-
AA
+
🡀
|
🡂
၃ ဓမ္မရာဇဝင်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၃ ဓမ္မရာဇဝင်
အခန်းကြီး ၁၇


ဧလိယအားဖြင့် ဘုရားကမိုးခေါင်စေ

ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံးမိုးမရွာ၊ နှင်းမကျရ၊ ဟုအာဟပ်မင်းအား မြွတ်ဆို၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဧလိယသို့ ရောက်လာသည်ကား၊ သင်သည် ဤအရပ်မှ ထွက်သွားလော့။ အရှေ့သို့ပြောင်း၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍ နေလော့။ ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကို ကျွေးမွေးမည်အကြောင်း ငါမှာထားပြီ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ဧလိယသည်သွား၍ ယော်ဒန်မြစ်တဘက်၊ ခေရိတ်ချောင်းနားမှာ နေလေ၏။ ကျီးအတို့သည် နေ့တိုင်း နံနက်တခါ၊ ညဦးတခါမုန့်နှင့် အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏။ နောက်တဖန် မိုးမရွာသောကြောင့် ချောင်းရေခန်း​ခြောက်လေ၏။ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရောက်လာသည်ကား၊ သင်ထလော့။ ဇိဒုန်ပြည်၊ ဇရတ္တမြို့သို့သွား၍ နေလော့။ ထိုမြို့၌ နေသော မုဆိုးမ တယောက်သည် သင့်ကို ​ကျွေးမွေးမည် အကြောင်း ငါမှာထားပြီ၊ ဟုမိန့်တော်မူသည်အတိုင်း၊


ဧလိယက မုဆိုးမထံရေနှင့် မုန့်တောင်း
CROSS REFERENCES






၁၀ ဧလိယသည် ထ၍ ဇရတ္တမြို့သို့ သွား၏။ မြို့တံခါးသို့ ရောက်သောအခါ၊ မုဆိုးမသည် ထင်းခွေလျက်ရှိ၏။ ဧလိယက၊ ငါသောက်စရာ ရေအနည်းငယ်ကို ခွက်နှင့် ယူခဲ့ပါလော့၊ ဟုဟစ်၍ ဆို၏။ ၁၁ မိန်းမသည် ရေကိုယူခြင်းငှါ သွားစဉ်တွင်၊ တဖန်ဟစ်၍ မုန့်တဖဲ့ကိုလည်း သင့်လက်၌ ယူခဲ့ပါလော့၊ ဟုဆိုပြန်လျှင်၊ ၁၂ မိန်းမက၊ သင်၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက် တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာ ရှိ၏။ ​ကျွန်မနှင့် သားငယ်အဘို့ ဖုတ်၍ စားလိုသောငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏၊ ဟုပြန်ပြော၏။ [A] ၁၃ ဧလိယကလည်း မစိုးရိမ်နှင့်။ [B]သင်ဆိုသည် အတိုင်းသွား၍ ပြုလော့။ သို့ရာတွ င်ငါ့အဘို့ မုန့်ပြားငယ်တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့်သင်၏ သားငယ်အဘို့ လုပ်လော့။ ၁၄ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ ရှိသော မုန့်ညက်မကုန်။ ဘူး၌ ရှိသော ဆီမလျော့ရ၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆို၏။


မုဆိုးမ၏သား အသက်ပြန်ရှင်စေ

၁၅ ထိုမုဆိုးမသည် သွား၍ ဧလိယ စကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန် ကာလပတ်လုံး စားရကြ၏။ ၁၆ ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသော စကားအတိုင်း၊ အိုး၌ ရှိသော မုန့်ညက်မကုန်၊ ဘူး၌ ရှိသောဆီမလျော့။ ၁၇ ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းပြစွာသော အနာရောဂါ စွဲသောကြောင့် အသက်ချုပ်၏။ ၁၈ မိန်းမကလည်း၊ အိုဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သို့ ဆိုင်သနည်း။ ​ကျွန်မအပြစ်တို့ကို အောက်မေ့စေ၍၊ ​ကျွန်မသားကို သတ်အံ့သောငှါ ကျွန်မဆီသို့ ကြွလာတော်မူသလော၊ ဟုဧလိယအား ဆိုသော်၊ ၁၉ သင်၏သားကို ငါ့အား ပေးလော့၊ ဟုဆိုလျက်၊ မိန်းမရင်ခွင်ထဲကယူ၍ မိမိနေရာ အထက်အခန်းသို့ ဆောင်သွားသဖြင့်၊ မိမိအိပ်ရာပေါ်မှာ ထားပြီးလျှင်၊ ၂၀ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ် တည်းခိုသော ဤမုဆိုးမ၌ ဘေးဥပဒ်ပြု၍၊ သူ၏သားကို သေစေတော်မူမည်လော၊ ဟုထာဝရဘုရားကို ကြွေးကြော်လေ၏။ ၂၁ တဖန် သူငယ်အပေါ်မှာ မိမိကိုယ်ကို သုံးကြိမ်လှန်လျက်၊ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ ဝိညာဉ်(a) ကို တဖန် ဝင်စေတော်မူပါဟု [C] ထာဝရဘုရားကို ကြွေးကြော်ပြန်၏။ ၂၂ ဧလိယစကားကို ထာဝရဘုရား ကြားတော်မူ၍၊ သူငယ်၏ ဝိညာဉ်သည် ဝင်သဖြင့်၊ သူသည် အသက်ရှင်ပြန်၏။ [D] ၂၃ ဧလိယသည် သူငယ်ကို အထက်အခန်းမှ အောက်သို့ယူသွား၍ ကြည့်လော့။ သင်၏သား အသက်ရှင်ပြီ၊ ဟုဆိုလျက် အမိ၌ အပ်လေ၏။ ၂၄ မိန်းမကလည်း၊ ဤအမှုကို ထောက်ထား၍ ကိုယ်တော်သည် ဘုရားသခင် ၏လူ ဖြစ်ကြောင်းကို၎င်း၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော် ဟုတ်မှန်ကြောင်းကို၎င်း၊ ​ကျွန်မသိပါသည်၊ ဟုဧလိယအားဆို၏။

_________________________
Footnotes


၂၁ (a) נֶֽפֶשׁ־ အင်္ဂလိပ်အသံထွက် ne·p̄eš- Soul or life ဝိညာဉ်သို့မဟုတ်အသက်


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.