-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၃


ရှောလမုန်မင်း ဖာရောသမီးနှင့် စုံဘက်

ရှောလမုန်သည် အဲဂုတ္တု ဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့် စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။ ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။ ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော် ဒါဝိဒ်၏ စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။


ရှောလမုန် ထာဝရဘုရားထံ ဉာဏ်ပညာတောင်း
CROSS REFERENCES






တရံရောအခါ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့ သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တစ်ထောင်ကို ပူဇော်လေ၏။ ထိုမြို့၌ ထာဝရဘုရားသည် ညအခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက် ငါပေးရမည့်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။ ရှောလမုန်ကလည်း ကိုယ်တော်၏ကျွန် အ​ကျွန်ုပ်၏ အဘဒါဝိဒ်သည် ရှေ့တော်၌ သဘော​ဖြောင့်၍ သမ္မာတရား၊ [A] ​ဖြောင့်မတ်ခြင်း တရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင် ရှိသည်အတိုင်း သူ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့် သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။ ယခုမှာ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အ​ကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော၊ ကိုယ်တော်၏ လူမျိုးကြီးအလယ်၌ ကိုယ်တော်ကျွန် ရှိပါ၏။ သို့ဖြစ်၍ ကိုယ်တော်​ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း၊ ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သော ဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက် များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။


ထာ၀ရဘုရားက ရှောလမုန်ကို ပညာ၊ စည်းစိမ်၊ ဂုဏ်ပေး

၁၀ ထိုသို့ ရှောလမုန် တောင်းလျှောက်သော ပဌနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။ ၁၁ ဘုရားသခင်ကလည်း သင်သည် တာရှည်သော အသက်ကိုမတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရား စီရင်ခြင်းငှာ တတ်နိုင်သော ဥာဏ်ကိုသာ ကိုယ်အဖို့ တောင်းလျှောက် သောကြောင့် ၁၂ သင်တောင်းလျှောက်သည် အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသော သူတစ်ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဥာဏ်ပညာနှင့် ပြည့်စုံသော စိတ်ဝိညာဉ်ကို သင့်အားငါပေး၏။ [B] ၁၃ ထိုမှတပါး သင်နှင့်တူသော ရှင်ဘုရင် တစ်ယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှာ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။ ၁၄ သင့်အဘ ဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက် ပညတ်တရားတို့ကို စောင့်ရှောက်လျှင် တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။ ၁၅ ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကို သိ၏။ တဖန် ယေရုရှင်လင်မြို့သို့ သွား၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ရှေ့မှာ ရပ်လျက် မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ​ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။


ပြည်တန်ဆာ မိန်းမနှစ်ယောက် သားလုကြ

၁၆ ထိုအခါ ပြည်တန်ဆာ မိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက် ၁၇ မိန်းမတစ်ယောက်က အိုအရှင် ​ကျွန်တော်မနှင့် ဤမိန်းမသည် တစ်အိမ်တည်း နေကြပါ၏။ တစ်အိမ်တည်း နေလျက်​ ကျွန်တော်မသည် သားမျက်နှာကို မြင်ပါ၏။ ၁၈ သုံးရက်လွန်မှ တဖန် ဤမိန်းမသည် သားမျက်နှာကို မြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့် ကျွန်တော်မ နှစ်ယောက်တည်းသာ ရှိပါ၏။ ၁၉ ဤမိန်းမသည် ညအခါ မိမိသားငယ်ကို ဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။ ၂၀ သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ်ပျော်စဉ်အခါ ​ကျွန်တော်မ သားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကို မူကား၊ ​ကျွန်မ၏ ရင်ခွင်၌ ထားပါ၏။ ၂၁ နံနက်အချိန်၌ ကျွန်တော်မသည် သားငယ်ကို နို့တိုက်မည် ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ​ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ ကြည့်ရှုသောအခါ၊ ​ကျွန်တော်မ ဖွားမြင်သော သားမဟုတ်ပါဟု လျှောက်၏။ ၂၂ အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သား ဖြစ်၏ဟုငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့မဟုတ်။ သေသော သူငယ်သည် သင်၏သား၊ အသက်ရှင်သော သူငယ်သည် ငါ့သားဖြစ်၏ဟု ဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်


ရှောလမုန် တရားစီရင်ခြင်းကို လူများကသိ၍ ရိုသေကြ

၂၃ ရှင်ဘုရင်က မိန်းမတစ်ယောက်က အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သား ဖြစ်၏ဟု ဆိုလျက် တစ်ယောက်က ထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သား အသက်ရှင်သည်ဟု ဆိုသည်ဖြစ်၍၊ ၂၄ ဓားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း ဓားကိုရှေ့တော်သို့ ယူခဲ့ကြ၏။ ၂၅ ရှင်ဘုရင်ကလည်း အသက်ရှင်သော သူငယ်ကိုခွဲ၍ ထိုမိန်းမတို့အား တစ်ယောက် တဝက်စီပေးလော့ဟု မိန့်တော်မူသော် ၂၆ အသက်ရှင်သော သူငယ်၏အမိသည် မိမိသားကို အလွန်သနား၍ အိုအရှင် အသက်ရှင်သော သူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန်လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟု ဆို၏။ ၂၇ ထိုအခါ ရှင်ဘုရင်က အသက်ရှင်သော သူငယ်ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟုမိန့်တော်မူ၏။ ၂၈ ထိုသို့ ရှင်ဘုရင် စီရင်တော်မူသည်အရာကို ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြားသိသောအခါ တရားစီရင်စေခြင်းငှာ ဘုရားသခင် ပေးတော်မူသော ဥာဏ်နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင်၍ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.