော့၊၊ ၁၂ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။ မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့၊ အဓမ္မလူတို့ကို နှိပ်နင်း၍၊ ၁၃ သူတို့ကိုမြေမှုန့်၌ တစုတည်းဝှက်ထားလော့။ သူတို့၏ မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့၊၊ ၁၄ သို့ပြုလျှင် သင်၏ လကျ်ာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်၊၊


ဘုရားက ယောဘကို ဗေဟမုတ်ကြည့်ရှုခိုင်း

၁၅ သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်(a) ကို ကြည့်ရှုလော့၊၊ ၁၆ နွားကဲ့သို့မြက်ကို စားတတ်၏၊၊ သူ၏ တန်ခိုးသည် ခါး၌၎င်း၊ သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း၊ တည်လျက်ရှိ၏၊၊ ၁၇ သူအမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏၊၊ ပေါင်ကြောတို့သည် အထပ်ထပ်ရှိကြ၏၊၊ ၁၈ အရိုးငယ်တို့သည် ကြေးဝါချောင်း၊ အရိုးကြီးတို့သည် သံတုံးကဲ့သို့ ဖြစ်ကြ၏၊၊ ၁၉ ဘုရားသခင် ဖန်ဆင်းသော သတ္တဝါတို့တွင် ထူးဆန်းသော သတ္တဝါဖြစ်၏၊၊ သူ့ကိုဖန်ဆင်းသော ဘုရားသာလျှင် သူ၏ တံစဉ်ကိုပေးပြီ၊၊ ၂၀ မြေတိရစ္ဆာန်အပေါင်းတို့၊ ကစားရာ တောင်ရိုးသည် သူ၏ကျက်စားရာအရပ် ဖြစ်၏၊၊ ၂၁ အရိပ်ကောင်းသော အပင်အောက်၊ ကျူပင်ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏၊၊ ၂၂ ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုးမ ခပင်တို့သည် ဝိုင်းကြ၏၊၊ ၂၃ မြစ်ရေထသော်လည်း သူသည်မပြေးတတ်၊၊ သူ၏ခံတွင်းကို ယော်ဒန် မြစ်ရေဝှေ့တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏၊၊ ၂၄ ထိုမြင်းကို ထင်ရှားစွာဖမ်းယူမည်လော၊၊ သူ၏နှာခေါင်းကို သံချိတ်နှင့် ဖောက်မည်လော၊၊

_________________________
Footnotes


(a) ဗေဟမုတ်(behemoth)သည် မြက်စား၍ ကြီးမားသော ရေသတ္တဝါဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.