-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၈


အာဟပ်မင်းမိုးခေါင်၍မြက်ရှာ
CROSS REFERENCES






ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ သင်သည် အာဟပ်မင်းအား သွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုးရွာစေမည်၊ ဟုမိန့်တော်မူသည့်အတိုင်း၊ ဧလိယသည် အာဟပ်မင်းအား ကိုယ်ကို ပြအံ့သောငှါ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအဟာရ ခေါင်းပါးခြင်း ဘေးရှိ၍၊ အာဟပ်မင်းသည် နန်းတော်အုပ် ဩဗဒိကို ခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့(a) [A]သောသူဖြစ်၏။ ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍​ ကျွေးလေ၏။ အာဟပ်ကလည်း၊ တပြည်လုံးသို့ လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာ အရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန် အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည် အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်၊ ဟုဩဗဒိအား ဆိုလျက်၊ သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။


ဧလိယက ဩဗဒိထံအာဟပ်မင်းနှင့် တွေ့ဘို့ပြောခိုင်း
CROSS REFERENCES






ဩဗဒိသည် သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အ​ကျွန်ုပ်သခင် ဧလိယ မှန်ပါသလော၊ ဟုမေးလျှင်၊ ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သော အရပ်၌ ရှိပါ၏၊ ဟုသင့်သခင်ထံသို့သွား၍ လျှောက်လော့၊ ဟုပြောဆိုသော်၊ ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည့်အကြောင်း၊ ကိုယ်တော်​ကျွန်သည် အဘယ်တို့ ပြစ်မှားဘိသနည်း။ ၁၀ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည့်အတိုင်း၊ ကိုယ်တော်ကို ရှာစေခြင်းငှါ ကျွန်ုပ်သခင် မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တ​ကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါ၊ ဟုလျှောက်ထားသောအခါ၊ ကိုယ်တော်ကိုရှာ၍ မတွေ့နိုင်၊ ဟုထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကို ခံရကြပါ၏။ ၁၁ ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏၊ ဟုသင့်သခင်ထံသို့သွား၍ လျှောက်လော့၊ ဟုမိန့်တော်မူပါသည်တကား။ ၁၂ အ​ကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အ​ကျွန်ုပ် မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အ​ကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန် မူကား၊ အသက် ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကို ကြောက်ရွံ့(a) ပါပြီ။ [B] ၁၃ ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို သတ်သောအခါ၊ အ​ကျွန်ုပ် ပြုသော အမှုတည်းဟူသော ထာဝရဘုရား၏ ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့် ရေကိုပေး၍ ကျွေးကြောင်းကို အ​ကျွန်ုပ်သခင် ကြားတော်မမူသလော။ ၁၄ ယခုမူကား၊ ဧလိယသည် ဤမည်သော အရပ်၌ရှိပါ၏၊ ဟုသင့်သခင်ထံသို့ သွား၍ လျှောက်လော့၊ ဟုကိုယ်တော် မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အ​ကျွန်ုပ်ကို သတ်ပါလိမ့်မည်၊ ဟုပြန်ဆို၏။


ဧလိယက အာဟပ်မင်းနှင့် ပရောဖက်များချိန်း

၁၅ ဧလိယကလည်း ငါကိုးကွယ်သော ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား အသက်ရှင်တော်မူသည့်အတိုင်း၊ ငါသည် ယနေ့ အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်၊ ဟုဆိုပြန်သော်၊ ၁၆ ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊ ၁၇ တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ယှက်သော သူမှန်သလော၊ ဟုမေးလျှင်၊ ၁၈ ဧလိယက၊ ငါသည် ဣသရေလ အမျိုးကို မနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရ ဘုရား၏ ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ်သဖြင့်၊ ဣသရေလ အမျိုးကို နှောင့်ယှက်ကြပြီ။ ၁၉ သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလ အမျိုးသား အပေါင်းတို့ကို၎င်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကို၎င်း၊ ယေဇဗေလ စားပွဲ၌ စားသော အာရှရ ပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့၊ ဟုဆိုသည်အတိုင်း၊ ၂၀ အာဟပ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ရှိရာသို့ လူကိုစေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလ တောင်ပေါ်မှာ စုဝေးစေ၏။


ဧလိယက ဗာလပရောဖက်များကို စိန်ခေါ်
CROSS REFERENCES






၂၁ ဧလိယသည် လူများရှိရာသို့လာ၍၊ သင်တို့သည် ဘာသာနှစ် ပါးစပ်ကြားမှာ အဘယ်မျှ ကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့၊ ဟုဆိုလျှင်၊ လူများတို့သည် တိတ်ဆိတ်စွာ နေကြ၏။ ၂၂ တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ ပရောဖက်ကား လေးရာငါးဆယ်ရှိကြ၏။ ၂၃ နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကိုလုပ်၍ ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။ ၂၄ သင်တို့သည် သင်တို့ ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏ နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူသော ဘုရားသည် ဘုရားသခင် မှန်ပါစေ၊ ဟု [C] လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်၊ ဟုဆိုကြ၏။


ဗာလပရောဖက်တို့ ဆုတောင်းသံထူးသူမရှိ

၂၅ တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့၊ ဟုဗာလ၏ ပရောဖက်တို့အား ဆိုသည်အတိုင်း၊ ၂၆ သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အ​ကျွန်ုပ်တို့အား ထူးတော်မူပါ၊ ဟုနံနက်အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ ၂၇ မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကိုလိုက်၍ ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက် သောသူသည် နိုးရမည်၊ ဟုပြက်ယယ်ပြု၍ ဆို၏။ ၂၈ သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစုံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကို လူးခြင်းငှါဓါး၊ သံစူးနှင့်ကိုယ်ကို ရှစေကြ၏။ ၂၉ မွန်းလွဲ၍ ညဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊


ဧလိယ ပူဇော်ခြင်းကို ဘုရားကမီးဖြင့် အဖြေပေး

၃၀ ဧလိယက၊ ငါ့အနီးသို့လာကြလော့၊ ဟုလူများတို့ကို ခေါ်သည့်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါ ဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊ ၃၁ သင်၏အမည်ကား ဣသရေလ ဖြစ်ရမည်ဟူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကို ယူ၍၊ ၃၂ ထာဝရဘုရား၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ မျိုးစေ့ နှစ်တင်းလောက် ဝင်နိုင်သော ကျူံးကို ယဇ်ပလ္လင်ပတ် လည်၌ တူးလေ၏။ ၃၃ ထင်းကိုစီ၍ နွားကိုလည်း အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ၏။ ၃၄ အိုးလေးလုံးကို ရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာ လောင်းကြလော့၊ ဟုဆိုသည့်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြဦးလော့၊ ဟုဆိုသည့်အတိုင်း သူတို့သည် လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင် လောင်းကြလော့၊ ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။ ၃၅ ရေသည် ယဇ်ပလ္လင်ပတ်လည်၌ စီး၍ ကျုံးသည်လည်း ရေနှင့်ပြည့် လေ၏။ ၃၆ ညဦးယံ ယဇ်ပူဇော်ချိန် ရောက်သောအခါ၊ ပရောဖက် ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို၎င်း၊ ယနေ့ သိကြပါစေသော်၊ ၃၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင် ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲ စေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အ​ကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါ၊ ဟုဆုတောင်းလေ၏။ ၃၈ ထိုအခါ ထာဝရဘုရား၏ မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ် အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ ရှိသောရေကိုလည်း ခန်း​ခြောက်စေ၏။ [D]


ဧလိယဆုတောင်း၍မိုးရွာ
CROSS REFERENCES






၃၉ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူ၏၊ [E]ဟုဝန်ခံကြ၏။ ၄၀ ဧလိယကလည်း၊ ဗာလ၏ ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်၊ ဟုစီရင်သည့်အတိုင်း၊ သူတို့ကိုဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။


၄၁ ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုးရွာမည့်အသံရှိသည်၊ ဟုအာဟပ်အား ပြောဆိုလျှင်၊ ၄၂ အာဟပ်သည် စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလ တောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာ ထားလျက်၊ ၄၃ မိမိ​ကျွန်အား သင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့၊ ဟုဆိုသည့်အတိုင်း၊ ​ကျွန်သည် တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှ မရှိပါ၊ ဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင် သွား၍ ကြည့်ရှုဦးလော့၊ ဟုဆို၏။ ၄၄ ခုနစ်ကြိမ် မြောက်သောအခါ၊ လူလက်နှင့်တူသော မိုးတိမ်ငယ် တခုသည် ပင်လယ်ထဲက တက်ပါ၏၊ ဟုဆိုသော်၊ အာဟပ် မင်းထံသို့သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့၊ ဟုမှာလိုက်လေ၏။ ၄၅ မကြာမမြင့်မှီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။ ၄၆ ထာဝရဘုရား၏ လက်တော်သည် ဧလိယအပေါ်မှာ ရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်းအရင် ယေဇရေလမြို့ တံခါးဝသို့ ပြေးလေ၏။

_________________________
Footnotes


၁၂ (a) မြန်မာကျမ်းစာအုပ်၌ "ရိုသေ" ဟုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.