-
AA
+
🡀
|
🡂
ယောဘ၀တ္ထု
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယောဘ၀တ္ထု
အခန်းကြီး ၂၃


CROSS REFERENCES






-၂ ယောဘပြန်၍ မြွက်ဆိုသည်ကား၊ ယခု ငါပြင်းစွာ မြည်တမ်းသော်လည်း၊ ငါခံရသော ဒဏ်သည် သာ၍ ပြင်းပါ၏။ ဘုရားသခင်ကို တွေ့နိုင်သော အရပ်ကို ငါသိပါစေသော်။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော်။ ရှေ့တော်သို့ ရောက်မှ ငါသည် ကိုယ်အမှုကို ပြင်ဆင်၍၊ များစွာသော အကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။ ငါ့အား ပြန်ပြော မိန့်မြွက်တော်မူသော စကားတော်ကို ငါသိနားလည်ရ၏။ မဟာတန်ခိုးအားဖြင့် ငါနှင့် တရား တွေ့တော်မူမည်လော၊၊ တွေ့တော်မမူ၊၊ ငါ့စကားကို နားထောင်တော်မူမည်၊၊ ​ဖြောင့်မတ်သောသူသည် ရှေ့တော်၌ ဆွေးနွေးသော အခွင့်ရှိ၍ တရားရှင်သည် ငါ့အမှုကို အစဉ် ရှင်းလင်း စေတော်မူမည်။ ယခုမူကား၊ ငါတက်လျှင် ဘုရားသခင် ရှိတော်မမူ၊၊ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ၊ လုပ်တော်မူရာ လက်ဝဲဘက်သို့ သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ၊၊ လက်ယာဘက်၌ ပုန်းရှောင်လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ၊၊ ၁၀ သို့သော်လည်း ငါသွားသော လမ်းကို သိတော်မူ၏၊၊ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်၊၊ ၁၁ ​ခြေတော်ရာကို အစဉ်တစိုက် ငါလျှောက်သွား၍ ကြွတော်မူရာ လမ်းကို မလွှဲမရှောင် လိုက်ပါ၏၊၊ ၁၂ ထားတော်မူသော ပညတ်တို့ကို ငါမပယ်၊၊ နှုတ်တော်ထွက် စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏၊၊ ၁၃ သို့ရာတွင် သဘော တညီတည်း ရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲ စေနိုင်မည်နည်း၊၊ အလိုတော် ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်၊၊ ၁၄ ငါ့အငန်းအတာကို စီရင်တော်မူ၏၊၊ ထိုသို့သော အကြံအစည်တော် အများရှိကြ၏၊၊ ၁၅ ထိုကြောင့် ရှေ့တော်၌ ငါထိတ်လန့်လျက် နေ၍ ဆင်ခြင်သောအခါ ကိုယ်တော်ကို ကြောက်ရွှံ့ရ၏၊၊ ၁၆ ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင် [A]သည် ငါကြောက်ရွှံ့စေခြင်း ငှါ၎င်း ပြုတော်မူ၏၊၊ ၁၇ အကြောင်းမူကား၊ မှောင်မိုက်မရောက်မှီ ငါ့ကို ပယ်ရှင်းတော်မမူ၊၊ ထူထပ်သော မှောင်မိုက်မှ ငါ့ကို ကွယ်ကာ တော်မမူပါတကား၊၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.