-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၅


အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု

နေဗတ်၏သား ယေရောဗောင် မင်းကြီး နန်းစံတဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏သမီး မာခါအမည်ရှိ၏။ ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော် ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည် မဟုတ်။ သို့သော်လည်း ဒါဝိဒ်၏ မျက်နှာကိုထောက်၍၊ သူ၏ ဘုရားသခင် ထာဝရဘုရားသည် ဆွေတော် မျိုးတော်ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်း စေတော်မူ၏။ အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံး ထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။ ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ အဘိယ ပြုမူသော အမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကိုခံလေ၏။ သားတော် အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။


အာသလေးဆယ်တနှစ်မင်းပြု

ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံနှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ်တနှစ်မင်းပြု၍ ယုဒပြည်ကို စိုးစံလေ၏။ ၁၀ အဖွားတော်ကား၊ အဘရှလုံ၏သမီး မာခါဖြစ်၏။ ၁၁ အာသသည် အဘိတော် ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရား ရှေ့တော်၌ တရားသဖြင့်ပြု၏။ ၁၂ ယောကျ်ားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကို၎င်း၊ ဘိုးတော် ဘေးတော်လုပ်သော ရုပ်တုရှိသမျှတို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။ ၁၃ အဖွားတော် မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကို နှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။ ၁၄ မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။ ၁၅ ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသောဥစ္စာ၊ ရွှေ၊ ငွေ၊ တန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။


အာသနှင့် ဣသရေလရှင် ဘုရင်ဗာရှာတို့ ရန်ဘက်ပြု

၁၆ အာသနှင့် ဣသရေလ ရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ ၁၇ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှါ ရာမမြို့ကိုတည်၏။ ၁၈ ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသသည်ယူ၍ မိမိ​ကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာနေသော ရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ ၁၉ ငါသည် သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါ၊ ဟုမှာလိုက်လေ၏။ ၂၀ အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည်နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။ ၂၁ ထိုသတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။ ၂၂ ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သား တယောက်မျှမလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကို ယူသွားကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။ ၂၃ အာသမင်းပြုမူသော အမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကို တည်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီးသောအခါ ခြေထောက်၌ အနာရောဂါစွဲသဖြင့်၊ ၂၄ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော် ယောရှုဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။


ယေရောဗောင်သား နာဒဒ်ဣသရေလနိုင်ငံ၌ မင်းပြု

၂၅ ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။ ၂၆ ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ ခမည်းတော် လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့လိုက်လေ၏။ ၂၇ ဣသခါအမျိုး၊ အဟိယသား ဗာရှာသည်သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလ သားအပေါင်းတို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊ ၂၈ ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။ ၂၉ နန်းထိုင်သောအခါ ယေရောဗောင် အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည် မိမိ​ကျွန်၊ ရှိလောသား အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ယောရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသော သူတယောက်ကိုမျှ မချန်မထား။ ၃၀ အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။ ၃၁ နာဒဒ်မင်းပြုမူသော အမှုအရာ ကြွင်းသမျှတို့သည် ဣသရေ လရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၃၂ အာသနှင့် ဣသရေလ ရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။ ၃၃ ယုဒရှင်ဘုရင် အာသ နန်းစံသုံးနှစ်တွင်၊ အဟိယသား ဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်လေးနှစ်စိုးစံ၏။ ၃၄ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင် လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.