-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂၁


ယောဘက သူ့စကားကို နားထောင်ခိုင်း

ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ငါ့စကားကို စေ့စေ့ နားထောင်၍ ငါ့အား နှစ်သိမ့်ခြင်းကို ပြုကြလော့၊၊ ငါပြောရသော အခွင့်ရှိစေခြင်းငှါ သည်းခံကြလော့၊၊ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့၊၊ ငါမြည်တမ်းသော အရာနှင့် လူဆိုင်သလော၊၊ အဘယ်ကြောင့် စိတ်မတိုသင့် သနည်း၊၊ ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော့၊၊ ငါသည် အောက်မေ့သောအခါ မိန်းမောတွေဝေ၍ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏၊၊


လူဆိုးတို့သည် ကောင်းစားတတ်၏
CROSS REFERENCES






လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြသနည်း။ သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့ အမျိုးအနွယ်သည် သူတို့ ရှေ့မှောက်၌၎င်း၊ နေရာကျကြ၏၊၊ သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏၊၊ ဘုရားသခင် ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။ ၁၀ သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏၊၊ နွားမသည်လည်း ဝမ်းပိုးမပျက် ဖွားတတ်၏၊၊ ၁၁ သူတို့သူငယ်များကို သိုးစုကဲ့သို့ လွှတ်၍ သားသမီးတို့သည် ကခုန်တတ်ကြ၏၊၊ ၁၂ သူတို့သည် ပတ်သာနှင့် စောင်းကိုတီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏၊၊ ၁၃ ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်း သေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏၊၊ ၁၄ ဘုရားသခင်အားလည်း ငါတို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏ တရားကို ငါတို့မသိလို ဟူ၍၎င်း၊ ၁၅ အနန္တတန်ခိုးရှင်သည် [A] အဘယ်သို့သောသူ ဖြစ်၍ငါတို့သည် ဝတ်ပြုရမည်နည်း၊၊ သူ့ကို ဆုတောင်းလျှင် အဘယ်ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏၊၊


မတရားသောသူတို့၌ ဖြစ်သောအရာ

၁၆ သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ၊၊ မတရားသော သူတို့၏ အကြံအစည်ကို ငါသည်ဝန်မခံ။ ၁၇ မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေး ဥပဒ်တို့ကို စီရင်တော်မူဖူးသည်ကို၎င်း၊ ၁၈ သူတို့သည် လေရှေ့မှာ အမှိုက်နှင့် မုန်တိုင်းတိုက်သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ် ဖြစ်ဖူးသည်ကို၎င်း၊ ၁၉ ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဖို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဖူး သည်ကို၎င်း၊ သူသည် ကိုယ်တိုင်သိ၍ ၂၀ ကိုယ်ပျက်စီးခြင်းကို ကိုယ်မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏ အမျက်တော်ကို သောက်စိမ့်သောငှါ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ်ကြလော့၊၊ ၂၁ သူနေရသောနှစ်၊ လစေ့သောအခါ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ဆိုင်သနည်း၊၊ ၂၂ မြင့်သောအရပ်၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကို အဘယ်သူ သွန်သင်လိမ့်မည်နည်း၊၊ ၂၃ တစ်ယောက်သောသူကား ခွန်အားနှင့် ပြည့်စုံလျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏၊၊ ၂၄ သူ၏နံဖေးတို့သည် ဆူဖြိုး၍ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။ ၂၅ တစ်ယောက်သောသူကား တစ်ခါမျှ မပျော်မွေ့၊ စိတ်ငြိုးငယ်လျက် သေတတ်၏၊၊ ၂၆ နှစ်ယောက်လုံးတို့သည် မခြားမနား မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။


ယောဘက ငါ့ကို အချည်းနှီး နှစ်သိမ့်ကြသည်ဟုဆို

၂၇ သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသောစိတ်နှင့် ဆင်ခြင်သော အရာတို့ကို ငါသိ၏၊၊ ၂၈ အာဏာ ထားတတ်သော သူ၏အိမ်သည် အဘယ်မှာ ရှိသနည်း၊ မတရားသော သူတို့၏ ဘုံဗိမာန်တို့သည် အဘယ်မှာ ရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့်မည်။ ၂၉ ခရီးသွားသော သူတို့ကို မမေးကြဘူးသလော။ ၃၀ ဖျက်ဆီးရာ နေ့ရက်ကာလဖို့ မတရားသောသူတို့သည် ယခု ဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာ နေ့ရက်ကာလဖို့ ယခု ထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသော သူတို့ လက္ခဏာသက်သေများကို မသိကြသလော။ ၃၁ သူပြုသော အမှုကို သူ့ရှေ့မှာ အဘယ်သူ ဖော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့် အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။ ၃၂ သူသည် သင်္ဂြိုလ်ခြင်းသို့ ရောက်၍ သူ၏ သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်၊ ၃၃ သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင် များစွာသော သူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်၊၊ ၃၄ သို့ဖြစ်၍ သင်တို့ ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ ငါ့ကို အချည်းနှီး နှစ်သိမ့် စေကြလိမ့်မည်နည်း၊ ဟုမြွက်ဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.